“အပေါ်ပိုင်းဗလာကျင်းပုံတွေ တင်ရောင်းနေတဲ့ ပေါင်တစ်သိန်းတန် ထီပေါက်ခဲ့သူလေး”
Jane Park ဟာ သူမရဲ့ အသက် ၁၇ နှစ်အရွယ်မှာ ပေါင် ၁ သိန်းတန်(မြန်မာငွေ သိန်း ၂ ထောင်ခန့်) ထီဆုကြီး ပေါက်ခဲ့တဲ့ ကံကောင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။
များပြားလွန်းတဲ့ ပိုက်ဆံတွေကို မထင်မှတ်တဲ့အချိန်မှာ ရုတ်တရက်ရသွားတဲ့အတွက် သူမနဲ့တစ်ဦးတည်းသော မိခင်အတွက်ကတော့ အိပ်မက်မက်နေသည့်အလား မယုံကြည်နိုင်ဖွယ်ကိစ္စရပ်ကြီးတစ်ခုပါ။
ကျောင်းပြီးအောင်ဆက်မတတ်ဘဲ မိခင်နဲ့လည်း သက်သက်ခွဲနေခဲ့ပြီး သူမရဲ့ရုပ်ရည်ပိုင်းဆိုင်ရာနဲ့ ဘဝင်မကျတဲ့ နေရာတွေ၊ ယုံကြည်မှုမရှိတဲ့နေရာတွေကို ခွဲစိတ်ပြုပြင်ခဲ့ပြီး ဘဝရဲ့နေ့ရက်တိုင်းကို သွားချင်တဲ့နေရာသွား၊ ဝယ်ချင်တာဝယ်ပြီး ပျော်ပျော်ကြီးဖြတ်သန်းနေခဲ့ပါတယ်။
ဟိုတလောတုန်းကလည်း Jane ဟာ သူမရဲ့ကံခေလှတဲ့အချစ်ရေးအကြောင်းကို ရင်ဖွင့်ခဲ့ပြီး ဘဝမှာ သူမရဲ့ပိုက်ဆံတွေကို မမက်ဘဲ လူကိုချစ်တဲ့ အစစ်အမှန်အမျိုးသားတစ်ယောက်ရဲ့ ချစ်သူဖြစ်ချင်ပါသေးတယ်ဆိုပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။
အသက်လေးကလည်းငယ်၊ ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီဖြစ်တာကြောင့် ဘဏ်စာအုပ်ထဲ ကိန်းကဏန်းတွေများတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် ဒီလိုတွေကြုံရတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ အချစ်ရေးမှာမကဘဲ ပေါင်းသင်းဆက်ဆံရေးမှာကလည်း ထိုနည်းတူစွာပါပဲတဲ့။
တစ်ယောက်တည်းနေနေရပြီး အမြဲတမ်းလိုလို အပြင်သွားလာပျော်ပါးနေရတာ ငြီးငွေ့လာပြီဖြစ်တာကြောင့် ပုံမှန်လူတွေလို အလုပ်တစ်ခုလောက် လိုချင်တယ်ဆိုပြီး မကြာသေးခင်က ပြောခဲ့ပါသေးတယ်။
လတ်တလောမှာတော့ Jane ရဲ့ အပေါ်ပိုင်း ဗလာကျင်းထားတဲ့ ဓာတ်ပုံွေကို ဓာတ်ပုံရောင်းတဲ့ ဆိုဒ်တစ်ခုမှာ တွေ့ခဲ့ရတာကြောင့် လူတော်တေော်များများက ထီပေါက်တဲ့ ပိုက်ဆံတွေ ကုန်သွားတာကြောင့် ဒီလိုဓာတ်ပုံတွေပါ ရောင်းစားနေရပြီဆိုပြီး ထင်ကြေးပေးနေကြပါတယ်။
ဒီအချက်ပေါ် Jane ရဲ့ တုန့်ပြန်မှုကတော့ သူမဒီလိုဓာတ်ပုံတွေကို တစ်ပုံကို ပေါင် ၅၀ နဲ့ ရောင်းစားနေတယ်ဆိုတာ မှန်ပေမယ့်လို့ ဒီကရောင်းရငွေတွေကို သူမအနေနဲ့တစ်ပြားတစ်ချပ်မှမထိဘဲ လိုအပ်တဲ့နေရာတွေဆီ လှူသွားဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေတာလို့ ပြောခဲ့ပါတယ်။
ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ အပေါ်ပိုင်းပုံတွေကို ဝယ်ကြည့်ရလောက်အောင် ပိုက်ဆံပေါနေသူတွေဆီက စားဖို့သောက်ဖို့တောင် အနိုင်နိုင်နဲ့လူတွေဆီကို ပြန်လှူရတာမို့ Robin Hood နဲ့တောင် တူပါသေသးတယ်ဆိုပြီး ဂုဏ်ယူစရာကောင်းကြောင်း ပြောခဲ့ပါသေးတယ်။
ထပ်မံပြီးသူမပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ လူတော်တော်များများ ထင်နေကြသလို ထီပေါက်တဲ့ ပိုက်ဆံတွေအကုန်လုံးကို သုံးလိုက်လို့ ကုန်သွားပြီဆိုတာလည်း မဟုတ်ဘဲ သူမမှာ မြေနေရာတော်တော်များများကို ဝယ်ယူထားခဲ့လို့ အဲဒီကနေ ငှားရမ်းခတွေ ရရှေိနေပြီး လုပ်ငန်းတော်တော်များများမှာလည်း ရှယ်ယာတွေဝင်၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့အတွက် သူမအတွက် စိတ်မပူကြဖို့ကို ဖြည့်စွက်ပြောခဲ့ပါတယ်။
အသက် ၁၇ နှစ်မှာ ထီပေါက်ခဲ့တဲ့အတွက် သူမဘဝမှာ အခက်အခဲတွေ၊ လူတွေရဲ့ ရှုံ့ချမှုတွေကို ခံခဲ့ရတာကြောင့် ထီဆိုင်ကိုတောင်မှပဲ တရားစွဲပစ်ချင်တဲ့အခေါက်တွေ ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုတွေ၊ အထီးကျန်မှုတွေကို မခံစားနိုင်တော့လို့ တစ်ယောက်တည်းနေရင်းက မိခင်ရင်ခွင်မှာ နားခိုဖိွုှ့တွက် နေနေတဲ့အိမ်ကိုပိတ်ကာ အရင်အိမ်မှာ ပြန်နေနေခဲ့ပါတယ်။
Source: Mirror







