Credit-momolay
Unicode
မိုးမျှော်တိုက်ကြီးပေါ်မှာ မကြောက်မရွံ့ ဗီဒီယိုရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်တို့ စုံတွဲ
မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က တစနေ့ထက်တစ်နေ့ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်နေသူပဲ ဖြစ်ပါတယ်။
အောင်မြင်မှုတွေရလာတာနဲ့အမျှ သင်ဇာ့ရဲ့ အချစ်ရေးကလည်း ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံနေရတာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ အခုလက်ရှိမှာ နိုင်ငံခြားသားတစ်ဦးနဲ့ ချစ်သူတွေ ဖြစ်နေတာဖြစ်ပြီး LDRS အချစ်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်၊
အခုလက်ရှိမှာတော့ သင်ဇာ့ရဲ့ ချစ်သူ နိုင်ငံခြားသားလေးက မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး သင်ဇာနဲ့အတူတူ မြန်မာနိုင်ငံက အထင်ကရနေရာတွေကို သွားရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်၊
သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ဦးက ရန်ကုန်မြို့လည်ခေါင်မှာရှိတဲ့ Pullman Yangon Centrepoint ရဲ့ တိုက်ခေါင်မိုးပေါ်မှာ Drone လွှတ်ပြီး ဗီဒီယိုတစ်ခု ရိုက်ကူးခဲ့ပါသေးတယ်။
ပရိသတ်တေီအတွက် သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ရန်ကုန်မြို့လည်ခေါင်က မိုးမျှော်တိုက်ကြီးပေါ်မှာ မကြောက်မရွံ ဓာတ်ပုံရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်တို့ စုံတွဲ
သင်ဇာကတော့ သူမရဲ့ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း သင်ဇာဝင့်ကျော်တို့စုံတွဲရဲ့
ဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-momolay



