ျမန္မာႏိုင္ငံမွာ …ပထမဆုံးထုတ္လုပ္တဲ့ …အဆင့္ျမင့္ဘတ္စ္ကားေတြကို… ျပည္ပ တင္ပို႔ေရာင္းခ်မည္
[Zawgyi Version] ျမန္ မာႏုိင္ငံမွာ ပထမဆံုးထုတ္လုပ္တဲ့ အဆင့္ျမွင့္ဘတ္စ္ကားေတြကုိ အခုႏွစ္အတြင္း ျပည္ပႏုိင္ငံေတြကုိ တင္ပို႔ေရာင္းခ်မယ္လုိ႔ သိရပါတယ္။
(ျမန္ မ ာႏုိင္ငံမွာ ထုတ္လုပ္တဲ့ ဘတ္စ္ကားသစ္မိတ္ဆက္ပြဲ ျပဳလုပ္စဥ္)
ျမန္ မာ ႏုိင္ငံနဲ႔ ေဟာင္ေကာင္ကုိ အဓိကထား ေရာင္းခ်မည့္ အျပင္ ၾသစေၾတးလ်ႏုိင္ငံ၊ ဗီယက္နမ္၊ ထုိင္း၊ မေလးရွား၊ လာအုိ နဲ႔ ကေမာၻဒီယားႏုိင္ငံတို႔ကုိ တင္ပုိ႔မယ္လုိ႔ ဘတ္စ္ကားထုတ္လုပ္တဲ့ SC Auto Myanmar ကုမၸဏီမွ မားကတ္တင္းမန္ေနဂ်ာ Irin Chen က ေျပာပါတယ္။
“ ဒီေန႔ဖြင့္ပြဲမွာ ေတြ႕တဲ့အတိုင္းပဲ။ အခုဆုိရင္ ဘတ္စ္ကား ၃ စီးဟာ လမ္းေပၚမွာ ေျပးဖုိ႔ အဆင္သင့္ျဖစ္ေနပါၿပီ။ မၾကာခင္မွာပဲ ကၽြန္မတုိ႔ရဲ႕ SC Neustar ဘတ္စ္ကားေတြကုိ လမ္းေပၚမွာ ျမင္ရေတာ့မွာပါ။ “ လုိ႔ ဆုိပါတယ္။
အ ဆုိ ပါ အဆင့္ျမင့္ ဘတ္စ္ကားထုတ္လုပ္ႏုိင္ဖုိ႔ စင္ကာပူအေျခစုိက္ကုမၸဏီ SC Auto ကုမၸဏီကေန ျမန္မာႏုိင္ငံမွာ စက္ရုံတည္ေဆာက္ထားၿပီး ေဒၚလာသန္း ၃၀ ရင္းႏွီးျမဳပ္ႏွံထားတယ္လုိ႔ ဆုိပါတယ္။ ျမန္မာႏုိင္ငံရွိ SC Auto Myanmar ကုမၸဏီကေန ႏွစ္စဥ္ ဘတ္စ္ကားအစီးေရ ၆၀၀ ထုတ္လုပ္ေရာင္းခ်မယ္လို႔သိရပါတယ္။ ဘတ္စ္ကားတည္ေဆာက္ရာမွာ ႏုိင္ငံတကာ သတ္မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ အညီ ျပင္ပရာသီဥတု အေျခအေနနဲ႔ ကိုက္ညီေအာင္ထုတ္လုပ္ထားၿပီး ဥေရာပစစ္ေဆးမႈ အသိအမွတ္ျပဳ လက္မွတ္ရရွိထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ျမန္ မာ ႏုိင္ ငံရွိစက္ရုံမွာ ယာဥ္ေတြကုိ အရစ္က်၀ယ္ယူႏုိင္ၿပီး ယာဥ္ေမာင္းေတြကုိ ေလ့က်င္သင္ၾကားေပးမႈ၊ ဘတ္စ္ကား Chassis နဲ႔ ေဘာ္ဒီပုိင္း ျပင္ဆင္မႈေတြကုိ တစ္ေနရာတည္းမွာ အၿပီးအစီး ၀န္ေဆာင္မႈ ေပးႏုိင္ေအာင္ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။
အ ဆို ပါ ပထမဆံုး စတင္ထုတ္လုပ္တဲ့ SC Neustar ဘတ္စ္ကားသစ္မိတ္ဆက္ပြဲနဲ႔ SC Auto Myanmar ကုမၸဏီစက္ရုံသစ္ဖြင့္လွစ္ပြဲအခမ္းအနားကုိေမလ ၂၈ ရက္က မဂၤလာဒံုၿမိဳ႕နယ္၊ စက္မႈဇုန္ရွိ စက္ရုံ၀င္းအတြင္းမွာ က်င္းပျပဳလုပ္ခဲ့တာပါ။ ဒါ့အျပင္ ဂ်ပန္ႏုိင္ငံအေျခစိုက္ နာမည္ႀကီး တိုယုိတာကားကုမၸဏီကလည္း ျမန္မာႏုိင္ငံကုိ အခုႏွစ္အတြင္း စက္ရုံတည္ေဆာက္ၿပီး ကားေတြ တည္ေဆာက္ထုတ္လုပ္သြားေတာ့မယ္လုိ႔လည္း သိရပါတယ္။
Credit- Duwun
