“(၁၀)ကြိမ်မြောက် ပရဟိတ အလှူလေးအတွက် ဝမ်းသာပီတိဖြစ်နေတဲ့ တင်ဇာမော်”
အဖွဲ့ ပဒေသာပင်မှ ၁၇သိန်း ၂သောင်း = အလှူငွေ ၂၃သိန်းတိတိ နဲ့ ( အင်္ကျီ အထည် ၅၀ – ၉၈၀၀၀၊ နို့မှူန့် -၆၃၀၅၀၊ ပလပ်စတစ်ပုံး – ၄၅၀၀၀၀၊ ဒိုင်ပါ -၂၀၀၀၀၀ = ၈၁၁၀၅၀ကျပ်ငွေ တန်ဖိုးရှိအခြားအလှူပစ္စည်းများ….
Photo: Tin Zar Maw
credit duwun
Unicode
တင်ဇာမော်က သူမပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ‘’တင်ဇာမော်နဲ့တွဲလက်မောင်နှမများ’’ ပရဟိတအဖွဲ့လေးဟာ ဟင်္သတမြို့က
ဘိုးဘွားရိပ်သာမှာ ၁၀ ကြိမ်မြောက် အလှူကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်….
တင်ဇာမော်က သူမချစ်ရတဲ့ We Love လေးတွေနဲ့အတူ ဟင်္သာတ မြို့နယ်မှာရှိတဲ့ ခိုလှုံရာ ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလှူငွေ စုစုပေါင်း ၂၃ သိန်းကျပ် လှူဒါန်းခဲ့တယ်လို့ တင်ဇာမော်က ပြောပါတယ်…
” တင်ဇာမော် နှင့် တူညီတွဲလက်မောင်နှမများ ပရဟိတအဖွဲ့ ” ၏ ၁ဝကြိမ်မြောက် အလှူခရီးစဉ်။ ဟင်္သာတမြို့ရှိ ခိုလှုံရာ ဘိုးဘွားရိပ်သာသို့စုစုပေါင်းကောက်ခံရရှိငွေ ၅သိန်း ၈သောင်းနှင့်….
အဖွဲ့ ပဒေသာပင်မှ ၁ရသိန်း ၂သောင်း = အလှူငွေ ၂၃သိန်းတိတိ နဲ့ ( အကျႌ အထည် ၅၀ – ၉၈၀၀၀၊ နို့မှူန့် -၆၃၀၅၀၊ ပလပ်စတစ်ပုံး – ၄၅၀၀၀၀၊ ဒိုင်ပါ -၂၀၀၀၀၀ = ၈၁၁၀၅ဝကျပ်ငွေ တန်ဖိုးရှိအခြားအလှူပစ္စည်းများ….
ကေခိုင်ဝင့်နှင့် နှင်းပွင့်ဖြူ တို့မှ ခေါင်းအုံး ၅၀ ဖိုး – ၆၂၅၀၀၊ ဒေါက်တာစောနေမင်း+မအိန္ဒြာသိမ့်သိမ့်သူ (သား) မောင်သတိုးစစ် မိသားစုမှ “ခိုလှုံရာ” ဘိုးဘွားရိပ်သာရှိ ကလေးငယ်များအတွက် Dupro နို့မှုန့် (၅) ဗူး….
ကျန်းမာရေးစစ်ဆေးရန်နှင့် လိုအပ်သော အခြေခံဆေးဝါးများ စုစုပေါင်း ၅၇၀၀၀ ရှိဆေးများအား ကိုShwe Khae၊ တီခိုင်မှကလေးအကျီ င်္ များ….
အမျိုးသမီးဝတ်ပါတိတ် နှင့် အဝတ်အစားများ၊ အဟုန်မှ နို့မှုံ့ဗူးများ၊ Sedona house keeping department မှ ဆပ်ပြာများ၊ အမေနွယ်မှ စားစရာများ နဲ့
သင်္ဃန်းများကို လှူဒါန်းခဲ့ကြပါတယ်ရှင်’’ ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
တင်ဇာမော်က အခုလက်ရှိမှာ ဂီတအလုပ်တွေ လုပ်နေတာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ သူမရဲ့ မိသားစုကတော့ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတာပါ….
သူမ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင်နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့က ၁၂ နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်….
အဆိုတော် တင်ဇာမော်ကတော့ Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့ပါသေးတယ်။
ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း အမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်….
Photo: Tin Zar Maw
credit duwun