အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား




မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က ညနေမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ဝင်ရောက်ခဲ့ပြီလို့ ဆိုပါတယ်။

မေ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေ ၂၉ ရက်ကနေ ဇွန် ၃ ရက်အတွင်း မြန်မာပြည်အလယ်ပိုင်းဒေသတွေကို ဆက်လက်ဝင်ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဇလက ခန့်မှန်းထားပါတယ်။

ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ရှိနိုင်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

မေ ၂၅ ဒီနေ့အတွက် ခန့်မှန်းထားတာမှာတော့ တနိုင်ငံလုံးမှာ နေရာကွက်ကြားကနေ တကြိမ်နှစ်ကြိမ် ထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

Credit – dvb

Recent Updates

Recent Posts Widget