လေယာဉ်မောင်းနေစဉ်အတွင်း အိပ်ပျော်နေခဲ့တဲ့ လေယာဉ်မှူး
လေယာဉ်ပေါ်မှာ ဇိမ်နဲ့အိပ်ပျော်တယ်ဆိုတာ ခရီးသည်တွေသာဖြစ်နေသင့်တာမဟုတ်လား။ ဒါပေမယ့် တာဝန်ယူပျံသန်းနေတဲ့ လေယာဉ်မှူးကိုယ်တိုင်က အိပ်ပျော်နေတယ်ဆိုတာ သိရရင်တော့ တစ်ဆိတ်တော့မျက်ခုံးလှုပ်စရာပါပဲ။ လန့်ပြီးကျောတောင်ချမ်းလာသလိုလို… တစ်ဖက်ကကြည့်ရင်တော့ တာဝန်မဲ့ခဲ့လေသလားလို့ ဒီလေယာဉ်မှူးအပေါ်အပြစ်ဆိုစရာဖြစ်စေတာလည်း အမှန်ပါပဲ။ဒီလေယာဉ်မှူးရဲ့နာမည်ကတော့ Weng Jiaqi လို့ ခေါ်ပါတယ်။
ထိုင်ဝမ်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ China Airlines မှာ လုပ်သက်နှစ် ၂၀ ကြာ တာဝန်ယူလာတဲ့ အတွေ့အကြုံရင့် အကြီးတန်းအရာရှိ လေယာဉ်မှူးကီးတစ်ဦးပါပဲ။သူက ဆိုးလ်၊ ဟောင်ကောင်၊ ဂွမ်ကျိုး၊ ရှန်ဟိုင်း၊ တိုကျို၊ ဘေဂျင်း၊ အိုကီနာဝါမြို့တွေဆီ ခရီးတိုပျံသန်းမှုတွေမှာ အကြီးတန်းလေယာဉ်မှူးကြီးအဖြစ် တာဝန်ယူပျံသန်းလေ့ရှိသူဖြစ်သလို လေယာဉ်မှူးဖြစ်လိုသူတွေကိုလည်း လေ့ကျင့်သင်ကြားသင်တန်ပေးနေသူဖြစ်ပါတယ်။တစ်ရက် Boeing-747 လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပျံသန်းနေတုန်း သူကအလွန်မောပန်းနွမ်းနယ်နေဟန်နဲ့ မျက်လုံးတွေမှေးစင်းလို့် ထိုးစိုက်ငိုက်မြည်းရင်း အိပ်ပျော်သွားခဲ့ပါတယ်။
ဒီအချိန်မှာပဲ ဒီအဖြစ်ကိုမြင်တဲ့အခါ လေယာဉ်မှူးအခန်းထဲ သူနဲ့အတူတွဲဖက်လိုက်ပါလာတဲ့ လုပ်ဖော်ကိုင်ဖက် လေယာဉ်မှူးက သူ့ကိုစနောက်လှောင်ပြောင်ဖို့အတွက် သူအိပ်ပျော်နေတဲ့ဗွီဒီယိုမှတ်တမ်းကို အပျော်အပြက်ရိုက်ကူးခဲ့ရာက လက်အရှိန်လွန်ပြီး ဆိုရှယ်မီဒီယာမှာတင်ခဲ့လို့ လူသိရှင်ကြားဖြစ်ပြီး လူပြောများစရာ၊ အဆိုးဆိုစရာ၊ ဝေဖန်ကဲ့ရဲ့အပြစ်တင်စရာဖြစ်သွားစေခဲ့ပါတယ်။လေယာဉ်မှူးကြီး တာဝန်ယူမောင်းနှင်လာတဲ့ သူအိပ်ငိုက်သွားခဲ့တဲ့ လေယာဉ်ခရီးစဉ်အတွင်း ဘာအန္တရာယ်မှမဖြစ်ပေါ်ခဲ့ပေမယ့် ကုမ္ပဏီကသိသွားခဲ့အခါမှာတော့ မလျော်ကန်ု၊ မညီညွတ်တဲ့အပြုအမူအဖြစ် သတ်မှတ်တာကြောင့် နှစ်ရှည်လများ လုပ်ကိုင်လာတဲ့ အလုပ်ကနေ အထုတ်ပယ်ခံခဲ့ရပါတော့တယ်။တွဲဖက်လေယာဉ်မှူးကိုပါ ပြစ်ဒဏ်ချမှတ်ပေးခဲ့တာကြောင့် သူပါအလုပ်ပြုတ်ခဲ့ပါတယ်။ ဒီဗွီဒီယိုကို ဝေဖန်ကြည့်ရှုသူများပြားခဲ့တာကြောင့် ပျံ့နှံသွားခဲ့သလို ခရီးသည်တွေရဲ့ဝေဖန်ထိုးနှက်မှုနဲ့ လေယာဉ်မှူးတွေရဲ့ တာဝန်မကျေလည်မှုအပေါ် ငြင်းခုန်ဆွေးနွေးတွေများသွားစေခဲ့ပါတယ်။တချို့ကလည်း Video ထဲမှာ လေယာဉ်မှူးကြီး အရမ်းပင်ပန်းနေတာကို ခံစားမိတာကြောင့် ကိုယ်ချင်းစာနာသူတွေရှိခဲ့သလို တရုတ်ပြည်မှာ အလုပ်ချိန် နာရီပေါင်းများစွာကို အဆမတန် လုပ်ကိုင်တာဝန်ယူရတဲ့ လေယာဉ်မှူးတွေဟလည်း ဆန္ဒပြထုတ်ဖ်ာမှုတွေရှိခဲ့ဖူးတာပါ။ZAW (H2H)
Credit \\ original