အကင်ခံရတော့မယ့် လိပ်လေးတွေကိုကယ်ပြီး ရေထဲလွှတ်ပေးခဲ့တဲ့ မေထွဋ်ခေါင်
တစ်ချိန်တုန်းက အနုပညာလောကမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မေထွဋ်ခေါင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး၊ ချစ်ရတဲ့ခင်ပွန်းရယ် ချစ်စရာသမီးလေးရယ်နဲ့အတူ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ကတော့ လတ်တလောမှာ အကင်ခံရတော့မယ့် လိပ်လေးတွေကိုကယ်ပြီး ရေထဲလွှတ်ပေးခဲ့တဲ့ အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ အကင်စားခံရတော့မယ့် ဈေးထဲကလိပ်လေးတွေကို လွှတ်ပေးခဲ့တဲ့ မေထွဋ်ခေါင်ကတော့ တကယ့်ကို လေးစားစရာစိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် ကင်ဖို့အတွက် ဖမ်းထားတဲ့ ဈေးထဲက လိပ်လေးတွေကို ဝယ်ပြီး ရေထဲလွှတ်ပေးခဲ့တဲ့ မေထွဋ်ခေါင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
လိပ်လေးတွေကို ကင်ထားတာ သနားစရာလေးတွေနော်…။
မေထွဋ်ခေါင်ကတော့ “သမီးလေးကျောင်းပို့ ပြီးတော့ ဈေးသွား ဈေးလဲရောက်ရော ဟယ် မဲမဲလေးတွေဘာတွေလဲမောင်လေးဆိုတော့ လိပ်ကင်ပါအမတဲ့ အမလေးဘုရား ဘုရား ငါသာမကယ်ရင် အောက်ကဟာလေးသုံးကောင် လဲ လိပ်ကင်ဘဝရောက်တော့မယ် ကဲ ကယ်တင်ရှင်ကြီးလာပြီဗျို့ အိမ်ဦးနတ်ကြီးရေ သာဓုခေါ် ဒီနေ့တော့ကန်ဇွန်းရွက်ကြော် 😂😂😂” ဆိုပြီး အကင်ခံရတော့မယ့် လိပ်လေးတွေကို ကယ်ပြီး ရေထဲလွှတ်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာပါ။
အရမ်းချစ်တတ်တဲ့ ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ရဲ့အိမ်ထောင်ရေးကလည်း အရမ်းကို စိတ်ချမ်းသာစရာ ကောင်းလွန်းလှပါတယ်။ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ကတော့ အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ဒီနေ့ထိတိုင် ရရှိနေဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အကင်ခံရတော့မယ့် လိပ်လေးတွေကို ဝယ်ပြီး လွှတ်ပေးခဲ့တဲ့ မေထွဋ်ခေါင်ရဲ့စိတ်ထားလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original






