တကၠသိုလ္၀င္စာေမးပြဲရမွတ္ကိုသံသယရွိပါကတစ္ဘာသာလ်ွင္ ၂၅၀၀၀ျဖင့္ ျပန္စစ္ေပးရန္ ေတာင္းဆိုႏုိင္
တကၠသိုလ္၀င္စာေမးပြဲရမွတ္ကိုသံသယရွိပါကတစ္ဘာသာလ်ွင္ ၂၅၀၀၀ျဖင့္ ျပန္စစ္ေပးရန္ ေတာင္းဆိုႏုိင္
တကၠသိုလ္၀င္စာေမးပြဲ အေအာင္၊ အ႐ံႈးႏွင့္ရမွတ္ကိုသံသယရွိပါက အေျဖလႊာ ျပန္စစ္ေပးရန္ေတာင္းဆိုႏုိင္သည္ဟု ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးဦးမိုးျမင့္ ေက်ာ္က ေျပာသည္။၂၀၁၉ တကၠသိုလ္၀င္စာေမးပြဲတြင္ ဘာသာရပ္ဆိုင္ရာ ရမွတ္မ်ားေမွ်ာ္မွန္းထားသည္ ထက္ေလ်ာ့နည္းေနပါက အမွတ္စာရင္းစတင္ထုတ္ေပးၿပီး ႏွစ္ပတ္အၾကာ၌ တစ္ဘာသာ လွ်င္ က်ပ္ ၂၅,၀၀၀ ေပးသြင္းကာ ရမွတ္ကို ျပန္လည္စိစစ္ႏုိင္သည္ဟု ျမန္မာႏုိင္ငံစာစစ္ဦးစီး ဌာနက ေၾကညာထားသည္။ေအာင္စာရင္းထြက္ၿပီးရင္ ၾကည့္ခ်င္တဲ့ကေလးေတြက ျပန္ ၿပီးေတာ့ေမးျမန္းမယ္။ သူတုိ႔ရ မွတ္ေလးေတြအေပၚမွာ အဆင္ မေျပလို႔ျပန္စစ္ေဆးေပးပါလို႔ ေလွ်ာက္လာရင္ ျပန္စစ္ေဆးေပး တယ္’’ ဟု ဦးမိုးျမင့္ေက်ာ္ကဆို သည္။
တကၠသိုလ္၀င္ စာေမးပြဲ ေအာင္စာရင္းထြက္ၿပီးတစ္ပတ္ အတြင္းအမွတ္စာရင္းမ်ားကို ေန ျပည္ေတာ္႐ံုးအမွတ္ (၅၂) ရွိ ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာနႏွင့္ ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာန (လိႈင္ တကၠသိုလ္နယ္ေျမ)၊ ရန္ကုန္႐ံုး ခြဲတို႔၌ ထုတ္ေပးသည္။ ရရွိေသာ အမွတ္စာရင္းမ်ားကို ေက်နပ္မႈ မရွိပါက အမွတ္စာရင္းထုတ္ေပး ၿပီးတစ္ပတ္ခန္႔အၾကာတြင္ေျဖဆို သူကိုယ္တုိင္ (သို႔မဟုတ္) မိဘက စာစစ္ဦးစီးဌာန႐ံုးမ်ား၌ အေျဖ လႊာျပန္စစ္ေစလိုေၾကာင္းတင္ျပ ရသည္။စာေမးပြဲအေျဖလႊာကို ဘာ သာရပ္အလိုက္စာစစ္မွဴးခ်ဳပ္မ်ား ဦးေဆာင္သည့္ စာစစ္အဖြဲ႕က ျပန္လည္စစ္ေဆးၿပီး မူလစစ္ေဆး မႈႏွင့္ကြဲလြဲမႈရွိ၊ မရွိေက်ာင္းသား ထံအေၾကာင္းျပန္သည္။
‘‘စာစစ္အဖြဲ႕ကို အေၾကာင္း ၾကားေပးမယ္။ ျပန္စစ္ေဆးမယ္။ သူျပန္လည္စစ္ေဆးတဲ့ဘာသာ ရပ္ေတြဟာကြဲလြဲမႈရွိ၊ မရွိဆိုတာ စာစစ္အဖြဲ႕က ျပန္ၾကားတာကို စာစစ္ဦးစီးဌာနက ျပန္ၾကားေပး မယ္။ အေျဖလႊာကို သူ႔ကိုျပန္ျပ တာမ်ိဳးမဟုတ္ဘူး’’ ဟု ျမန္မာ ႏုိင္ငံစာစစ္ဦးစီးဌာန ဒုတိယၫႊန္ ၾကားေရးမွဴး ေဒါက္တာသိန္းဇံက ရွင္းျပသည္။ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန အခ်က္အလက္မ်ားအရ ၂၀၁၇ ကတကၠသုိလ္၀င္စာေမးပြဲအေျဖ လႊာျပန္ေတာင္းၾကည့္သူ ၄၀၀ ေက်ာ္ရွိသည္။တကၠသိုလ္၀င္စာေမးပြဲအ ေျဖလႊာျပန္စစ္ခကို ယခင္ႏွစ္အ ထိတစ္ဘာသာလွ်င္ က်ပ္ငါး ေထာင္သာ ေပးသြင္းရေသာ္ လည္းယခု ၂၀၁၉ တကၠသိုလ္ ၀င္စာေမးပြဲကစကာ တစ္ဘာသာ လွ်င္ က်ပ္ ၂၅,၀၀၀ အထိတိုး ျမႇင့္ထားသည္။
