သံဃာ(၂၅)ပါးကို ..ကာကြယ္ေဆးထိုးေပးၿပီး ..ကုသိုလ္ယူခဲ့တဲ့ …နန္းျမတ္ၿဖိဳးသင္း
[Zawgyi Version]
နန္းျ မတ္ ၿဖိဳး သင္းက သံဃာ(၂၅)ပါးကို ကာကြယ္ေဆးထိုးၿပီး ကုသိုလ္ယူခဲ့တာ ျဖစ္ပါတယ္။ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီးေဆးမကုခဲ့ရေပမယ့္ ယခုလုိ က်န္းမာေရးကုသိုလ္ျပဳရတဲ့အတြက္ ဝမ္း သာၾကည္ႏူးရတယ္လို႕ ဆုိပါတယ္။
Photo : နန္းျမတ္ၿဖိဳးသင္း
သ ရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ ခင္ပြန္းျဖစ္သူ ကိုးကြယ္တဲ့ ဘုန္းႀကီးေက်ာင္းက သံဃာ(၂၅)ပါးကို တုတ္ေကြးကာကြယ္ေဆးထိုးေပးၿပီး ကုသိုလ္ယူခဲ့တာ ေတြ႕ရပါတယ္။
“ယေန႔ကုသိုလ္ သံဃာ၂၅ပါး ကာကြယ္ေဆးထိုး ေဆးဝယ္ရခက္ေနတဲ့အခ်ိန္ ေဆး၂၅လံုးရေအာင္စီစဥ္ေပးတဲ့ ပီတိသုခ Pharmacy, Mother’s Care & Baby accessories ကိုေက်းဇူးတင္ပါတယ္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇြန္လ(၂၃) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။
Photo : နန္းျမတ္ၿဖိဳးသင္း
သာ သနာ့အတြက္ အက်ိိဳးျပဳမယ့္ သံဃာေတြအတြက္ ယခုလို ကုသုိလ္ျပဳရတဲ့အတြက္ သူမမွာ ဝမ္းသာလို႕ေနပါတယ္။
“ေဆး ဝယ္ ရခက္ေနခ်ိန္မွာယခုလို လွဴဒါန္းခြင့္ရတဲ့အတြက္ တကယ္ ဝမ္းသာၾကည္ႏူးရပါတယ္။ ဒီႏွစ္အတြက္ တုတ္ေတြးကာကြယ္ေဆး ထိုးေပးခဲ့တာေပါ့။ နန္းျမတ္က ဆရာဝန္ေတာ့ ျဖစ္တယ္။ ေဆးမကုခဲ့ရဘူး။ အခုလိုမ်ိဳး သာသနာ့အတြက္ အက်ိဳးျပဳမယ့္ သံဃာေတြကို ကိုယ္တိုင္ က်န္းမာေရး ကုသိုလ္ျပဳခြင့္ရတဲ့ အတြက္ ဝမ္းသာၾကည္ႏူးမဆံုးျဖစ္ရပါတယ္””လို႕ Duwun Media ကို ေျဖဆိုေပးခဲ့ပါတယ္။
Photo : နန္းျမတ္ၿဖိဳးသင္း
သရုပ္ေဆာင္ နန္းျမတ္ၿဖဳိးသင္းက အခုဆုိရင္ သားတစ္ေယာက္မိခင္ ျဖစ္လုိ႔ေနပါၿပီ။ သားေလးကုိ ေမြးၿပီးကတည္းက ရုိက္ကူးေရးေတြ အတူတူ မလုပ္ျဖစ္တဲ့ အေၾကာင္းကုိလည္း မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။
‘’အရမ္းစုိးရိိမ္တာက တစ္ခုခု အေျပာခံရမွာကုိေပါ့ေနာ္။ ဘာေၾကာင့္လဲဆုိေတာ့ အခုေခတ္က ဘာေလးပဲ တင္တင္ မေကာင္းေျပာတာက နည္းနည္းမ်ားတာဆုိေတာ့ သားေလးကုိ နန္းျမတ္စုိးရိမ္တယ္။ ကုိယ္ဆုိရင္ ခံႏုိင္တယ္။ ကုိယ့္သားဆုိရင္ေတာ့ မခံႏုိင္ဘူး။ ငယ္ေသးတာလည္း ပါပါတယ္’’ လုိ႔ သူကဆုိပါတယ္။
Photo : နန္းျမတ္ၿဖိဳးသင္း
