တရားသူႀကီးမ်ား က်မ္းသစၥာဆိုရမည့္ ဥပေဒၾကမ္း အတည္ျပဳလိုက္ၿပီ
တရားသူႀကီးမ်ား က်မ္းသစၥာဆိုရမည့္ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္အတည္ျပဳ ျပည္သူ႔လႊတ္ေတာ္တြင္ ဆက္လက္ေဆြးေႏြးမည္
တရားသူႀကီးမ်ား ကိုယ္တုိင္ တရားခြင္၌ က်မ္း သစၥာဆိုရမည့္ ျပည္ေထာင္စု တရားစီရင္ေရးဥပေဒ စတုတၳ အႀကိမ္ ျပင္ဆင္သည့္ဥပေဒၾကမ္း ကို ေမလ ၂၈ ရက္တြင္ က်င္းပ သည့္ အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳခဲ့သည္။
ထိုဥပေဒၾကမ္းသည္ အမ်ိဳး သားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးမိုးတင္သြင္းသည့္ အဆုိ ေၾကာင့္ ေပၚေပါက္လာျခင္းျဖစ္ သည္။ ဦးစိုးမိုးက ျပည္သူမ်ား ယံု ၾကည္အားကိုးၿပီး ေျဖာင့္မတ္မွန္ ကန္သည့္ တရားစီရင္ေရးျဖစ္ေစ ရန္ တရားသူႀကီးကိုယ္တုိင္ က်မ္း သစၥာက်ိန္ဆိုရန္ လိုအပ္ေၾကာင္း အဆုိတင္ျခင္းျဖစ္သည္။
ယင္းအဆိုကို အမ်ိဳးသား လႊတ္ေတာ္က အတည္ျပဳသျဖင့္ ျပည္ေထာင္စု တရားစီရင္ေရး ဥပေဒပုဒ္မ ၂၃ (ဂ)တြင္ ပုဒ္မခြဲ ငယ္ (၂)အျဖစ္ ျဖည့္စြက္ကာ တရားသူႀကီးမ်ား က်မ္းသစၥာက်ိန္ ဆိုရန္ ျဖည့္စြက္ေရးဆြဲျခင္းျဖစ္ သည္။
ပုဒ္မ ၂၃ (ဂ)၊ ပုဒ္မခြဲငယ္ (၂) တြင္ ‘တရားသူႀကီးမ်ားသည္ ေန႔စဥ္ တရားခြင္တက္ရန္ စတင္ ေဆာင္ရြက္သည့္အခ်ိန္တြင္ က်မ္းသစၥာ (သို႔မဟုတ္) ကတိ သစၥာျပဳရန္ စီစဥ္ေဆာင္ရြက္ရ မည္’ဟု ေဖာ္ျပထားသည္။ ထို႔ ေၾကာင့္ တရားသူႀကီးတုိင္းသည္ တရားခြင္မတက္မီ က်မ္းသစၥာဆုိ ရမည္ျဖစ္သည္။
အဆုိပါ ဥပေဒၾကမ္းကို အ တည္ျပဳႏုိင္ရန္ အမ်ိဳးသားလႊတ္ ေတာ္ဥပေဒၾကမ္းေကာ္မတီက တစ္ပိုဒ္ခ်င္းစီအလိုက္ ေမလ ၂၈ ရက္တြင္ အမ်ိဳးသားလႊတ္ေတာ္ သို႔ တင္ျပခဲ့သည္။ ထိုသို႔ တင္ျပစဥ္ ဥပေဒၾကမ္းကို ေဆြးေႏြးသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စား လွယ္ ဦးတင္ေအာင္ထြန္းက ကန္႔ ကြက္ရန္ မတ္တတ္ရပ္ခဲ့သည္။
တရားသူႀကီးမ်ား ေန႔စဥ္ က်မ္းသစၥာ ဆိုရမည့္အခ်က္ ကန္႔ကြက္လိုသည္ဟု ၎က ဆုိ သည္။ သို႔ေသာ္ ဦးတင္ေအာင္ ထြန္း ကန္႔ကြက္သည္မွာ ဥပေဒ ႏွင့္မညီသျဖင့္ ကန္႔ကြက္ခြင့္မရ ေပ။
ဦးတင္ေအာင္ထြန္းမွာ ဥပေဒၾကမ္းအေပၚ ေရွ႕ေနခ်ဳပ္႐ံုး၊ တရားလႊတ္ေတာ္႐ံုးတို႔ႏွင့္ ေတြ႕ ဆံုၾကားနာစဥ္က လာေရာက္ျခင္း မရွိသျဖင့္ အမ်ိဳးသားလႊတ္ေတာ္ နည္းဥပေဒပုဒ္မ ၁၉၁ (ခ) အရ ကန္႔ကြက္ခြင့္ မရွိေတာ့ေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒ ၾကမ္းေကာ္မတီဥကၠ႒ ဦးေဇာ္မင္း က ေျပာသည္။
‘‘ဒီလိုေန႔မွာ ဒီပုဒ္မကို ဖ်က္ ေပးပါ၊ သေဘာမတူႏုိင္ပါဘူးလို႔ ေျပာလို႔မရေတာ့ဘူး။ လုပ္ထံုး လုပ္နည္းနဲ႔မညီေတာ့ဘူး’’ဟု ၎ က ဆုိသည္။
တရားသူႀကီးမ်ား၏ ဆံုး ျဖတ္ခ်က္အေပၚ ျပည္သူမ်ားကယံုၾကည္မႈမရွိေတာ့သျဖင့္ တရား သူႀကီးမ်ားအေပၚ ယံုၾကည္မႈရွိ လာေစရန္၊ မွ်တသည့္ တရား စီရင္ေရးစနစ္ ျဖစ္လာေစရန္ တရားသူႀကီးမ်ားကိုယ္တုိင္ က်မ္း သစၥာက်ိန္ဆုိရန္ လိုအပ္ေၾကာင္း မူလအဆုိရွင္ ဦးစိုးမိုးက ေျပာ သည္။
