” အစိုးရက ခြဲတမ္းခ်ေပးရင္ေတာ့ မိန္းမရမွာေပါ့ဆိုတဲ့ အၾကည္ေတာ္။”
FA ဂိုဏ္းခ်ဳပ္ စာေရးဆရာ အၾကည္ေတာ္ကေတာ့ ပရိသတ္ေတြ ရင္ထဲက ထိေရာက္တဲ့ စာေလးေတြကို
အျမဲေရးေပးေနတာေၾကာင့္ သူ႔ကိုအားေပးတဲ့သူေတြ အေျမာက္အမ်ားရွိေနဆဲပါပဲ။ တေလာတုန္းကေတာ့
ရည္းစားရသြားျပီးဆိုျပီး သတင္းေတြ ထြက္ေပမယ့္လည္း အမွန္မဟုတ္ခဲ့ပဲ လက္ရွိခ်ိန္ထိကို ေဂၚမစြံလူပ်ိဳၾကီးအေနနဲ႔
အရိုးထုတ္ေနရဆဲပါပဲ။ သူ႔အေနနဲ႔ လူပ်ိဳၾကီး ဂုဏ္ကို မထိန္းခ်င္လည္း ထိန္းေနရတယ္ဆိုျပီး အင္တာဗ်ဴးမွာ ေျပာၾကားသြား
ခဲ့ပါတယ္။
8 day နဲ႔ အင္တာဗ်ဳးမွာေတာ့ စာေရးဆရာ အၾကည္ေတာ္က လူလည္ၾကီးမ်ားရြာ ဇာတ္ကားကို မူရင္းဝတၳဳနဲ႔ ကိုက္ညီမႈ မရွိမွာ
စိုးရိမ္လားဆိုတဲ့အေပၚမွာ “သူတို႔ကေတာ့ အျမဲတမ္းအဲ့လိုပဲ ေျပာတယ္။ ကြ်န္ေတာ္ကေတာ့ သေဘာသဘာဝ မတူလို႔ပဲ
မျဖစ္တာလို႔ ထင္ပါတယ္။ ဒါေပမယ့္ႏိုင္ငံတကာမွာေတာ့ အဲ့လိုခြင့္မျပဳဘူးေလ။ မူရင္းဝတၳဳနဲ႔ မတူရင္ ႏိုင္ငံတကာမွာ
အရမ္းကန္႔ကြက္ၾကတယ္ေလ။ ဒီမွာကေတာ့ မတတ္ႏိုင္ပါဘူး”
ေနာက္ထပ္တင္မယ့္ ဇာတ္ကားေတြနဲ႔ ပတ္သက္ျပီး “ေနာက္ထပ္ကေတာ့ စပါကလင္။ ျပီးေတာ့ ေနာက္ဆံုး ထြက္ထားတဲ့ ဝတၳဳ
တခုရွိတယ္။ ေနာက္ရံုမတင္ရေသးတာကေတာ့ Drama ျဖစ္လိမ့္မယ္။ ျပံဳးရႊင္ရီ ေပ်ာ္ရဲ့လား ဆိုတဲ့ ဝတၳဳ
ကြ်န္ေတာ့္ဟာကေတာ့ ျပံဳးရႊင္သည္ ငိုတတ္သည္ ဆိုတာကို သူတို႔နာမည္ေျပာင္းထားတာ ထင္တယ္။ ကို
ဝင္းထြန္းထြန္းရိုက္ထားတာပါ”
တူမေလး ႏွစ္ေယာက္ သီခ်င္းေတြ လုပ္ျဖစ္တာနဲ႔ ပတ္သက္ျပီး “စံမီမီနဲ႔ ေဂ်းေဂ်း တူမေလးႏွစ္ေယာက္ သူတို႔ အြန္လိုင္းမွာ
သီခ်င္းျဖန႔္ထားတာ ၅ ပုဒ္ရွိျပီ။ သူတို႔ကို အားေပးတာလည္းမ်ားၾကတယ္။ ေအာင္ျမင္တယ္လို႔ပဲ ေျပာရမွာေပါ့။ အဲ့ကေလးေတြနဲ႔
သူတို႔သီခ်င္းဆိုတာ ထိုင္နားေထာင္တယ္။ က်န္တာကေတာ့ အမ်ိဳးေတြနဲ႔ ထံုးစံအတိုင္းေပါ့”
လူပ်ိဳၾကီး ဂုဏ္ကို ဆက္ထိန္းမွာလားဆိုတဲ့ အေပၚမွာ “မထိန္းခ်င္လည္း ထိန္းေနရတာပဲ။ ကိုယ္လိုခ်င္လည္း ရမွမရတာ။
အဲ့လိုပါပဲ။ ကံမပါေသးလို႔။ ကံပါရင္ေတာ့ သူ႔အလိုလုိ ရသြားမယ္ထင္တယ္။ ဒါမွမဟုတ္ အစိုးရက ခြဲတမ္းခ်ေပးရင္ေတာ့
ရမွာေပါ့”
ပရိသတ္ေတြကို ေျပာခ်င္တာနဲ႔ ပတ္သက္ျပီး “ပရိသတ္အားလံုးကို ေက်းဇူးတင္ပါတယ္။ ကြ်န္ေတာ့္ကို
ႏွစ္ရွည္လမ်ားအားေပးလာတဲ့ အတြက္လည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား
ခဲ့ပါတယ္။
crd..nanmalgyi
Unicode
