၎ လအကြာကျင်းပမယ့် မလေးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးပွဲတော်ကြီး




ချိုအီမွှေးစိမ့်တဲ့ ဒူးရင်းသီးနံ့လေးတွေ လေပေါ်မှာ သင်းပျံ့လို့ လက်ညှိုးညွှန်ရာမလွဲ စိမ်းဝါရောင်လေးတွေနဲ့ ပြည့်နှက်နေမယ့် ပွဲတော်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။


ကျင်းပခဲ့တာ မကြာသေးတဲ့ မလေးရှားနိုင်ငံက ဒူးရင်းသီး ပွဲတော်ကြီးကတော့ ၂၀၁၉ ခုနှစ်ထဲ မေလမှ စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။


Facebook
ပထမတန်းစား Musand King လို့ခေါ်တဲ့ ဒူးရီးသီးမျိုးစိတ်၊ D24, Tekka, X.O, Black Thorn စတဲ့ ဒူးရင်းမျိုးစိတ်ပေါင်းများစွာကို ရောင်းချပေးမှာဖြစ်ပြီး တရားဝင်ပြောထားခြင်းမရှိပေမယ့်လည်း ဒီနှစ်မှာ ဒူးရင်းသီးကို အသီးလိုက်အပြင် ဒူးရင်းသီးနဲ့ပတ်သက်တဲ့ ရေခဲမုန့်တို့၊ ကော်ဖီတို့လိုမျိုးမုန့်မျိုးစုံလည်းရောင်းချပေးမယ်လို့ သတင်းတွေကြားနေပါတယ်။ ထပ်ပြီး ဒူးရင်းသီးတစ်မျိုးတည်းလည်းမဟုတ်ဘဲ တခြားသော ရာသီပေါ်အသီးအနှံတွေကိုလည်း ရောင်းချပေးဦးမှာဖြစ်လို့ ပွဲကျင်းပစဉ် မလေးရှားသာရောက်နေခဲ့ရင် ဆက်ဆက်သွားဖို့အတွက် အကြံပေးချင်ပါတယ်။


နေရာကတော့ Genting Grand ရဲ့ ၁၆ ထပ်က အပြင်ဘက်ကားပါကင်မှာ ကျင်းပမှာဖြစ်ပြီး မေလ ၂၅ ရက်နေ့မှစပြီး စက်တင်ဘာလ ၁၆ ရက်နေ့အထိ နေ့လည် ၁၂ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Fried Chillies
ဒူးရင်းသီးကြိုက်တဲ့လူတွေအတွက်ကတော့ နိဗ္ဗာန်တစ်ခုသဖွယ် မွှေးကြိုင်လှတဲ့ အနံ့လေးတွေနဲ့ သိပ်ကိုအရသာရှိစေမှာမှန်ပေမယ့်လို့ ဒူးရင်းသီးကို အနံ့တောင်မခံနိုင်သူများဖို့ကတော့ စိတ်မကောင်းစွာနဲ့ အဆောက်အအုံနားတောင် မကပ်ဖို့ အကြံပေးလိုက်ပါတယ်နော်။

Source: World of Buzz

Penny


Recent Updates

Recent Posts Widget