သမီးတွေရဲ့ ဆံပင်ပုံစံအတိုင်း ဆင်တူညှပ်လာပြီး ချစ်သုဝေကို အံ့အားသင့်စေခဲ့တဲ့ လင်းလင်း
ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။
မိသားစုကို အမြဲပျော်ရွှင်အောင် ထားတတ်တဲ့ လင်းလင်းက ဒီတစ်ခေါက်မှာတော့ သမီးတွေရဲ့ ဆံပင်ပုံစံအတိုင်း တစ်ပုံစံတည်းတူအောင် လိုက်ညှပ်ခဲ့ပါတယ်။ လင်းလင်းတစ်ယောက်ကတော့ သမီးတွေနဲ့ ဆံပင်ဆင်တူညှပ်ပြီး ပြန်လာပေမယ့် မေမေချစ်သုဝေကတော့ တော်တော်လေး အံ့အားသင့်နေရှာပါတယ်။
လင်းလင်းက “သမီးတွေနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်ကအဖေတွေဟာ အရူး ငပေါတွေဆိုတာ သိပ်မှန်တာဘဲ :))))) ကေတူ မောင်နှမသုံးယောက် :))))) ယခုပုံများနှင့် movie ဖိုင်အားကြည့်ခြင်းအားဖြင့် မေမေထရီဇာရဲ့ ပရိတ်သတ်များအနေနဲ့ သမီးတွေဟာ အဖေနဲ့တူလို့ ချောမောခြင်းအား ကန့်ကွက်မဲမရှိ လက်ခံပေးကြစေကုန်သောဝ် ,,,, ခွိခွိ” ဆိုပြီး အရွှန်းဖောက်ထားပါသေးတယ်။
သမီးနှစ်ယောက်ပုံစံ ဆံပင်ညှပ်လာတော့ သမီးတွေကို ပိုပြီးချစ်ရတာပေါ့ ဖေဖေလင်းလင်းရယ်
ဖေဖေလင်းလင်းကတော့ သမီးတွေကို ချစ်လွန်းအားကြီးလို စိတ်ကူးပေါက်ပြီး ဆံပင်ဆင်တူတွေ ညှပ်လာတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကတော့ တကယ်ကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Htwe Lynn Ko’s fb
Credit \\ original