[Unicode Version]
မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်လုပ်တဲ့ အဆင့်မြှင့်ဘတ်စ်ကားတွေကို အခုနှစ်အတွင်း ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။
(မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ဘတ်စ်ကားသစ်မိတ်ဆက်ပွဲ ပြုလုပ်စဉ်)
မြန်မာနိုင်ငံနဲ့ ဟောင်ကောင်ကို အဓိကထား ရောင်းချမည့် အပြင် သြစတြေးလျနိုင်ငံ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ လာအို နဲ့ ကမ္ဘောဒီယားနိုင်ငံတို့ကို တင်ပို့မယ်လို့ ဘတ်စ်ကားထုတ်လုပ်တဲ့ SC Auto Myanmar ကုမ္ပဏီမှ မားကတ်တင်းမန်နေဂျာ Irin Chen က ပြောပါတယ်။
“ ဒီနေ့ဖွင့်ပွဲမှာ တွေ့တဲ့အတိုင်းပဲ။ အခုဆိုရင် ဘတ်စ်ကား ၃ စီးဟာ လမ်းပေါ်မှာ ပြေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ ကျွန်မတို့ရဲ့ SC Neustar ဘတ်စ်ကားတွေကို လမ်းပေါ်မှာ မြင်ရတော့မှာပါ။ “ လို့ ဆိုပါတယ်။
အဆိုပါ အဆင့်မြင့် ဘတ်စ်ကားထုတ်လုပ်နိုင်ဖို့ စင်ကာပူအခြေစိုက်ကုမ္ပဏီ SC Auto ကုမ္ပဏီကနေ မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ထားပြီး ဒေါ်လာသန်း ၃၀ ရင်းနှီးမြုပ်နှံထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရှိ SC Auto Myanmar ကုမ္ပဏီကနေ နှစ်စဉ် ဘတ်စ်ကားအစီးရေ ၆၀၀ ထုတ်လုပ်ရောင်းချမယ်လို့သိရပါတယ်။ ဘတ်စ်ကားတည်ဆောက်ရာမှာ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ ပြင်ပရာသီဥတု အခြေအနေနဲ့ ကိုက်ညီအောင်ထုတ်လုပ်ထားပြီး ဥရောပစစ်ဆေးမှု အသိအမှတ်ပြု လက်မှတ်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရှိစက်ရုံမှာ ယာဉ်တွေကို အရစ်ကျဝယ်ယူနိုင်ပြီး ယာဉ်မောင်းတွေကို လေ့ကျင်သင်ကြားပေးမှု၊ ဘတ်စ်ကား Chassis နဲ့ ဘော်ဒီပိုင်း ပြင်ဆင်မှုတွေကို တစ်နေရာတည်းမှာ အပြီးအစီး ဝန်ဆောင်မှု ပေးနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
အဆိုပါ ပထမဆုံး စတင်ထုတ်လုပ်တဲ့ SC Neustar ဘတ်စ်ကားသစ်မိတ်ဆက်ပွဲနဲ့ SC Auto Myanmar ကုမ္ပဏီစက်ရုံသစ်ဖွင့်လှစ်ပွဲအခမ်းအနားကိုမေလ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်ရှိ စက်ရုံဝင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး တိုယိုတာကားကုမ္ပဏီကလည်း မြန်မာနိုင်ငံကို အခုနှစ်အတွင်း စက်ရုံတည်ဆောက်ပြီး ကားတွေ တည်ဆောက်ထုတ်လုပ်သွားတော့မယ်လို့လည်း သိရပါတယ်။
Credit- Duwun



