“ကမာၻပတ္မယ့္ခ်စ္သူကို မလိုက္ေလ်ာေပးႏိုင္ေၾကာင့္ လမ္းခြဲလိုက္တာဆိုတဲ့ သင္ဇာဝင့္ေက်ာ္”
ပုရိသေတြရဲ႕ အသည္းစြဲ သရုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ကေတာ့ ေခတ္ေရွ့ေျပးတဲ့ဖက္ရွင္ေတြနဲ႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို အမ်ားဆံုးရရွိထားတဲ့ ဆက္စီမင္းသမီးေလးပါ။အႏုပညာအလုပ္ေတြနဲ႔အတူ တဖက္မွာလည္း အခ်စ္ေရးကို အားက်ရေလာက္ေအာင္ ခ်စ္ျပခဲ့သူပါ။ႏိုင္ငံျခားသားခ်စ္သူကိုရရွိထားတဲ့ သင္ဇာက မၾကာေသးခင္က ခ်စ္သူနဲ႔လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အတိအလင္းေၾကျငာလိုက္တာပါ။ LDRS ဘဝကိုပိုင္ဆိုင္ထားတဲ့ သင္ဇာတို႔ခ်စ္သူသက္တမ္း ၆ လမွာ ၃ လေလာက္သာတြဲျဖစ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။

လမ္းခြဲလိုက္ရတာကလည္း သူ႔ဘက္ကေတာင္းဆိုမႈေတြကို မလိုက္ေလ်ာေပးႏိုင္လို႔ဆိုတဲ့အေၾကာင္းအင္တာဗ်ဴးတခုမွာေျဖဆိုသြားခဲ့တာပါ။သင္ဇာဝင့္ေက်ာ္တို႔ ခ်စ္သူသက္တမ္းဟာ (၆) လထဲမွာရွိေနျပီျဖစ္ေသာ္လည္း အခ်ိန္ကာလအားျဖင့္ တုိေတာင္းလြန္းတာကတစ္ေၾကာင္း၊ LDRS ျဖစ္ေနရတာေတြေၾကာင့္ သံေယာဇဥ္ကေတာ့ တိုေတာင္းေသးတဲ့အတြက္ သိပ္မခံစားရဘူးလို႔ဆိုပါတယ္။ ခ်စ္သူနဲ႔ လမ္းခြဲလိုက္ရတဲ့အဓိကအေၾကာင္းအခ်က္ကလည္း ခ်စ္သူနဲ႔အတူ ကမာၻပတ္မယ့္အစီအစဥ္ကို မလိုက္ေလ်ာေပးႏိုင္တာေၾကာင့္ ျပတ္ဆဲသြားတာျဖစ္တယ္လို႔ဆုိပါတယ္

သူမဟာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနရတာေၾကာင့္ ခ်စ္သူအတြက္ အခ်ိန္ေတြအမ်ားၾကီးမေပးႏိုင္ဘူးလို႔ဆိုပါတယ္။ Short Trip ေလးေတြထြက္ဖို႔အတြက္ေတာင္ သူမရဲ႕ အလုပ္ေတြကိုဖ်က္ခဲ့ရျပီးေတာ့ ကမာၻပတ္မယ္ဆိုတဲ့အစီအစဥ္ဟာ အနည္းဆံုး ၃/၄ လေလာက္ၾကာျမင့္ႏိုင္တာေၾကာင့္ သူမအတြက္ အဆင္မေျပခဲ့ပါဘူး။ ဒါ့အျပင္ ၃/၄ လဆိုတဲ့အခ်ိန္ကာလဟာလည္း ခ်စ္သူ၊ ရည္းစားေတြအေနနဲ႔ ခရီးထြက္ဖို႔ မသင့္ေတာ္ဘူးလို႔ သူမက ဆိုပါတယ္။ အိမ္ေထာင္က်ျပီးေနာက္မွာေတာ့ ဒီလိုရက္ရွည္ၾကာ ခရီးထြက္တာဟာ မထူးဆန္းေပမယ့္ ခ်စ္သူဘဝအေနနဲ႔ေတာ့ သူမအတြက္ အဆင္ေျပျခင္း မရွိခဲ့ပါဘူး။

