10တန်းကျသူများရဲ့အိမ်ပြန်ခရီး(သို့မဟုတ်)မိဘမတ္တာ
မိဘတိုင်းက ကိုယ်သား ကိုယ်သမီးကို ပညာတတ်ကြီးတွေဖြစ်စေချင်ကြတာပါဘဲ။ထို့ကြောင့် မိဘတိုင်းဟာ ကိုယ်သား သမီးများကို မျက်နှာမငယ်ရအောင် ပညာတတ်ကြီးတွေဖြစ်စေချင်တဲ့အတွက် ပညာတတ်အောင် ထားပေးကြပါတယ်။
မိဘရဲ့ စေတနာကြောင့် ကိုယ်သား သမီးများကို ဆူကြ ဆဲ့ကြပေမယ့် ကိုယ်သားသမီး မျက်နှာငယ်တဲ့အချိန်မှာတော့ အားပေးစကားပြောနေသူတွေပါ။
ကျွန်တော် ကျောင်းတက်တုန်းကလဲ မိဘရဲ့ ပြောဆိုမူကြောင့် စိတ်တိုခဲ့ဖူးပါတယ်။မိဘတွေ အောင်စေချင်တဲ့ 10တန်းစာမေးပွဲကြီး မအောင်မြင်တဲ့ ကျောင်းသားကျောင်းသူတိုင်း ဝမ်းနည်းနေကြပါလိမ်မယ်။စာမေးပွဲကျလို့
ငိုကြပေမယ့် မိဘတွေကတော့ အောင်မြင်အောင်ကြိုးစားပီး ဖြေသိမ့်ပေးကြတယ်။
မိဘတွေက လဲ ကိုယ်သားသမီးကို အောင်စေချင်ကြတာဘဲ။စာမေးပွဲအောင်လို့ ပျော်နေတဲ့မိဘတွေလို သူတို့လဲပျော်ချင်ကြတာပေါ့။
သို့ပေ့မယ်ကိုယ်သားသမီးစိတ်ဓာတ်ကျတဲ့အချိန်မှာ မိဘတိုင်းဟာ ကြိုးစားရန်ဘဲအားပေးကြတယ်။10တန်း ကျပြီး အိမ်ပြန်ခရီးမှာ ဝမ်းနည်းမူတွေရှိပေ့မယ် မိဘမတ္တာကို အပြည်အဝ မြင်ရမှာပါ။
Lovely Myanmar
Credit \ originaol