FA ဂိုဏ်းချုပ် စာရေးဆရာ အကြည်တော်ကတော့ ပရိသတ်တွေ ရင်ထဲက ထိရောက်တဲ့ စာလေးတွေကို
အမြဲရေးပေးနေတာကြောင့် သူ့ကိုအားပေးတဲ့သူတွေ အမြောက်အများရှိနေဆဲပါပဲ။ တလောတုန်းကတော့
ရည်းစားရသွားပြီးဆိုပြီး သတင်းတွေ ထွက်ပေမယ့်လည်း အမှန်မဟုတ်ခဲ့ပဲ လက်ရှိချိန်ထိကို ဂေါ်မစွံလူပျိုကြီးအနေနဲ့
အရိုးထုတ်နေရဆဲပါပဲ။ သူ့အနေနဲ့ လူပျိုကြီး ဂုဏ်ကို မထိန်းချင်လည်း ထိန်းနေရတယ်ဆိုပြီး အင်တာဗျူးမှာ ပြောကြားသွား
ခဲ့ပါတယ်။
8 day နဲ့ အင်တာဗျုးမှာတော့ စာရေးဆရာ အကြည်တော်က လူလည်ကြီးများရွာ ဇာတ်ကားကို မူရင်းဝတ္ထုနဲ့ ကိုက်ညီမှု
မရှိမှာ စိုးရိမ်လားဆိုတဲ့အပေါ်မှာ “သူတို့ကတော့ အမြဲတမ်းအဲ့လိုပဲ ပြောတယ်။ ကျွန်တော်ကတော့ သဘောသဘာဝ
မတူလို့ပဲ မဖြစ်တာလို့ ထင်ပါတယ်။ ဒါပေမယ့်နိုင်ငံတကာမှာတော့ အဲ့လိုခွင့်မပြုဘူးလေ။ မူရင်းဝတ္ထုနဲ့ မတူရင်
နိုင်ငံတကာမှာ အရမ်းကန့်ကွက်ကြတယ်လေ။ ဒီမှာကတော့ မတတ်နိုင်ပါဘူး”
နောက်ထပ်တင်မယ့် ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး “နောက်ထပ်ကတော့ စပါကလင်။ ပြီးတော့ နောက်ဆုံး ထွက်ထားတဲ့
ဝတ္ထု တခုရှိတယ်။ နောက်ရုံမတင်ရသေးတာကတော့ Drama ဖြစ်လိမ့်မယ်။ ပြုံးရွှင်ရီ ပျော်ရဲ့လား ဆိုတဲ့ ဝတ္ထု
ကျွန်တော့်ဟာကတော့ ပြုံးရွှင်သည် ငိုတတ်သည် ဆိုတာကို သူတို့နာမည်ပြောင်းထားတာ ထင်တယ်။ ကို
ဝင်းထွန်းထွန်းရိုက်ထားတာပါ”
တူမလေး နှစ်ယောက် သီချင်းတွေ လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး “စံမီမီနဲ့ ဂျေးဂျေး တူမလေးနှစ်ယောက် သူတို့
အွန်လိုင်းမှာ သီချင်းဖြန့်ထားတာ ၅ ပုဒ်ရှိပြီ။ သူတို့ကို အားပေးတာလည်းများကြတယ်။ အောင်မြင်တယ်လို့ပဲ
ပြောရမှာပေါ့။ အဲ့ကလေးတွေနဲ့ သူတို့သီချင်းဆိုတာ ထိုင်နားထောင်တယ်။ ကျန်တာကတော့ အမျိုးတွေနဲ့ ထုံးစံအတိုင်းပေါ့”
လူပျိုကြီး ဂုဏ်ကို ဆက်ထိန်းမှာလားဆိုတဲ့ အပေါ်မှာ “မထိန်းချင်လည်း ထိန်းနေရတာပဲ။ ကိုယ်လိုချင်လည်း
ရမှမရတာ။ အဲ့လိုပါပဲ။ ကံမပါသေးလို့။ ကံပါရင်တော့ သူ့အလိုလို ရသွားမယ်ထင်တယ်။ ဒါမှမဟုတ် အစိုးရက
ခွဲတမ်းချပေးရင်တော့ ရမှာပေါ့”
ပရိသတ်တွေကို ပြောချင်တာနဲ့ ပတ်သက်ပြီး “ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
နှစ်ရှည်လများအားပေးလာတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား
ခဲ့ပါတယ်။
crd..nanmalgyi


