မိုနာလီဇာကိုတောင် ပြုံးနိုင်၊ စကားပြောနိုင်အောင် လုပ်ပြခဲ့တဲ့ Samsung က နည်းပညာတစ်ခု




ဓာတ်ပုံလေးတစ်ပုံသာ သုံးကာ အဲဒီပုံထဲက လူကို ကိုယ်ကြိုက်တဲ့ မျက်နှာအမူအရာလုပ်ပေးပြီး စကားပါပြောနေတဲ့ ဗီဒီယိုအတုတစ်ခု ဖန်တီးလို့ရနေပြီဆိုတာ သင်သိပါသလား။

YouTube
မော်စကိုအခြေစိုက် Samsung ရဲ့ AI (အသိဉာဏ်တု) နည်းပညာစင်တာတစ်ခုမှာ ဒီနည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဓာတ်ပုံကို အသုံးပြုပြီး အသက်အဝင်ဆုံးဗီဒီယိုတွေကိုလည်း လက်တွေ့အနေနဲ့ မိုနာလီဇာတို့၊ မာရီလင်မွန်ရိုးတို့ ပုံတွေကို အသုံးပြုကာ စမ်းသပ်ပြသခဲ့ပါတယ်။

YouTube
ဓာတ်ပုံတစ်ပုံတည်းထက်စာရင်တော့ နှစ်ပုံ၊ သုံးပုံ စသည်ဖြင့် ပိုများလာလေ ပိုပြီး အသက်ဝင်လေဖြစ်စေပါတယ်။ တစ်ပုံတည်းသုံးပြီး ပြုလုပ်ထားတဲ့ ဗီဒီယိုလေးကတောင် တကယ့်လူတစ်ယောက်ကို ဗီဒီယိုရိုက်ကူးထားတဲ့အလား ထင်မှတ်စေရလောက်အောင် အသက်ဝင်လွန်းတာကို အံ့သြစွာတွေ့ရပါတယ်။ မျက်နှာအနီးကပ်ပုံတွေကို ထည့်သွင်းလိုက်တဲ့အခါ ရုပ်ပုံရဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို အဓိကထားမှတ်သားကာ ပုံရိပ်တွေကို အသက်ဝင်လာစေတာပါ။


ဒီနည်းပညာကိုတော့ application တစ်ခုအနေနဲ့ အသုံးပြုဖို့ရာ မသေချာသေးပေမယ့်လို့ Google တို့ Microsoft တို့ကတောင် အသိအမှတ်ပြု စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

YouTube
Source: Daily Mail

Penny


Recent Updates

Recent Posts Widget