ကားေပၚမွာအဖုိးတန္ဘာပစၥည္းမွ မထားခဲ့ၾကပါနဲ႔၊မွန္ခြဲတဲ့သူခုိးေတြ အရမ္းအတင့္ရဲလာလုိ႔ပါ




ကားေပၚမွာအဖုိးတန္ဘာပစၥည္းမွ မထားခဲ့ၾကပါနဲ႔၊မွန္ခြဲတဲ့သူခုိးေတြ အရမ္းအတင့္ရဲလာလုိ႔ပါ

ကားေပၚမွာ အဖုိးတန္ ပစၥည္း ဘာမွ မထားခဲ့ၾကပါနဲ႔၊ ထားခဲ့ရင္လည္း အျပင္ကေန မျမင္ေအာင္ ထားၾကပါ။ ကားမွန္ခြဲၿပီး ပစၥည္း ယူတဲ့ သူခုိးေတြ အရမ္း အတင့္ရဲလာၾကလုိ႔ပါ။ လူ မျပတ္ဘဲလည္း ကားမွန္ခြဲၾက ပါတယ္တဲ့။ လတ္တေလာ ကားမွန္အခြဲခံရၿပီး ပစၥည္း အရွာခံရသူ တဦးရဲ႕ ကိုယ္ေတြ႕ႀကံဳခဲ့ရတဲ့ အေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္-ဒီေန႔ည ၈ခြဲေလာက္ ပါရမီနဲ႔ေခ်ာတြင္းကုန္းလမ္းဆံုနားက ေဟာ့ေပါ့ဆိုင္မွာ ဖူးတို႔မိသားစုလိုက္ ညစာစားၿပီးအထြက္မွာ အစ္ကိုရဲ႕ကား ကားမွန္ရိုက္ခြဲခံထားရပါတယ္။ ဖူးကားက hotpot ဆိုင္ေရွ႕မွာ ရပ္ခဲ့ေပမယ့္ အစ္ကို႔ကားက ေနရာမရလို႔ hotpot ဆိုင္ေဘးက လက္ဖက္ရည္ဆိုင္ အေက်ာ္ေလးမွာ ရပ္ထားခဲ့တာပါ။


နည္းနည္းေတာ့ ေမွာင္ေပမယ့္ ဆိုင္ေတြရဲ႕လံုျခံဳေရးေတြလဲရွိ၊ ကားသြားကားလာ အရမ္းမ်ားတဲ့ လမ္းမႀကီးေပၚမွာေတာင္ အဲလိုရိုက္ခြဲသြားတာပါ။ ကားေနာက္ခန္းမွာ ေယာင္းမပိုက္ဆံအိတ္ေရာ ပိုက္ဆံထုပ္ေတြေရာ ပါေပမယ့္ ကံေကာင္းစြာနဲ႔ ဘာမွမပါသြားခဲ့ပါဘူး။အရမ္းလူမျပတ္လို႔ ေသခ်ာမရွာလိုက္ရတဲ့ပံုပါ။ လက္ဖက္ရည္ဆိုင္က လံုျခံဳေရးေတြ ေျပာျပခ်က္အရ သိပ္မၾကာခင္ကလဲ ညေန၅နာရီအခ်ိန္ေလာက္မွာ အလားတူကားမွန္ခြဲသြားၿပီး ဖုန္း၂လံုးယူသြားတဲ့ အျဖစ္မ်ိဳးရွိေၾကာင္း သိရပါတယ္။




ဒီပိုစ့္ကို တင္ရတာကေတာ့ ကိုယ္ေတြ႕ၾကံဳရတာမို႔ အရမ္းလည္းလန္႔သြားၿပီး အားလံုးကို သတိထားဖို႔နဲ႔ ကားေပၚမွာ ဖုန္းက အစ အျခားတန္ဖိုးႀကီးတဲ့အရာေတြအဆံုး ဘာမွလံုးဝလံုးဝမထားခဲ့ဖို႔ သတိေပးခ်င္တာပါ။ ေခတ္ႀကီးက ေတာ္ေတာ္ ဆိုးသြမ္း ေနတာပါ။

အားလံုးေဘးရန္ကင္း လံုျခံဳၾကပါေစ။
Credit_May Myat Noe

Unicode

ကားပေါ်မှာ အဖိုးတန် ပစ္စည်း ဘာမှ မထားခဲ့ကြပါနဲ့၊ ထားခဲ့ရင်လည်း အပြင်ကနေ မမြင်အောင် ထားကြပါ။ ကားမှန်ခွဲပြီး ပစ္စည်း ယူတဲ့ သူခိုးတွေ အရမ်း အတင့်ရဲလာကြလို့ပါ။ လူ မပြတ်ဘဲလည်း ကားမှန်ခွဲကြ ပါတယ်တဲ့။ လတ်တလော ကားမှန်အခွဲခံရပြီး ပစ္စည်း အရှာခံရသူ တဦးရဲ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်-ဒီနေ့ည ၈ခွဲလောက် ပါရမီနဲ့ချောတွင်းကုန်းလမ်းဆုံနားက ဟော့ပေါ့ဆိုင်မှာ ဖူးတို့မိသားစုလိုက် ညစာစားပြီးအထွက်မှာ အစ်ကိုရဲ့ကား ကားမှန်ရိုက်ခွဲခံထားရပါတယ်။ ဖူးကားက hotpot ဆိုင်ရှေ့မှာ ရပ်ခဲ့ပေမယ့် အစ်ကို့ကားက နေရာမရလို့ hotpot ဆိုင်ဘေးက လက်ဖက်ရည်ဆိုင် အကျော်လေးမှာ ရပ်ထားခဲ့တာပါ။

နည်းနည်းတော့ မှောင်ပေမယ့် ဆိုင်တွေရဲ့လုံခြုံရေးတွေလဲရှိ၊ ကားသွားကားလာ အရမ်းများတဲ့ လမ်းမကြီးပေါ်မှာတောင် အဲလိုရိုက်ခွဲသွားတာပါ။ ကားနောက်ခန်းမှာ ယောင်းမပိုက်ဆံအိတ်ရော ပိုက်ဆံထုပ်တွေရော ပါပေမယ့် ကံကောင်းစွာနဲ့ ဘာမှမပါသွားခဲ့ပါဘူး။အရမ်းလူမပြတ်လို့ သေချာမရှာလိုက်ရတဲ့ပုံပါ။ လက်ဖက်ရည်ဆိုင်က လုံခြုံရေးတွေ ပြောပြချက်အရ သိပ်မကြာခင်ကလဲ ညနေ၅နာရီအချိန်လောက်မှာ အလားတူကားမှန်ခွဲသွားပြီး ဖုန်း၂လုံးယူသွားတဲ့ အဖြစ်မျိုးရှိကြောင်း သိရပါတယ်။

ဒီပိုစ့်ကို တင်ရတာကတော့ ကိုယ်တွေ့ကြုံရတာမို့ အရမ်းလည်းလန့်သွားပြီး အားလုံးကို သတိထားဖို့နဲ့ ကားပေါ်မှာ ဖုန်းက အစ အခြားတန်ဖိုးကြီးတဲ့အရာတွေအဆုံး ဘာမှလုံးဝလုံးဝမထားခဲ့ဖို့ သတိပေးချင်တာပါ။ ခေတ်ကြီးက တော်တော် ဆိုးသွမ်း နေတာပါ။
အားလုံးဘေးရန်ကင်း လုံခြုံကြပါစေ။
Credit_May Myat Noe

Recent Updates

Recent Posts Widget