နန္းျမတ္ၿဖဳိးသင္းက သားေလး Jack Jack ကုိ ၂၀၁၉ ခုႏွစ္ ဧၿပ႔ီလ ၁၂ ရက္ေန႔က ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သားေလးက ၄ ေပါင္နီးနီး ရွိတယ္လုိ႔လည္း ေျပာျပခဲ့ဖူးပါတယ္။ သရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္း (Nann Myat Phyo Thin) ဟာ ခ်စ္သူ ကိုတာတာမ်ိဳးနဲ႕ ၂၀၁၇ခုႏွစ္၊ ႏိုဝင္ဘာ(၂၆) ရက္ေန႕က လပ္ထပ္ခဲ့တာ ျဖစ္ပါတယ္။ မဂၤလာပြဲကို ရန္ကုန္ၿမိဳ႕၊ ဆီဒိုးနားဟိုတယ္မွာ က်င္းပခဲ့ၿပီး မဂၤလာညစာစားပြဲကို ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္မွာ ႏိုဝင္ဘာ(၂၇) ရက္ေန႕ သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႕ ေပ်ာ္ရႊင္စြာျပဳလုပ္ခဲ့တာပါ။
Credit- Duwun
[Unicode Version]
နန်းမြတ်ဖြိုးသင်းက သံဃာ(၂၅)ပါးကို ကာကွယ်ဆေးထိုးပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီးဆေးမကုခဲ့ရပေမယ့် ယခုလို ကျန်းမာရေးကုသိုလ်ပြုရတဲ့အတွက် ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းက သံဃာ(၂၅)ပါးကို တုတ်ကွေးကာကွယ်ဆေးထိုးပေးပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
“ယနေ့ကုသိုလ် သံဃာ၂၅ပါး ကာကွယ်ဆေးထိုး ဆေးဝယ်ရခက်နေတဲ့အချိန် ဆေး၂၅လုံးရအောင်စီစဉ်ပေးတဲ့ ပီတိသုခ Pharmacy, Mother’s Care & Baby accessories ကိုကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေအတွက် ယခုလို ကုသိုလ်ပြုရတဲ့အတွက် သူမမှာ ဝမ်းသာလို့နေပါတယ်။
“ဆေးဝယ်ရခက်နေချိန်မှာယခုလို လှူဒါန်းခွင့်ရတဲ့အတွက် တကယ် ဝမ်းသာကြည်နူးရပါတယ်။ ဒီနှစ်အတွက် တုတ်တွေးကာကွယ်ဆေး ထိုးပေးခဲ့တာပေါ့။ နန်းမြတ်က ဆရာဝန်တော့ ဖြစ်တယ်။ ဆေးမကုခဲ့ရဘူး။ အခုလိုမျိုး သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေကို ကိုယ်တိုင် ကျန်းမာရေး ကုသိုလ်ပြုခွင့်ရတဲ့ အတွက် ဝမ်းသာကြည်နူးမဆုံးဖြစ်ရပါတယ်””လို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားတစ်ယောက်မိခင် ဖြစ်လို့နေပါပြီ။ သားလေးကို မွေးပြီးကတည်းက ရိုက်ကူးရေးတွေ အတူတူ မလုပ်ဖြစ်တဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
‘’အရမ်းစိုးရိမ်တာက တစ်ခုခု အပြောခံရမှာကိုပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်က ဘာလေးပဲ တင်တင် မကောင်းပြောတာက နည်းနည်းများတာဆိုတော့ သားလေးကို နန်းမြတ်စိုးရိမ်တယ်။ ကိုယ်ဆိုရင် ခံနိုင်တယ်။ ကိုယ့်သားဆိုရင်တော့ မခံနိုင်ဘူး။ ငယ်သေးတာလည်း ပါပါတယ်’’ လို့ သူကဆိုပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ကို ၂၀၁၉ ခုနှစ် ဧပြ့ီလ ၁၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သားလေးက ၄ ပေါင်နီးနီး ရှိတယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။
Credit- Duwun





