သူမရဲ့သမီးေလးေတြနဲ႔ပက္သက္ၿပီး ေဝဖန္သူေတြကို ျပတ္ျပတ္သားသားေျပာဆိုလိုက္တဲ့ နႏၵာလွိုင္
သူမရဲ့သမီးေလးေတြနဲ႔ပက္သက္ၿပီး ေဝဖန္သူေတြကို ျပတ္ျပတ္သားသားေျပာဆိုလိုက္တဲ့ နႏၵာလွိုင္
အႏုပညာအလုပ္ေတြနဲ႔ေဝးကြာခဲ့တာ ဆယ္စုႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီနႏၵာလွိုင္ တစ္ေယာက္

သူမရဲ့သမီးေလးေတြနဲ႔ပက္သက္ၿပီးေဝဖန္ေျပာဆိုသူေတြကို သတိေပးထားတဲ့ စာေလး ေရးသားလိုက္တာပဲျဖစ္ပါတယ္။
ဘယ္မိဘမဆို ကိုယ့္သားသမီးကို အေကာင္းဆုံးျဖစ္ေစခ်င္ၾကတာ သဘာဝပါပဲ။
ကိုယ္ကေကာင္းေစခ်င္လို့ လုပ္ေပးတဲ့အရာေတြကို ဘယ္လိုေလးလုပ္လိုက္ပါလားဆိုၿပီး ေဝဖန္ေျပာဆိုတာေတြကို မိဘတိုင္းသေဘာမက်ၾကပါဘူး။
နႏၵာလွိုင္တစ္ေယာက္ သူမသမီးေလးေတြရဲ့ ပုံရိပ္ေလးေတြကို တင္တဲ့အခါတိုင္းမွာလည္း ေဝဖန္သူ အခ်ိဳ့ဟာ သမီးေလးေတြကို ဘယ္လိုလုပ္ပါဆိုၿပီးေျပာဆိုေနတာေတြမွာ သမီးေလးေတြ စိတ္ထိခိုက္ေစမယ့္ စကားလုံးပါလာခဲ့ရင္ ေျပာတဲ့သူကို Block လုပ္ပစ္မယ္လို့ ေျပာလိုက္တာပဲျဖစ္ပါတယ္။
သမီးေလးေတြရဲ့ ငယ္ဘဝအမွတ္တရပုံရိပ္ေလးေတြမွာ ဒီလိုေျပာဆိုတာေတြကေတာ့ မိဘတစ္ေယာက္အေနနဲ႔ သည္းမခံခ်င္စရာပါပဲ။
နႏၵာလွိုင္တစ္ေယာက္ ” သမီးေလးေတြႀကီးရင္ျပန္ၾကည့္ဖို့အတြက္ပုံလးေတြစိတ္လိုလက္ရတင္ေနတယ္ေနာ္
သေဘာမက်ရင္ေက်ာ္သြားပါ ဘယ္သူကမွအတင္းႀကီးမၾကည့္ခိုင္း မန႔္မေပးခိုင္းပါဘူး တခုေတာ့ေျပာထားမယ္
သမီးေလးေတြစိတ္ကိုထိခိုက္ေစမယ့္အသုံးအႏွုန္းေတြပါလာရင္တခါထဲဘေလာ့ပါမယ္
ဟိုလိုလုပ္ပါလားဒီလိုလုပ္ပါလားဒီအတိုင္းထားထားလားလာမလုပ္ပါနဲ႔
က်မကအေမပါ” ဆိုၿပီး သူမရဲ့ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္းေျပာျပလိုက္တာပဲျဖစ္ပါတယ္။
ခရက္ဒစ္ – ဆယ္လီfamily
Unicode
သူမရဲ့သမီးလေးတွေနဲ့ပက်သက်ပြီး ဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ နန္ဒာလှိုင်
အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီနန္ဒာလှိုင် တစ်ယောက် သူမရဲ့သမီးလေးတွေနဲ့ပက်သက်ပြီး
ဝေဖန်ပြောဆိုသူတွေကို သတိပေးထားတဲ့ စာလေး ရေးသားလိုက်တာပဲဖြစ်ပါတယ်။
ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာ သဘာဝပါပဲ။
ကိုယ်ကကောင်းစေချင်လို့ လုပ်ပေးတဲ့အရာတွေကို ဘယ်လိုလေးလုပ်လိုက်ပါလားဆိုပြီး ဝေဖန်ပြောဆိုတာတွေကို မိဘတိုင်းသဘောမကျကြပါဘူး။
နန္ဒာလှိုင်တစ်ယောက် သူမသမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို တင်တဲ့အခါတိုင်းမှာလည်း ဝေဖန်သူ အချို့ဟာ သမီးလေးတွေကို ဘယ်လိုလုပ်ပါဆိုပြီး
ပြောဆိုနေတာတွေမှာ သမီးလေးတွေ စိတ်ထိခိုက်စေမယ့် စကားလုံးပါလာခဲ့ရင် ပြောတဲ့သူကို Block လုပ်ပစ်မယ်လို့ ပြောလိုက်တာပဲဖြစ်ပါတယ်။
သမီးလေးတွေရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေမှာ ဒီလိုပြောဆိုတာတွေကတော့ မိဘတစ်ယောက်အနေနဲ့ သည်းမခံချင်စရာပါပဲ။
နန္ဒာလှိုင်တစ်ယောက် ” သမီးလေးတွေကြီးရင်ပြန်ကြည့်ဖို့အတွက်ပုံလးတွေစိတ်လိုလက်ရတင်နေတယ်နော် သဘောမကျရင်ကျော်သွားပါ
ဘယ်သူကမှအတင်းကြီးမကြည့်ခိုင်း မန့်မပေးခိုင်းပါဘူး တခုတော့ပြောထားမယ်
သမီးလေးတွေစိတ်ကိုထိခိုက်စေမယ့်အသုံးအနှုန်းတွေပါလာရင်တခါထဲဘလော့ပါမယ် ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားဒီအတိုင်းထားထားလားလာမလုပ်ပါနဲ့
ကျမကအမေပါ” ဆိုပြီး သူမရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာပဲဖြစ်ပါတယ်။
ခရက်ဒစ် – ဆယ်လီfamily





