တက္ကသိုလ်ဝင်ခွင့် ဇွန် ၂၄ ရက်တွင် စတင်လျှောက်နိုင်ပြီ
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသည် ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၂၃ ရက် အထိ တက္ကသိုလ်ဝင်ခွင့် လျှောက် ထားရမည်ဟု ပညာရေးဝန်ကြီး ဌာနက ကြေညာသည်။
ယခုနှစ်တွင် ရန်ကုန်တက္က သိုလ်၊ ရန်ကုန်နည်းပညာတက္က သိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(မန္တလေး)၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီး တီး)၊ ရန်ကုန်ကွန်ပျူတာတက္က သိုလ်တို့က တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည်ဖြစ်သည်။ အခြားတက္ကသိုလ်၊ ကောလိပ်များ၏၀င်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနက ရွေးချယ်မည်ဖြစ်သည်။
ယခင်နှစ်က တိုက်ရိုက်ဝင် ခွင့်ရွေးချယ်သည့် တက္ကသိုလ်များ သို့ ၀င်ခွင့်လျှောက်လိုပါက ထို တက္ကသိုလ်များက ၀င်ခွင့်ခေါ်ယူ ချိန်တွင် တက္ကသိုလ်တစ်ခုချင်းသို့ သီးခြား လိုက်လံလျှောက်ထား ရသည်။ အခြားတက္ကသိုလ်များ လျှောက်ထားလိုပါက တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာအိတ်ပါ ၀င် ခွင့်ကတ်ပြားဖြင့် အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ပေးပို့လျှောက်ထား ရသည်။
‘‘ဒီနှစ်မှာ ၀င်ခွင့်ကတ်ပြား တစ်ခုတည်းနဲ့ပဲ လျှောက်ရမယ်။ တက်ချင်တဲ့ ကျောင်းတွေကို ကတ်ပြား တစ်ခုတည်းမှာပဲ ဖြည့်ပြီးလျှောက်ရမယ်။ သီးခြားဝင်ခွင့်ရွေးတဲ့ ကျောင်းတွေ လျှောက်ထားပေမယ့် အဲဒီကျောင်းတွေ မမီရင် အောက်မှာ ဦးစားပေးအဆင့်ဆင့် ဖြည့်ထားတဲ့ တက္ကသိုလ်တွေကို ပို့သွားမယ်။ မနှစ်ကလို ၀င်ခွင့် ထပ်တာတွေ မဖြစ်အောင်လို့’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း ၀င်းက ပြောသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင် ခွင့် လျှောက်လွှာအိတ်ပါ ၀င်ခွင့်ကတ်ပြား၌ တိုက်ရိုက်ဝင်ခွင့် ရွေး မည့် တက္ကသိုလ်အမည်များက တစ်ဖက်၊ အဆင့်မြင့်ပညာ ဦးစီးဌာနက ၀င်ခွင့်ရွေးချယ်မည့် တက္ကသိုလ်အမည်များကတစ်ဖက် ဖော်ပြထားသည်။ တိုက်ရိုက်ဝင်ခွင့် ရွေးမည့် တက္ကသိုလ်များသို့ ၀င်ခွင့်လျှောက်လိုပါက ထိုကတ်ပြားပေါ် တွင် တက္ကသိုလ် ၁၄ ခုအနက် ဦးစားပေးတက်လိုသည့် အစီအစဉ်အတိုင်း ရေးသွင်းရမည် ဖြစ်သည်။ ထို့ပြင် အဆင့်မြင့်ပညာ ဦးစီးဌာနက ၀င်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များကိုလည်း ထပ်မံလျှောက်ထားလိုပါက ထိုကတ်ပြားပေါ်တွင်ပင် ဦးစားပေး အစီအစဉ်အတိုင်း ရေးသွင်းရမည် ဖြစ် သည်။
တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည့် တက္ကသိုလ်များသို့ ဦးစားပေး လျှောက်ထားလိုသူသည် ထိုဝင်ခွင့်ကတ် ပြားပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည့် တက္ကသိုလ် ၁၄ ခု အမည်စာရင်းတွင် မိမိပထမဦးစားပေး လျှောက်ထားသည့် တက္ကသိုလ်၏ ဘေး၌ အမှန်ခြစ်ကာ ထိုတက္ကသိုလ်သို့ တိုက်ရိုက် (သို့မဟုတ်) လူကိုယ်တိုင် လျှောက်ထားရမည် ဖြစ်သည်။
အဆင့်မြင့်ပညာ ဦးစီးဌာနက ၀င်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များသို့ ဦးစားပေးလျှောက် ထားလိုပါက ထိုဝင်ခွင့်ကတ်ပြားပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် တက္ကသိုလ်များ စာရင်းတွင် မိမိပထမ ဦးစားပေးလျှောက်ထား သည့် တက္ကသိုလ်၏ဘေး၌ အမှန်ခြစ်ရမည်ဖြစ်သည်။ ထိုလျှောက်လွှာအိတ်ကို မြစ်ကြီးနားတက္က သိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးကောလိပ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင် တက္က သိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟင်္သာတ တက္ကသိုလ်တို့တွင် လျှောက်ထား ရမည် ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့် ၀င်ခွင့်လမ်းညွှန်ကို မိမိစာမေးပွဲ ဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူး (ကျောင်းအုပ်ကြီး)ထံတွင် ဇွန်လ ၂၄ ရက်က စတင်ထုတ်ယူရမည် ဖြစ်သည်။
Credit – 7daydaily


