လန်ဒန်မြို့မှာ နီနီရဲရဲဖက်ရှင်လေးနဲ့ လျှောက်လည်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ပုံရိပ်တွေ
ခရက်ဒစ် – ဆယ်လီfamily
ယူနီကုဒ်ဖြင့် ဖတ်ရနိ
တစိမ့်စိမ့်ကြည့်မဝတဲ့ အလှအပကြောင့်ရော ထူးချွန်လွန်းတဲ့ သူမရဲ့အနုပညာကြောင့်ပါ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော အနုပညာနဲ့ပတ်သတ်ရင် ထိထိမိမိနဲ့ အကောင်းဆုံးသရုပ်ဆောင်တတ်သူတစ်ဦးပါ။
လတ်တလောမှာတော့ အူဝဲကချစ်စရာကောင်းတဲ့ သားနဲ့သမီးတို့နဲ့အတူ လန်ဒန်မြို့သို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး၊ သူမရဲ့အမိုက်စား ပုံလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲဖက်ရှင်ကျနေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ လန်ဒန်မြို့ကြီးမှာလည်း ထင်ထင်ရှားရှားနဲ့ အရမ်းကိုပဲ မိုက်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ရဲရဲတောက်ဖက်ရှင်နဲ့ လန်ဒန်မြို့မှာ ဂေါ်နေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အိန္ဒြာကျော်ဇင်ကတော့ “LONDON CITY!!အမှတ်တရအဖြစ် snap photoတွေမေတ္တာဖြင့်ရိုက်ပေးပါသော Londonမှ ကိုရဲခန့်နှင့်ကိုနိုင်နိုင်းတို့ကို ကျေးဇူးတင်ပါတယ်
(ဒီပုံလေးတွေပဲ ပုံကောင်းပေါ့နော်, Cameramanရိုက်ပေးလို့.. နောက်တင်မဲ့ပုံတွေကတော့ ကိုယ့်ဘာကိုယ်ဆိုတော့ ဟီး)” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြရတဲ့ အိန္ဒြာကျော်ဇင်ကတော့ ဖက်ရှင်တင်မကဘူး၊ Pose တွေကလည်း လုံးဝအလန်းတွေနော်…။
ပရိသတ်တွေကိုချပြဖို့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဖြစ်နေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာလည်း “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပါသေးတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလိုပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့
တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
ခရက်ဒစ် – ဆယ်လီfamily