လက္ရွိ အေျခအေနတြင္ တရားခြင္၌ အမႈသည္ႏွင့္ သက္ ေသမ်ားကိုသာ က်မ္းက်ိန္ခိုင္းၿပီး အမႈတစ္ခုကို အဆံုးအျဖတ္ေပး ရသည့္ တရားသူႀကီးမ်ားမွာ က်မ္းသစၥာက်ိန္ဆုိျခင္း၊ ကတိသစၥာျပဳ ျခင္းမရွိသျဖင့္ စီရင္ခ်က္မ်ားအ ေပၚ ျပည္သူမ်ား ယံုၾကည္မႈနည္း လာျခင္းျဖစ္သည္ဟု ၎က ဆုိ သည္။
တရားသူႀကီး၏ စီရင္ခ်က္ မ်ားအေပၚ ျပည္သူမ်ားက ယံု ၾကည္မႈမရွိသျဖင့္ ေနာက္ထပ္ တရား႐ံုးမ်ားသို႔တက္ကာ ဆက္လက္တရားရင္ဆုိင္ေနရေၾကာင္း၊ ယင္းသို႔ ရင္ဆုိင္ေနရသျဖင့္ ျပည္ သူမ်ားမွာ အခ်ိန္ကုန္ ေငြကုန္ ေၾကးက်မ်ားေနရေၾကာင္း အဆုိ ရွင္က ေထာက္ျပသည္။
တရားသူႀကီးမ်ားအေနျဖင့္ က်မ္းက်ိန္ၿပီး တရားစီရင္ခ်က္ ခ်မွတ္တုိင္း မွန္မွန္ကန္ကန္ ဆံုး ျဖတ္မည္မွာ မေသခ်ာသျဖင့္ ထို သို႔ ေဆာင္ရြက္ျခင္းမွာ ထိေရာက္ မႈရွိမည္မထင္ေၾကာင္း အၿငိမ္းစားတရားသူႀကီး စာေရးဆရာ ေျပ လြင္ျမင့္က မွတ္ခ်က္ျပဳထား သည္။
အမ်ိဳးသားလႊတ္ေတာ္က အ တည္ျပဳသည့္ တရားသူႀကီးမ်ား က်မ္းသစၥာဆုိရမည့္ ဥပေဒၾကမ္း ကို ျပည္သူ႔လႊတ္ေတာ္တြင္ ဆက္ လက္ေဆြးေႏြးမည္ျဖစ္ၿပီး ျပည္ သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔ သေဘာထားကြဲလြဲပါ က ျပည္ေထာင္စုလႊတ္ေတာ္၌ ဆက္လက္ေဆြးေႏြးရမည္ျဖစ္ သည္။ Ref – 7DayDaily
==========
Unicode
တရားသူကြီးများ ကျမ်းသစ္စာဆိုရမည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အတည်ပြု ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်
တရားသူကြီးများ ကိုယ်တိုင် တရားခွင်၌ ကျမ်း သစ္စာဆိုရမည့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ကို မေလ ၂၈ ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
ထိုဥပဒေကြမ်းသည် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးတင်သွင်းသည့် အဆို ကြောင့် ပေါ်ပေါက်လာခြင်းဖြစ် သည်။ ဦးစိုးမိုးက ပြည်သူများ ယုံ ကြည်အားကိုးပြီး ဖြောင့်မတ်မှန် ကန်သည့် တရားစီရင်ရေးဖြစ်စေ ရန် တရားသူကြီးကိုယ်တိုင် ကျမ်း သစ္စာကျိန်ဆိုရန် လိုအပ်ကြောင်း အဆိုတင်ခြင်းဖြစ်သည်။
ယင်းအဆိုကို အမျိုးသား လွှတ်တော်က အတည်ပြုသဖြင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၃ (ဂ)တွင် ပုဒ်မခွဲ ငယ် (၂)အဖြစ် ဖြည့်စွက်ကာ တရားသူကြီးများ ကျမ်းသစ္စာကျိန် ဆိုရန် ဖြည့်စွက်ရေးဆွဲခြင်းဖြစ် သည်။
