မွေးလကပြောပြတဲ့ မိန်းကလေးတွေရဲ့ အကြောင်း…!
ပင်ကိုစရိုက်နဲ့ မွေးနေ့တွေက ဆက်စပ်နေတယ် လို့ လူအများက ယုံကြည်ကြပါတယ်။
ပင်ကိုစရိုက်နဲ့ အမူအကျင့်တွေက မွေးပြီး ပထမလကစ ဖြစ်ပေါ်လာတယ်လို့ စိတ်ပညာရှင်တွေက အခိုင်အမာ ပြောကြပါတယ်။
အဲဒါကြောင့် စရိုက်နဲ့ သဘောထားတွေက မွေးလပေါ်မှာ မူတည်တယ်လို့ ပြောနိုင်ပါတယ်။
ဇန်နဝါရီလတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်သူငယ်ချင်းတွေနဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ချစ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်ဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး စိတ်ရှည်တတ်လို့ပါ။ ဘယ်လိုလူပဲ ဖြစ်နေပါစေ အကြံပေးပြီး လက်ခံပေးလို့ပါ။
အဲဒါကြောင့် လူတွေက သင့်ရဲ့ စိတ်ထားလှလှလေးကို သဘောကျပြီး ချစ်သွားကြတာပါ။
ဖေဖော်ဝါရီလတွင် မွေးဖွားသည့် မိန်းကလေးများ
သင်ဟာ သူတစ်ပါး ကိစ္စကို သေချာနားထောင် ပေးတတ်သူဖြစ်ပြီး သူတစ်ပါးကို ကူညီဖို့ အမြဲအဆင်သင့် ဖြစ်နေသူပါ။
ဒီအချက်ကပဲ သင့်ရဲ့ သူငယ်ချင်းကောင်းတွေကို တိုးပွားစေတာပါ။ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးမှာ သင်ဟာ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ် ကောင်းပါတယ်။
သင့်အချစ်ကို လိုချင်သူတွေ တစ်ပုံကြီးပါပဲ။
မတ်လတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်ကို ပထမဆုံး တွေ့လိုက်တဲ့ အချိန်မှာပဲ အထင်ကြီးသွားအောင် အမြဲလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။
သင်ဟာ ဖြောင့်မတ်လို့ လူတွေက သင့်ကို စံပြအဖြစ် ထားတတ်ပါတယ်။ အချစ်ရေးမှာ သင်ဟာ စိတ်ရှည်၊ စိတ်ကူးယဉ်ဆန်ပြီး အပြောချိုသာ သူလေးလည်း ဖြစ်ပါတယ်။
ဧပြီလတွင် မွေးဖွားသည့် မိန်းကလေးများ
ဘဝမှာ မိဘနဲ့ သူငယ်ချင်းကို အရာရာထက် တန်ဖိုးထား ပါတယ်။ စိတ်ကို နိုင်နင်းလို့ ဝိတ်ချရင်တော့ မြန်မှာပါပဲ။
အချစ်ရေးမှာ သင်ဟာ ထက်မြတ်ပြီး ရှေ့ဆက်တိုးဖို့ ဘယ်တော့မှ မကြောက်တတ်သူပါ။
မေလတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်ဉာဏ်ရည်ကတော့ လူတကာထက်ကို သာပါတယ်။ သင်စိတ်မပါရင် ဘာဆိုဘာမှ လုပ်သူမဟုတ်ပါဘူး။
သင်ဟာ စမတ်ကျသူ ဖြစ်ပြီး လူတကာ ငေးလောက်အောင် ဆွဲဆောင်မှု ရှိပါတယ်။
ဇွန်လတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်ရဲ့ အချိန်တွေ၊ ငွေတွေကို တခြားသူတွေနဲ့ ဝေမျှချင်သူပါ။ သင့်သူငယ်ချင်းတွေ အခက်အခဲဖြစ်ပြီဆိုရင် သင့်ဆီကို အားကိုးဖို့ ရောက်လာတတ်ကြပါတယ်။
သင့်ရဲ့ တန်ဖိုးရှိတဲ့ စိတ်ထားကောင်းကပဲ လေးစားစရာ ကောင်းနေတာပါ။
ဂျူလိုင်လအတွင်း မွေးဖွားသည့် မိန်းကလေးများ
ရုပ်ရည်နဲ့ ပတ်သက်လို့ကတော့ လှပြီးသားပါပဲ။ သင့်မှာ ဝါသနာတွေ၊ စိတ်ဝင်စား ပြုလုပ်တဲ့အရာတွေများလို့ သင့်ရဲ့ အရည်အချင်းက အံ့မခန်းပါပဲ။
သင့်ရဲ့ ဖော်ရွေမှုနဲ့ အကောင်းမြင်တတ်တဲ့ စိတ်ထားလေးတွေကို လူတွေက သဘောကျ ကြပါတယ်။
ဩဂုတ်လတွင် မွေးဖွားသည့် မိန်းကလေးများ
ယောကျ်ား အများစုက သင့်ကိုမြင်မြင်ချင်း ချစ်သွားကြပါတယ်။ သင်ဟာ ဉာဏ်ပညာနဲ့ ပြည့်စုံလို့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက သင့်ကို အားကိုးချင်ကြပါတယ်။
လူတိုင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလိုသူလည်း ဖြစ်ပါတယ်။
စက်တင်ဘာလတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်ကို ဟန့်တားနိုင်တဲ့ အတားအဆီး ဆိုတာ မရှိသလောက်ပါပဲ။ ပြင်းပြတဲ့ သင့်ရဲ့စိတ်ထားကပဲ သင့်ကို အောင်မြင်တဲ့နေရာကို ပို့ဆောင်ပေးခဲ့တာပါ။
သင်ဟာ ရိုးသားပြီး တာဝန်ယူစိတ် ရှိလို့ သင့်စည်းကမ်းတွေကို လူတွေက လေးစားကြပါတယ်။
အောက်တိုဘာလတွင် မွေးဖွားသည့် မိန်းကလေးများ
လူအများစုက သင့်ကို ယုံကြည်ကြပါတယ်။ သင့်ဆီရောက်လာတဲ့ အန္တရာယ်တွေကိုတောင် ပါးပါးနပ်နပ် ဖြေရှင်းတတ်ပါတယ်။
လူအများကို အလေးထား ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလတွင် မွေးဖွားသည့် မိန်းကလေးများ
သင့်မိသားစုနဲ့ သူငယ်ချင်းတွေက သင်နဲ့ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်လို့ ခံစားရပါတယ်။ သင့်အပြုံးက နှစ်လိုဖွယ်ပါပဲ။
ဒါပေမယ့် သင်ဟာ ကတိမတည်တဲ့ လူတွေကို သင်ဟာပြတ်ပြတ်သားသား ကျောခိုင်းနိုင်ပါတယ်။
ဒီဇင်ဘာလတွင် မွေးဖွားသည့် မိန်းကလေးများ
ပျော်ရွှင်မှုတွေကို တခြားသူဆီ ဝေမျှ တတ်ပါတယ်။ လူအများစုကတော့ သင့်ကို ရွှေရောင် စိတ်ထားပိုင်ရှင်လို့ ပြောကြပါတယ်။
သင်ဟာ ဖော်ရွေတတ်လို့ ခင်မင်ချင်သူတွေ အများကြီးပါပဲ။
Zombie(Loveshortnotes)
Ref – Fabiosa