“ဘီယာဟာ ဆံပင္ကို အရွည္ျမန္ေစပါတယ္တဲ့” …(မိန္းခေလးမ်ား အတြက္) …
ဘီယာဟာ ဆံပင္ကိုအရွည္ျမန္ေစပါတယ္တဲ့ …
သင္မသိေသးတဲ့ ဘီယာရဲ့ အေထြေထြအသံုး၀င္ပံုမ်ား …
(၁)ဆံပင္ကိုအရွည္ျမန္ေစတယ္ …
ဘီယာမွာ ဗီတာမင္ ဘီနဲ့ ဆီလီကြန္ပါ၀င္တာေျကာင့္ ဆံသားကိုအားျပည့္ေစျပီး ဆံသားလွပ က်န္းမာေစပါတယ္။ ဆံပင္ေပၚသို့ ဘီယာတစ္ခြက္ကို ေလာင္းျပီး ဦးေရျပားကို နွိပ္နယ္ေပးပါ။ ၅မိနစ္ခန့္ျကာမွ ေခါ္င္းျပန္ေလ်ွာ္ေပးပါ။ ဆံသားမ်ား ေတာက္ပတာကို ေတြ့ျမင္ရပါမယ္။
(၂)အသားအေရတင္းရင္းေစတယ္ …
ဘီယာမွာ အသားအေရနုပ်ိဴေစေသာ ဓာတ္တိုးဆန့္က်င္ အာနိသင္ရွိတာမို့ အေရျပား အိုမင္းရင့္ေရာ္ျခင္းမွ ကာကြယ္ေပးပါတယ္။ ထို့ျပင္ အေရျပားဆဲလ္ေတြကို အားေကာင္းေစျပီး အေရးအေျကာင္းျဖစ္ျခင္းမွလဲ ကာကြယ္ေပးပါေသးတယ္။
ဘီယာ ထမင္းစားဇြန္း၁ဇြန္းကို ျကက္ဥအကာ နဲ့ သံလြင္ဆီ ၃စက္ခန့္ေရာပါ။ထို့ေနာက္ မ်က္နာကို လိမ္းေပးျပီး ၁၀မိနစ္ထားပါ။
(၃)အိပ္ေပ်ာ္ေစတယ္ …
ဘီယာမွာပါ၀င္ေသာ hop flower ကို ညအိပ္မေပ်ာ္ေသာ ေရာဂါမ်ားတြင္ သဘာ၀ အိပ္ေပ်ာ္ေဆးအျဖစ္ထည့္သြင္းအသံုးျပဳပါတယ္။
သင့္ ေခါင္းအံုးေတြကို ဘီယာ နဲ့ ေရ ဆတူေရာထားေသာအရည္ျဖင့္ ေလ်ွာ္ေပးပါ။ထိုေခါင္းအံုးျဖင့္အိပ္ပါက ျမန္ျမန္အိပ္ေပ်ာ္ပါလိမ့္မယ္။
(၄)ေျခေထာက္ေညာင္းျခင္းကို ေျပေလ်ာ့ေစတယ္ …
ဇလံုးတစ္ခုမွာ ဘီယာေအးေအးကိုျဖည့္ပါ။ ထို့ထဲသို့ ေျခေထာက္ကို မိနစ္အနည္းငယ္နွစ္ပါ။ သင့္ေျခေထာက္ကို အေညာင္းေျပေစပါတယ္။
(၅)အသားမ်ား နွပ္ရာတြင္ အသံုး၀င္ျခင္း …
အသားမ်ားကို ဘီယာနွင့္ နွပ္ျခင္းျဖင့္ အရသာမပ်က္ေစပဲ ပိုမိုနူးအိေစပါလိမ့္မယ္။ သင္အသံုးျပဳလိုေသာ အသားကို ဗူးတစ္ခုတြင္ထည့္ပါ…။
ထိုထဲသို့ ဘီယာနည္းနည္းထည့္ျပီး ေရခဲေသတာထဲတြင္ တစ္ညအိပ္ထားပါ။ေနာက္တစ္ေန့မွာ အရသာေကာင္းမြန္ျပီး နူးအိတဲ့အသားေတြကို ရရွိမွာပါ။
(၆)ပရိေဘာဂမ်ားအေရာင္လက္ေစျခင္း …
ဘီယာခပ္ေနြးေနြးကို အ၀တ္စတစ္ခုတြင္ သုတ္ပါ။ထိုအ၀တ္ျဖင့္ သစ္သားပရိေဘာဂမ်ားကို ပြတ္တိုက္ေပးပါ။
(၇)ယင္ေကာင္ေတြ ကို ေျပးေစတယ္ …
ဘီယာကို ခြက္တစ္လံုးတြင္ထည့္ပါ။ ထိုခြက္ကို အလူမီနီယမ္ျပားျဖင့္ဖံုးပါ။ ထိုအလူမီနီယမ္ျပားကို အေပါက္ငယ္ေလးေတြေဖာက္ထားဖို့ လိုပါတယ္။ ထိုအေပါက္ကေနတဆင့္ ယင္ေကာင္ေတြခြက္ထဲသို့ က်သြားမွာ ျဖစ္ပါတယ္။
(၈)သတၱဳမ်ားကို အေရာင္ေတာက္ပေစျခင္း …
ဘီယာတြင္ အက္စစ္ပါ၀င္မွု နည္းပါးတာမို့ သင့္ လက္၀တ္ရတနာမ်ားနဲ့ စတီးအိုးမ်ားကို ေျပာင္လက္ေအာင္အသံုးျပဳနိုင္ပါတယ္။ အ၀တ္စတစ္ခုကို ဘီယာျဖင့္စိမ္ျပီး ပြတ္တိုက္ေပးရံုပဲျဖစ္ပါတယ္။
Credit \\ original
Unicode