ပုဒ်မ ၂၃ (ဂ)၊ ပုဒ်မခွဲငယ် (၂) တွင် ‘တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ (သို့မဟုတ်) ကတိ သစ္စာပြုရန် စီစဉ်ဆောင်ရွက်ရ မည်’ဟု ဖော်ပြထားသည်။ ထို့ ကြောင့် တရားသူကြီးတိုင်းသည် တရားခွင်မတက်မီ ကျမ်းသစ္စာဆို ရမည်ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို အ တည်ပြုနိုင်ရန် အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီက တစ်ပိုဒ်ချင်းစီအလိုက် မေလ ၂၈ ရက်တွင် အမျိုးသားလွှတ်တော် သို့ တင်ပြခဲ့သည်။ ထိုသို့ တင်ပြစဉ် ဥပဒေကြမ်းကို ဆွေးနွေးသည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးတင်အောင်ထွန်းက ကန့် ကွက်ရန် မတ်တတ်ရပ်ခဲ့သည်။
တရားသူကြီးများ နေ့စဉ် ကျမ်းသစ္စာ ဆိုရမည့်အချက် ကန့်ကွက်လိုသည်ဟု ၎င်းက ဆို သည်။ သို့သော် ဦးတင်အောင် ထွန်း ကန့်ကွက်သည်မှာ ဥပဒေ နှင့်မညီသဖြင့် ကန့်ကွက်ခွင့်မရ ပေ။
ဦးတင်အောင်ထွန်းမှာ ဥပဒေကြမ်းအပေါ် ရှေ့နေချုပ်ရုံး၊ တရားလွှတ်တော်ရုံးတို့နှင့် တွေ့ ဆုံကြားနာစဉ်က လာရောက်ခြင်း မရှိသဖြင့် အမျိုးသားလွှတ်တော် နည်းဥပဒေပုဒ်မ ၁၉၁ (ခ) အရ ကန့်ကွက်ခွင့် မရှိတော့ကြောင့် အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း က ပြောသည်။
‘‘ဒီလိုနေ့မှာ ဒီပုဒ်မကို ဖျက် ပေးပါ၊ သဘောမတူနိုင်ပါဘူးလို့ ပြောလို့မရတော့ဘူး။ လုပ်ထုံး လုပ်နည်းနဲ့မညီတော့ဘူး’’ဟု ၎င်း က ဆိုသည်။
တရားသူကြီးများ၏ ဆုံး ဖြတ်ချက်အပေါ် ပြည်သူများကယုံကြည်မှုမရှိတော့သဖြင့် တရား သူကြီးများအပေါ် ယုံကြည်မှုရှိ လာစေရန်၊ မျှတသည့် တရား စီရင်ရေးစနစ် ဖြစ်လာစေရန် တရားသူကြီးများကိုယ်တိုင် ကျမ်း သစ္စာကျိန်ဆိုရန် လိုအပ်ကြောင်း မူလအဆိုရှင် ဦးစိုးမိုးက ပြော သည်။
လက်ရှိ အခြေအနေတွင် တရားခွင်၌ အမှုသည်နှင့် သက် သေများကိုသာ ကျမ်းကျိန်ခိုင်းပြီး အမှုတစ်ခုကို အဆုံးအဖြတ်ပေး ရသည့် တရားသူကြီးများမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြု ခြင်းမရှိသဖြင့် စီရင်ချက်များအ ပေါ် ပြည်သူများ ယုံကြည်မှုနည်း လာခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။
တရားသူကြီး၏ စီရင်ချက် များအပေါ် ပြည်သူများက ယုံ ကြည်မှုမရှိသဖြင့် နောက်ထပ် တရားရုံးများသို့တက်ကာ ဆက်လက်တရားရင်ဆိုင်နေရကြောင်း၊ ယင်းသို့ ရင်ဆိုင်နေရသဖြင့် ပြည် သူများမှာ အချိန်ကုန် ငွေကုန် ကြေးကျများနေရကြောင်း အဆို ရှင်က ထောက်ပြသည်။
တရားသူကြီးများအနေဖြင့် ကျမ်းကျိန်ပြီး တရားစီရင်ချက် ချမှတ်တိုင်း မှန်မှန်ကန်ကန် ဆုံး ဖြတ်မည်မှာ မသေချာသဖြင့် ထို သို့ ဆောင်ရွက်ခြင်းမှာ ထိရောက် မှုရှိမည်မထင်ကြောင်း အငြိမ်းစားတရားသူကြီး စာရေးဆရာ ပြေ လွင်မြင့်က မှတ်ချက်ပြုထား သည်။
အမျိုးသားလွှတ်တော်က အ တည်ပြုသည့် တရားသူကြီးများ ကျမ်းသစ္စာဆိုရမည့် ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်တွင် ဆက် လက်ဆွေးနွေးမည်ဖြစ်ပြီး ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲပါ က ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးရမည်ဖြစ် သည်။ Ref – 7DayDaily


