“ပထမံ ဘိုးဘိုးအောင်၏ ရွှေငွေဥစ္စာ ပေါများစေမည့် ဣစ္ဆာသယ ယတြာ”
၁။အုနိးသီးတစ်စိတ်
၂။သကြားတစ်ဇွန်း
ဦးကုသဏ္လ
Credit \ original
Unicode ဖြင့်ဖတ်ရန်
*မွေးနေ့နံနက် စောစောတွင် ဆွမ်းတော် (၉)ပွဲ၌
၁။အုနိးသီးတစ်စိတ်
၂။သကြားတစ်ဇွန်း
၃။ဆီစိမ်ထားသော လက်ဖက်သန့်သန့်တစ်ပုံ
၄။အခွံနွာပြီးသား ငှက်ပျောသီးတစ်လုံးစီ ဆွမ်းကိုးပွဲတွင် ထည့်ပါ။
*ပထမဆွမ်းပွဲကို ဘုရားလှူပါ။ဆွမ်းပွဲအနီးတွင် ဖယောင်းတိုင် အကြီးတစ်တိုင်ထွန်းညှိပူဇော်ပါ။
*ကျန် (၈)ပွဲကို အထက်ဝိဇ္ဇာကြီးများကို လှူပါ။ဆွမ်းပွဲရဲ့အလယ်မှာ ဖယောင်းတိုင် (၁)တိုင်စီ ထွန်းညှိပူဇော်ပါ။
*ပြီးလျှင် ဆွမ်းပွဲ တစ်ပွဲစီကို လက်ဖြင့်ကိုင်မြှောက်ကပ်လှူပြီး သစ္စာဆို၍ မိမိအခက်အခဲကိစ္စကို ပြေပျောက်အောင်ဆုတောင်းပါ။
*ဆွမ်းတော်များကပ်လှူပြီးအောက်ပါဂါထာဖြင့် (၃)ခေါက်ရွတ်ဆိုပူဇော်ပါ။
*အို…ဘုရား ပစ္စေကဗုဒ္ဓါ lရဟန္တာလည်း ပညာဓိကသဒ္ဓါဓိကlဝိရိယာဓိကတည်းဟူသော ပုဗ္ဗေနိဝါသဉာဏ်lဒိဗ္ဗစက္ခုဉာဏ်lအာသဝက္ခဉာဏ် ဤဉာဏ်တော်သုံးပါးဖြင့် ဘုရားရှင်စေတော်မူသည်။
*အို…ဝိဇ္ဇာဒိ ဝိဇ္ဇာ သဗ္ဗဝိဇ္ဇာ ဧဟိ lစတုသမ္ဘိန ္နဝိဇ္ဇာဆေးဝိဇ္ဇာ lပြဒါးဝိဇ္ဇာ lသံဝိဇ္ဇာ lအင်းဝိဇ္ဇာ lမနောမယဝိဇ္ဇာ ဝိဇ္ဇာအပေါင်းထောင်သောင်းက ကျွန်ုပ်( …… )အား တစ်နေ့မပြတ် စောင့်ရှောက်တော်မူပါ။
(ဣစာသယ လိုတိုင်းတ၍ ခဏမသွေ ပြည့်စုံစေသတည်း-လိုရာသုံးကြ ဣစာသယ)
ဦးကုသဏ္လ
(မနောမယ သိဒ္ဓိ ဝိဇ္ဇာဓိုလ်ကျမ်း)
Naymyo(Royal Oo)တင်ပြသည်
Credit \ original