မွေးနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝပုံတူ ရွှံ့ရုပ်တု ပြုလုပ်




မန္တလေးမြို့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပုံတူ ရွှံ့ရုပ်တု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံးက ဒီပုံတူ ရွှံ့ရုပ်တုကိုပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်က ပန်းပုကျောင်းသားတွေရဲ့ လက်ရာတွေ တနေ့ထက် တနေ့ ပိုကောင်းလာတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။





ဇွန် ၁၄ ရက်ကစပြီး ရွှံ့ကိုအသုံးပြုပြီး ရုပ်တုကို ပုံဖော်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ အချောသတ် ပြီးစီးနေပြီးဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း မိုလ်လောင်းပြီး ပလာစတာရုပ်တု ပြုလုပ်သွားဖို့ ရှိနေပြီး ဇွန်လကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာပါ။



ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပလာစတာရုပ်တုကို ဇွန် ၁၉ ရက် ညနေပိုင်းမှာ ဖိုးဝလုံး ဖေ့စ်ဘွတ်ခ်အကောင့်ကနေ မဲဖောက်ပေးသွားမှာဖြစ်ပြီး မဲပေါက်သူကို အဲဒီ ပုံတူ ပလာစတာရုပ်တု ပြီးချိန်မှာ ပေးပို့သွားမှာဖြစ်ပါတယ်။

လူငယ်ပန်းပုပညာရှင် ကိုဖိုးဝလုံးက အရင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပုံတူ နံရံကပ် ပန်းပုရုပ် ၇၃ ရုပ် ပြုလုပ်ပြီး လူမှုကွန်ရက် စာမျက်နှာကတဆင့် မဲဖောက်ပေးခဲ့ပါတယ်။
Credit to DVB

Recent Updates

Recent Posts Widget