Credit 7DaysDailyNews
Unicode
တက္ကသိုလ်၀င်စာမေးပွဲ အအောင်၊ အရံှုးနှင့်ရမှတ်ကိုသံသယရှိပါက အဖြေလွှာ ပြန်စစ်ပေးရန်တောင်းဆိုနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမိုးမြင့် ကျော်က ပြောသည်။၂၀၁၉ တက္ကသိုလ်၀င်စာမေးပွဲတွင် ဘာသာရပ်ဆိုင်ရာ ရမှတ်များမျှော်မှန်းထားသည် ထက်လျော့နည်းနေပါက အမှတ်စာရင်းစတင်ထုတ်ပေးပြီး နှစ်ပတ်အကြာ၌ တစ်ဘာသာ လျှင် ကျပ် ၂၅,၀၀၀ ပေးသွင်းကာ ရမှတ်ကို ပြန်လည်စိစစ်နိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ကြေညာထားသည်။အောင်စာရင်းထွက်ပြီးရင် ကြည့်ချင်တဲ့ကလေးတွေက ပြန် ပြီးတော့မေးမြန်းမယ်။ သူတို့ရ မှတ်လေးတွေအပေါ်မှာ အဆင် မပြေလို့ပြန်စစ်ဆေးပေးပါလို့ လျှောက်လာရင် ပြန်စစ်ဆေးပေး တယ်’’ ဟု ဦးမိုးမြင့်ကျော်ကဆို သည်။
တက္ကသိုလ်၀င် စာမေးပွဲ အောင်စာရင်းထွက်ပြီးတစ်ပတ် အတွင်းအမှတ်စာရင်းများကို နေ ပြည်တော်ရုံးအမှတ် (၅၂) ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင် တက္ကသိုလ်နယ်မြေ)၊ ရန်ကုန်ရုံး ခွဲတို့၌ ထုတ်ပေးသည်။ ရရှိသော အမှတ်စာရင်းများကို ကျေနပ်မှု မရှိပါက အမှတ်စာရင်းထုတ်ပေး ပြီးတစ်ပတ်ခန့်အကြာတွင်ဖြေဆို သူကိုယ်တိုင် (သို့မဟုတ်) မိဘက စာစစ်ဦးစီးဌာနရုံးများ၌ အဖြေ လွှာပြန်စစ်စေလိုကြောင်းတင်ပြ ရသည်။စာမေးပွဲအဖြေလွှာကို ဘာ သာရပ်အလိုက်စာစစ်မှူးချုပ်များ ဦးဆောင်သည့် စာစစ်အဖွဲ့က ပြန်လည်စစ်ဆေးပြီး မူလစစ်ဆေး မှုနှင့်ကွဲလွဲမှုရှိ၊ မရှိကျောင်းသား ထံအကြောင်းပြန်သည်။
‘‘စာစစ်အဖွဲ့ကို အကြောင်း ကြားပေးမယ်။ ပြန်စစ်ဆေးမယ်။ သူပြန်လည်စစ်ဆေးတဲ့ဘာသာ ရပ်တွေဟာကွဲလွဲမှုရှိ၊ မရှိဆိုတာ စာစစ်အဖွဲ့က ပြန်ကြားတာကို စာစစ်ဦးစီးဌာနက ပြန်ကြားပေး မယ်။ အဖြေလွှာကို သူ့ကိုပြန်ပြ တာမျိုးမဟုတ်ဘူး’’ ဟု မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာသိန်းဇံက ရှင်းပြသည်။မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အချက်အလက်များအရ ၂၀၁၇ ကတက္ကသိုလ်၀င်စာမေးပွဲအဖြေ လွှာပြန်တောင်းကြည့်သူ ၄၀၀ ကျော်ရှိသည်။တက္ကသိုလ်၀င်စာမေးပွဲအ ဖြေလွှာပြန်စစ်ခကို ယခင်နှစ်အ ထိတစ်ဘာသာလျှင် ကျပ်ငါး ထောင်သာ ပေးသွင်းရသော် လည်းယခု ၂၀၁၉ တက္ကသိုလ် ၀င်စာမေးပွဲကစကာ တစ်ဘာသာ လျှင် ကျပ် ၂၅,၀၀၀ အထိတိုး မြှင့်ထားသည်။
Credit 7DaysDailyNews