ဘီယာဟာ ဆံပင်ကိုအရှည်မြန်စေပါတယ်တဲ့ …
သင်မသိသေးတဲ့ ဘီယာရဲ့ အထွေထွေအသုံးဝင်ပုံများ …
(၁)ဆံပင်ကိုအရှည်မြန်စေတယ် …
ဘီယာမှာ ဗီတာမင် ဘီနဲ့ ဆီလီကွန်ပါဝင်တာကြောင့် ဆံသားကိုအားပြည့်စေပြီး ဆံသားလှပ ကျန်းမာစေပါတယ်။ ဆံပင်ပေါ်သို့ ဘီယာတစ်ခွက်ကို လောင်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၅မိနစ်ခန့်ကြာမှ ခေါ်င်းပြန်လျှော်ပေးပါ။ ဆံသားများ တောက်ပတာကို တွေ့မြင်ရပါမယ်။
(၂)အသားအရေတင်းရင်းစေတယ် …
ဘီယာမှာ အသားအရေနုပျိူစေသော ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာမို့ အရေပြား အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ ထို့ပြင် အရေပြားဆဲလ်တွေကို အားကောင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါသေးတယ်။
ဘီယာ ထမင်းစားဇွန်း၁ဇွန်းကို ကြက်ဥအကာ နဲ့ သံလွင်ဆီ ၃စက်ခန့်ရောပါ။ထို့နောက် မျက်နာကို လိမ်းပေးပြီး ၁ဝမိနစ်ထားပါ။
(၃)အိပ်ပျော်စေတယ် …
ဘီယာမှာပါဝင်သော hop flower ကို ညအိပ်မပျော်သော ရောဂါများတွင် သဘာဝ အိပ်ပျော်ဆေးအဖြစ်ထည့်သွင်းအသုံးပြုပါတယ်။
သင့် ခေါင်းအုံးတွေကို ဘီယာ နဲ့ ရေ ဆတူရောထားသောအရည်ဖြင့် လျှော်ပေးပါ။ထိုခေါင်းအုံးဖြင့်အိပ်ပါက မြန်မြန်အိပ်ပျော်ပါလိမ့်မယ်။
(၄)ခြေထောက်ညောင်းခြင်းကို ပြေလျော့စေတယ် …
ဇလုံးတစ်ခုမှာ ဘီယာအေးအေးကိုဖြည့်ပါ။ ထို့ထဲသို့ ခြေထောက်ကို မိနစ်အနည်းငယ်နှစ်ပါ။ သင့်ခြေထောက်ကို အညောင်းပြေစေပါတယ်။
(၅)အသားများ နှပ်ရာတွင် အသုံးဝင်ခြင်း …
အသားများကို ဘီယာနှင့် နှပ်ခြင်းဖြင့် အရသာမပျက်စေပဲ ပိုမိုနူးအိစေပါလိမ့်မယ်။ သင်အသုံးပြုလိုသော အသားကို ဗူးတစ်ခုတွင်ထည့်ပါ…။
ထိုထဲသို့ ဘီယာနည်းနည်းထည့်ပြီး ရေခဲသေတာထဲတွင် တစ်ညအိပ်ထားပါ။နောက်တစ်နေ့မှာ အရသာကောင်းမွန်ပြီး နူးအိတဲ့အသားတွေကို ရရှိမှာပါ။
(၆)ပရိဘောဂများအရောင်လက်စေခြင်း …
ဘီယာခပ်နွေးနွေးကို အဝတ်စတစ်ခုတွင် သုတ်ပါ။ထိုအဝတ်ဖြင့် သစ်သားပရိဘောဂများကို ပွတ်တိုက်ပေးပါ။
(၇)ယင်ကောင်တွေ ကို ပြေးစေတယ် …
ဘီယာကို ခွက်တစ်လုံးတွင်ထည့်ပါ။ ထိုခွက်ကို အလူမီနီယမ်ပြားဖြင့်ဖုံးပါ။ ထိုအလူမီနီယမ်ပြားကို အပေါက်ငယ်လေးတွေဖောက်ထားဖို့ လိုပါတယ်။ ထိုအပေါက်ကနေတဆင့် ယင်ကောင်တွေခွက်ထဲသို့ ကျသွားမှာ ဖြစ်ပါတယ်။
(၈)သတ္တုများကို အရောင်တောက်ပစေခြင်း …
ဘီယာတွင် အက်စစ်ပါဝင်မှု နည်းပါးတာမို့ သင့် လက်ဝတ်ရတနာများနဲ့ စတီးအိုးများကို ပြောင်လက်အောင်အသုံးပြုနိုင်ပါတယ်။ အဝတ်စတစ်ခုကို ဘီယာဖြင့်စိမ်ပြီး ပွတ်တိုက်ပေးရုံပဲဖြစ်ပါတယ်။
Credit \\ original


