Source: Khine Thin Kyi
Credit \\ original
Uniocde
တပ်မှူးဘဝကတည်းက အဂတိလိုက်စားမှုကင်းပြီး အလုပ်နဲ့မိသားစုအပေါ်မှာ တာဝန်ကျေတဲ့ ဖခင်အကြောင်းပြောပြလာတဲ့ ခိုင်သင်းကြည်
ဒီနေ့ဇွန်လ (၁၆) ရက်နေ့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အဖေတွေအားလုံးကို ဂုဏ်ပြုကြတဲ့ အဖေများနေ့လေးပဲ ဖြစ်ပါတယ်။
အဖေများနေ့မှာတော့ သား၊သမီးတွေက သူတို့ရဲ့ဖခင်ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့လေ့ရှိကြသလို အဖေ့ကို
ဘယ်လောက်ချစ်ကြောင်း ဖော်ပြလေ့ရှိကြ တာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကလည်း သူမလေးစားတန်ဖိုးထားတဲ့ ဖခင်ဖြစ်သူရဲ့အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြလာခဲ့ပါတယ်။
ခိုင်သင်းကြည်က ” Happy Father’s Day ကိုယ့်ဘဝမှာချစ်ခင်လေးစားတန်ဘိုးထားရသော,အနုပညာလောကမှာမျက်နှာမငယ်အောင်,
တန်ဘိုးရှိရှိ နေတက်အောင်,လမ်းကြောင်း မှန်မှန်လျှောက်လှမ်းနိုင် အောင်ဆုံးမလမ်းပြ ပေးခဲ့သော,လေ့ကျင့်ရေး၃တပ်မှူးနှင့် စဝတဥက္ကဌတာဝန်က ို
ထမ်းဆောင်ခဲ့စဉ် ကာလမှာလာရောက် ကန်တော့သည့် လက်ဆောင်များထဲက စားစရာမှလွဲ၍ ငွေနှင့်တန်ဖိုးကြီး ပစ္စည်းများကိုပြန်ပေးတက်သော,
အထက်လူကြီးများကိုလဲ အစားအသောက်များနှင့် သာကန်တော့တက်သော ”
“တပ်သား၂ဝဝဝကျော်စားသည့် အစားအစာများကို(အသားပါသည့်နေ့တွင ်အသားနူးမနူး အရသာရှိမရှိ) ကိုယ်တိုင်စစ်ပြီးမှ ထမင်းစားတက်သော
ရုံးတက်ချိန်မှန်၍ ရုံးဆင်းချိန်နောက်ကျ တက်သော ‘ယခုအသက်၈၅နှစ် အရွယ်မခိုင်ရဲ့ကျေးဇူးရှင်ဖေဖေ ယခုလိုကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပါစေကြောင်း
အဖေများနေ့တွင် ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်ရှင်” ဆိုပြီး ပုံလေးတွေနဲ့အတူ အဖေများနေ့ အမှတ်တရစကားလေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကဲ ချစ်ပရိသတ်တွေလည်း အဖေများနေ့မှာ ချစ်ရတဲ့အဖေအတွက် အမှတ်တရလေးတွေ မဖြစ်မနေ ဖန်တီးပေးဖို့ မမေ့နဲ့ဦးနော်။
Source: Khine Thin Kyi
Credit \\ original