“ကောက်ကြောင်းလှလှလေးလိုချင်တဲ့သူတွေ မနက်ခင်းတိုင်းလုပ်သင့်တဲ့အမူအကျင့်(၅)မျိုး။”
လူလည်းမပင်ပန်း၊ကျန်းမာရေးလည်းမထိခိုက်ဘဲ ခန္ဓာကိုယ်လေးသွယ်လျကျစ်လစ်ဖို့အတွက်
နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ကိုယ်အလေးချိန်တက်မှာကို အကြောက်ကြီးကြောက်နေကြတဲ့
ပျိုမေလေးတို့အတွက်
ဘေးထွက်ဆိုးကျိုးမရှိတဲ့နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီအလေ့အကျင့်လေးကို
မနက်ခင်းတိုင်းမှာ လုပ်ပေးသွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားမျိုးကို ရနိုင်မှာဖြစ်ပြီး
အမြဲတမ်းထိန်းသိမ်းထားနိုင်မှာ အသေအချာပါပဲ။
(၁) နေရောင်ခြည်ခံယူပါ
မနက်ခင်းမှာ နေရောင်ခြည်နဲ့ ၁၅ မိနစ်လောက်ထိတွေ့ခြင်းက
ခန္ဓာကိုယ်ကိုလန်းဆန်းအားပြည့်စေပါတယ်။ ခန္ဓာကိုယ်တွင်းက ဇီဝရုပ်ဖြစ်ပျက်မှုတွေကို
ပုံမှန်လည်ပတ်စေတာကြောင့် မလိုအပ်တဲ့အဆီတွေကို ချေဖျက်နိုင်စွမ်းတိုးလာစေတာကြောင့်
တစ်နေ့တာစားသောက်တဲ့အထဲက အဆီတွေကိုကောင်းကောင်းချေဖျက်ပေးနိုင်ပါလိမ့်မယ်။
(၂) ပရိုတင်းများများစားပါ
မနက်ခင်းမှာ ပရိုတင်းများများစားပေးတာက ပြည့်ဝတဲ့ခံစားမှုကိုဖြစ်စေပြီး နေ့ခင်းနဲ့ ညနေဘက်တွေမှာ
အလွန်အကျွံမစားမိအောင် တားဆီးပေးနိုင်ပါတယ်။ဒါကြောင့် ကြက်ဥ၊ အသားနဲ့ ပဲတွေကို
မနက်ခင်းမှာများများစားပေးလိုက်ပါ။
(၃) အကြိုက်ဆုံးအစားအစာကိုမနက်ခင်းမှာစားပါ
ကိုယ့်အကြိုက်ဆုံးအစားအစာကိုစားလိုက်တဲ့အခါ စိတ်ကျေနပ်မှုကောင်းကောင်းရသွားတဲ့အတွက်
ကျန်တဲ့တစ်နေ့လုံးမှာ ဟိုစပ်စပ်ဒီစပ်စပ်စားတာတွေနည်းသွားပါလိမ့်မယ်။ ဒါ့အပြင်
ကောင်းမွန်တဲ့စိတ်ခံစားချက်ကိုလည်း ပိုပြီးဖြစ်စေနိုင်တာကြောင့် ကိုယ့်အကြိုက်ဆုံးအစားအစာကို
မနက်ခင်းမှာစားပေးပါ။
(၄) ရေအေးနဲ့ရေချိုးပါ
ရေအေးနဲ့ရေချိုးခြင်းကလည်း နေရောင်ခံတာနဲ့ သဘောတရားအတူတူပါပဲ။
ရေအေးနဲ့ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကို လှုပ်နှိုးပေးပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို
ပုံမှန်လည်ပတ်စေပြီး ဟော်မုန်းတွေရဲ့
လုပ်ဆောင်မှုကို တိုးတက်စေတာကြောင့် ခန္ဓာကိုယ်မှာ အဆီတွေမစုအောင် လုပ်ဆောင်ပေးပါတယ်။
ဒါကြောင့် ဝိတ်ကျချင်တဲ့သူတွေက မနက်ခင်းမှာ ရေအေးနဲ့ရေချိုးပေးသင့်ပါတယ်။
(၅) ကြာကြာဝါးရတဲ့အစားအစာတွေစားပါ
ကြာကြာဝါးရတဲ့၊ မာတဲ့အစားအစာတွေကိုစားလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက်ပြည့်ဝနေပြီလို့
ဦးနှောက်ကိုသတင်းပို့ပါလိမ့်မယ်။ အဲ့ဒါက အစားစားချင်စိတ်ကို
အချိန်တော်တော်ကြာကြာရပ်တန့်သွားစေတာကြောင့် အစားများများစားမိခြင်းကို
တားဆီးပေးနိုင်ပါတယ်။
Credit \\ original