ဘုရားရင္ျပင္ေပၚမွာ ဒီလိုႀကီးအထိျဖစ္ေနၾကၿပီလား
ဘုရားရင္ျပင္မွာ မာဆက္တို႔ ေကတီဗီြ မ်ားဖြင့္လာေတာ့မွာလား
” အရွက္ / အေၾကာက္ တရား ” *ျမန္မာႏိုင္ငံဟာဗုဒၶရဲ့အဆံုးအမေအာက္မွာ ျပဳမူေနထိုင္ႀကသူေတြပါ အရွက္တရား အေႀကာက္တရားဆိုတာရွိတယ္
ဒါေပမဲ့ခုေခာတ္လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ ဘာသာ သာသနာဆိုတာလဲမထိန္းသိမ္း ဘုရားေက်ာင္းကန္ ရဟန္းသံဃာေတာ္ေရွ့မွာ ေမာင္ႏွင့္ႏွမ သားနဲ့အမိအျမင္မေတာ္တဲ့ ဝတ္စားဆင္ယင္မွဳေတြလုပ္ ရဟန္းသံဃာေတာ္ လူႀကီးသူမမ်ားကိုဆက္ဆံမွဳကလဲအဆင္မေျပ
လူစည္ကားရာေဒသမ်ားမွာ မိမိရဲ့ေပ်ာ္ရြွင္မွဳကိုဦးစားေပးျပီးပတ္ဝန္းက်င္ဂရုမစိုက္ လူ့ေတာ္သလင္းပြဲေတြကေတာ့ အႀကီးတန္အရုပ္ဆိုးေစပါတယ္-
အထူးသျဖင့္ ဗုဒၶဘာသာေတြလာေရာက္ဖူးေမ်ာ္ေနတဲ့ဘုရားမ်ားမွာေတာင္ လူ့ေတာ္သလင္းပြဲေတြဟာ အႀကီးတန္အရုပ္ဆိုးဆံုပါ ေဂါပကနဲ့လံုျခံဳေရးအဖြဲ့ေတြကလဲ သရုပ္ပ်က္ဝတ္စားဆင္ယင္မွဳနဲ့ဘုရားေပၚမတက္ရ ေဆးလိပ္/ကြမ္းယာမေသာက္သံုးမစားသံုးဖို့ကင္းမဲ့ဇံုေတြေရးကပ္ထားတယ္
ဒီအတိုင္းကဒီအတိုင္းပါပဲ ေျပာင္းလဲမွဳမရွိခဲ့ပါဘူး ဘုရင္းရင္ျပင္နဲ့ပတ္ဝန္းက်င္ကလူ့ေတာ္သလင္းပြဲေတြမ်ားေနတာဟာ ဟန့္တားမွဳမရွိ ထိန္းသိမ္းမွဳမရွိတာဟာ ဘုရားဘ႑ာေငြအလြဲသံုးစားလုပ္ေနႀကတာပါ-
ဒီလိုျမင္ကြင္းမ်ဳိးအခ်ိန္မီမထိန္းသိမ္းဘူးဆိုရင္ ဘုရားရင္ျပင္မွာ မာဆက္တို့ KTVတို့မ်ားဖြင့္လာေတာ့မွာလားတာဝန္ရွိသူမ်ား တာဝန္သိရွိ တာဝန္ခံဖို့အထူးအေရးႀကီးခ်ိန္ေရာက္ပါျပီ-……. ။
ပိုးဟပ္ျဖဴ
Unicode
” အရှက် / အကြောက် တရား ” *မြန်မာနိုင်ငံဟာဗုဒ္ဓရဲ့အဆုံးအမအောက်မှာ ပြုမူနေထိုင်ကြသူတွေပါ အရှက်တရား အကြောက်တရားဆိုတာရှိတယ်
ဒါပေမဲ့ခုခောတ်လူငယ်တော်တော်များများဟာ ဘာသာ သာသနာဆိုတာလဲမထိန်းသိမ်း ဘုရားကျောင်းကန် ရဟန်းသံဃာတော်ရှေ့မှာ မောင်နှင့်နှမ သားနဲ့အမိအမြင်မတော်တဲ့ ဝတ်စားဆင်ယင်မှုတွေလုပ် ရဟန်းသံဃာတော် လူကြီးသူမများကိုဆက်ဆံမှုကလဲအဆင်မပြေ
လူစည်ကားရာဒေသများမှာ မိမိရဲ့ပျော်ရွှင်မှုကိုဦးစားပေးပြီးပတ်ဝန်းကျင်ဂရုမစိုက် လူ့တော်သလင်းပွဲတွေကတော့ အကြီးတန်အရုပ်ဆိုးစေပါတယ်-
အထူးသဖြင့် ဗုဒ္ဓဘာသာတွေလာရောက်ဖူးမျော်နေတဲ့ဘုရားများမှာတောင် လူ့တော်သလင်းပွဲတွေဟာ အကြီးတန်အရုပ်ဆိုးဆုံပါ ဂေါပကနဲ့လုံခြုံရေးအဖွဲ့တွေကလဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့ဘုရားပေါ်မတက်ရ ဆေးလိပ်/ကွမ်းယာမသောက်သုံးမစားသုံးဖို့ကင်းမဲ့ဇုံတွေရေးပ်ထားတယ်
ဒီအတိုင်းကဒီအတိုင်းပါပဲ ပြောင်းလဲမှုမရှိခဲ့ပါဘူး ဘုရင်းရင်ပြင်နဲ့ပတ်ဝန်းကျင်ကလူ့တော်သလင်းပွဲတွေများနေတာဟာ ဟန့်တားမှုမရှိ ထိန်းသိမ်းမှုမရှိတာဟာ ဘုရားဘဏ္ဍာငွေအလွဲသုံးစားလုပ်နေကြတာပါ-
ဒီလိုမြင်ကွင်းမျိုးအချိန်မီမထိန်းသိမ်းဘူးဆိုရင် ဘုရားရင်ပြင်မှာ မာဆက်တို့ KTVတို့များဖွင့်လာတော့မှာလားတာဝန်ရှိသူများ တာဝန်သိရှိ တာဝန်ခံဖို့အထူးအရေးကြီးချိန်ရောက်ပါပြီ-……. ။
ပိုးဟပ်ဖြူ