ဒီလိုကိစၥရပ္ေတြေၾကာင့္ သင္ဇာနဲ႔ သူမရဲ႕ ခ်စ္သူတို႔ လမ္းခြဲဖို႔ ဆံုးျဖတ္လိုက္ၾကတာျဖစ္ပါတယ္။ သင္ဇာကေတာ့ သူမအရမ္းခ်စ္ရတ့ဲသူနဲ႔ေတြ႔လာခဲ့ရင္ေတာ့ ခ်စ္သူထားျဖစ္သြားမယ္လို႔ ဆိုပါတယ္။
Photos-Thin Zar Wint Kyaw
Source – We Love Cele
Credit\\original
Unicode Version
ပုရိသတွေရဲ့ အသည်းစွဲ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ ခေတ်ရှေ့ပြေးတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံးရရှိထားတဲ့ ဆက်စီမင်းသမီးလေးပါ။အနုပညာအလုပ်တွေနဲ့အတူ တဖက်မှာလည်း အချစ်ရေးကို အားကျရလောက်အောင် ချစ်ပြခဲ့သူပါ။နိုင်ငံခြားသားချစ်သူကိုရရှိထားတဲ့ သင်ဇာက မကြာသေးခင်က ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတိအလင်းကြေငြာလိုက်တာပါ။ LDRS ဘဝကိုပိုင်ဆိုင်ထားတဲ့ သင်ဇာတို့ချစ်သူသက်တမ်း ၆ လမှာ ၃ လလောက်သာတွဲဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

လမ်းခွဲလိုက်ရတာကလည်း သူ့ဘက်ကတောင်းဆိုမှုတွေကို မလိုက်လျောပေးနိုင်လို့ဆိုတဲ့အကြောင်းအင်တာဗျူးတခုမှာဖြေဆိုသွားခဲ့တာပါ။သင်ဇာဝင့်ကျော်တို့ ချစ်သူသက်တမ်းဟာ (၆) လထဲမှာရှိနေပြီဖြစ်သော်လည်း အချိန်ကာလအားဖြင့် တိုတောင်းလွန်းတာကတစ်ကြောင်း၊ LDRS ဖြစ်နေရတာတွေကြောင့် သံယောဇဉ်ကတော့ တိုတောင်းသေးတဲ့အတွက် သိပ်မခံစားရဘူးလို့ဆိုပါတယ်။ ချစ်သူနဲ့ လမ်းခွဲလိုက်ရတဲ့အဓိကအကြောင်းအချက်ကလည်း ချစ်သူနဲ့အတူ ကမ္ဘာပတ်မယ့်အစီအစဉ်ကို မလိုက်လျောပေးနိုင်တာကြောင့် ပြတ်ဆဲသွားတာဖြစ်တယ်လို့ဆိုပါတယ်

သူမဟာ အနုပညာအလုပ်တွေ လုပ်ကိုင်နေရတာကြောင့် ချစ်သူအတွက် အချိန်တွေအများကြီးမပေးနိုင်ဘူးလို့ဆိုပါတယ်။ Short Trip လေးတွေထွက်ဖို့အတွက်တောင် သူမရဲ့ အလုပ်တွေကိုဖျက်ခဲ့ရပြီးတော့ ကမ္ဘာပတ်မယ်ဆိုတဲ့အစီအစဉ်ဟာ အနည်းဆုံး ၃/၄ လလောက်ကြာမြင့်နိုင်တာကြောင့် သူမအတွက် အဆင်မပြေခဲ့ပါဘူး။ ဒါ့အပြင် ၃/၄ လဆိုတဲ့အချိန်ကာလဟာလည်း ချစ်သူ၊ ရည်းစားတွေအနေနဲ့ ခရီးထွက်ဖို့ မသင့်တော်ဘူးလို့ သူမက ဆိုပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ ဒီလိုရက်ရှည်ကြာ ခရီးထွက်တာဟာ မထူးဆန်းပေမယ့် ချစ်သူဘဝအနေနဲ့တော့ သူမအတွက် အဆင်ပြေခြင်း မရှိခဲ့ပါဘူး။

ဒီလိုကိစ္စရပ်တွေကြောင့် သင်ဇာနဲ့ သူမရဲ့ ချစ်သူတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ သင်ဇာကတော့ သူမအရမ်းချစ်ရတဲ့သူနဲ့တွေ့လာခဲ့ရင်တော့ ချစ်သူထားဖြစ်သွားမယ်လို့ ဆိုပါတယ်။
Photos-Thin Zar Wint Kyaw
Source – We Love Cele
Credit\\original

