ဆရာေတာ္ အရွင္ဆႏၵာဓိက ဆံုးမစာ…!
ဘယ္သူကဲ႔ရဲ႕ ကဲ႔ရဲ႕
ဘုရားမကဲ႔ရဲ႕ေအာင္ေန။
စိတ္မွာ အသိဥာဏ္ နည္းရင္ ရိုင္းတယ္။
စိတ္မွာ အသိဥာဏ္မ်ားရင္ ယဥ္ေက်းတယ္။
ဆဲဆိုတာ သူ႕အလုပ္
သည္းခံတာ ကိုယ့္တာ၀န္။
ကဲ႔ရဲ႕တာသူ႕အလုပ္
သည္းခံတာ ကိုယ့္တာ၀န္။
ခ်စ္စရာေကာင္းတာ သူ႔အလုပ္
မခ်စ္မိေအာင္သည္းခံတာ ကိုယ့္တာ၀န္။
မုန္းစရာေကာင္းတာသူ႕အလုပ္
မမုန္းမိေအာင္သည္းခံတာ ကိုယ့္တာ၀န္။
စိတ္မပူေလာင္ခ်င္ရင္
ဘယ္သူ႔ကိုမွ မခ်စ္ပါနဲ႔။
စိတ္မဆင္းရဲခ်င္ရင္
ဘယ္သူ႕ကိုမွမမုန္းပါနဲ႔။
ကိုယ့္ကိုကိုယ္စိတ္ေကာင္းရွိတယ္..
သေဘာထားႀကီးတယ္လို႕ယူဆထားရင္
ႀကီးတဲ့အျပစ္ေသးေအာင္…
ေသးတဲ့အျပစ္ပေပ်ာက္ေအာင္
ျပဳလုပ္ႏိုင္စြမ္းရွိရမယ္။
သူတစ္ပါးရဲ႕အမွားခ်ိဳ႔ယြင္းခ်က္ကို
အျပစ္ျမင္၊ အျပစ္တင္မယ္ႀကံတိုင္း
ငါ့မွာေရာ အမွားလံုး၀မရွိဘူးလားလို႔
ဆင္ျခင္ႏွလံုးသြင္းႏိုင္မယ္ဆိုရင္ေတာ့
သူတစ္ပါးရဲ႕လုပ္ရပ္ေတြအေပၚ
သည္းခံခြင့္လႊတ္ႏိုင္စြမ္း
တိုးပြားလာမွာ အမွန္ပါပဲ။
အ႐ွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)
Credit \ original
Unicode >>>>
အရှင်ဆန္ဒာဓိက ဆုံးမစာ
ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့
ဘုရားမကဲ့ရဲ့အောင်နေ။
စိတ်မှာ အသိဉာဏ် နည်းရင် ရိုင်းတယ်။
စိတ်မှာ အသိဉာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာ သူ့အလုပ်
သည်းခံတာ ကိုယ့်တာဝန်။
ကဲ့ရဲ့တာသူ့အလုပ်
သည်းခံတာ ကိုယ့်တာဝန်။
ချစ်စရာကောင်းတာ သူ့အလုပ်
မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်။
မုန်းစရာကောင်းတာသူ့အလုပ်
မမုန်းမိအောင်သည်းခံတာ ကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင်
ဘယ်သူ့ကိုမှ မချစ်ပါနဲ့။
စိတ်မဆင်းရဲချင်ရင်
ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်..
သဘောထားကြီးတယ်လို့ယူဆထားရင်
ကြီးတဲ့အပြစ်သေးအောင်…
သေးတဲ့အပြစ်ပပျောက်အောင်
ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို
အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း
ငါ့မှာရော အမှားလုံးဝမရှိဘူးလားလို့
ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ်
သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွားလာမှာ အမှန်ပါပဲ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Credit \ original


