“ကေလးအထူးကု ဆရာဝန္ႀကီးျဖစ္ဖို႔က အနာဂတ္အိမ္မက္ပါလို႔ ေျပာတဲ့ ဒီႏွစ္တကၠသိုလ္ဝင္တန္း အမွတ္အမ်ားဆုံးရသူ”




ကေလးအထူးကု ဆရာဝန္ႀကီးျဖစ္ဖို႔က အနာဂတ္အိမ္မက္ ပါလို႔ ေျပာတဲ့ သည္ႏွစ္ တကၠသိုလ္ဝင္တန္း အမွတ္အမ်ားဆုံးရသူ

တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ စုစုေပါင္း အမွတ္ ၅၅၅ မွတ္နဲ႔ တနိုင္ငံလုံး အမွတ္အမ်ားဆုုုံး ရရွိတဲ့ ေမာင္ ေက်ာ္လင္းသန္း ကေတာ့ ေဆးတကၠသိုလ္ ကိုသာ တက္ေရာက္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာပါတယ္ …. ။

သူက တစ္ဦးတည္းေသာ သားျဖစ္ၿပီး ငယ္စဥ္အခါက က်န္းမာေရး ခ်ိဳ႕ယြင္းတာေၾကာင့္ ေဆးခန္း ခဏခဏ ျပခဲ့ရသူ ျဖစ္ေၾကာင္းသိရပါတယ္ …. ။

အဲ့သည္လို ေဆးခန္းျပရင္းနဲ႔ ကေလး အထူးကု ဆရာဝန္ႀကီး ေတြရဲ့ ဘဝ ကို စိတ္ဝင္စားခဲ့ ရာကေန ကေလး အထူးကုဆရာဝန္ ဘဝ က သူ႔အတြက္ အနာဂတ္ အိမ္မက္ ျဖစ္လာတယ္လို႔ ဆိုပါတယ္ …. ။


“သားငယ္ငယ္က ေဆးခန္း ခဏခဏ သြားရေတာ့ သားကိုကုေပးတဲ့ ဆရာဝန္ႀကီးေတြကို အားက်ၿပီး ဆရာဝန္ေတြထဲက မွ ကေလး အထူးကု ျဖစ္ခ်င္ခဲ့တာ” လို႔ ေမာင္ေက်ာ္လင္းသန္း က ေျပာပါတယ္ …. ။

ငယ္စဥ္က အတန္းပညာမွာ ထူးခၽြန္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဆုတံဆိပ္ေပါင္း ၃၀ နီးပါးရရွိထားသူျဖစ္ပါတယ္ …. ။

ေမာင္ေက်ာ္လင္းသန္းရဲ့ အေမ ျဖစ္သူကေတာ့ ေဆးတကၠသိုလ္တက္ေစခ်င္ေပမယ့္ အေထြေထြ ေရာဂါကု ဆရာဝန္ကို ပိုၿပီး သေဘာက် တယ္လို႔ ေျပာပါတယ္ …. ။

“သားရဲ့ ရည္မွန္းခ်က္အတိုင္းပဲ သြားဖို႔စဥ္းစားထားတယ္၊ သူစိတ္ဝင္စားတာကိုပဲ ဦးစားေပးမယ္” လို႔ မိခင္ ျဖစ္သူက ေျပာျပပါတယ္ …. ။

ေမာင္ေက်ာ္လင္းသန္းက ငယ္စဥ္ကတည္းက ရင္ၾကပ္ေရာဂါ ခံစားခဲ့ရၿပီး အတန္းႀကီးတဲ့ အခ်ိန္ထိ ေက်ာင္းမွာ ႏွာေခါင္းရႈေဆးဗႈး အသုံးျပဳ ခဲ့ရတယ္လို႔ သိရပါတယ္ …. ။

အထက ၄ အလုံကို ပဥၥမတန္းမွာ ေျပာင္းဝင္လာတာ ျဖစ္ၿပီး သူ႔ရဲ့ ပညာစတင္ သင္ၾကားခဲ့တဲ့ ေနရာ ကေတာ့ အမက- ၁ လမ္းမေတာ္ ျဖစ္ပါတယ္ …. ။

Author: ေမေသာ္တာေမာင္

Credit  \ original
Unicode
ကလေးအထူးကု ဆရာဝန်ကြီးဖြစ်ဖို့က အနာဂတ်အိမ်မက် ပါလို့ ပြောတဲ့ သည်နှစ် တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံးရသူ

တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ စုစုပေါင်း အမှတ် ၅၅၅ မှတ်နဲ့ တနိုင်ငံလုံး အမှတ်အများဆုုုံး ရရှိတဲ့ မောင် ကျော်လင်းသန်း ကတော့ ဆေးတက္ကသိုလ် ကိုသာ တက်ရောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ် …. ။

သူက တစ်ဦးတည်းသော သားဖြစ်ပြီး ငယ်စဉ်အခါက ကျန်းမာရေး ချို့ယွင်းတာကြောင့် ဆေးခန်း ခဏခဏ ပြခဲ့ရသူ ဖြစ်ကြောင်းသိရပါတယ် …. ။

အဲ့သည်လို ဆေးခန်းပြရင်းနဲ့ ကလေး အထူးကု ဆရာဝန်ကြီး တွေရဲ့ ဘဝ ကို စိတ်ဝင်စားခဲ့ ရာကနေ ကလေး အထူးကုဆရာဝန် ဘဝ က သူ့အတွက် အနာဂတ် အိမ်မက် ဖြစ်လာတယ်လို့ ဆိုပါတယ် …. ။

“သားငယ်ငယ်က ဆေးခန်း ခဏခဏ သွားရတော့ သားကိုကုပေးတဲ့ ဆရာဝန်ကြီးတွေကို အားကျပြီး ဆရာဝန်တွေထဲက မှ ကလေး အထူးကု ဖြစ်ချင်ခဲ့တာ” လို့ မောင်ကျော်လင်းသန်း က ပြောပါတယ် …. ။

ငယ်စဉ်က အတန်းပညာမှာ ထူးချွန်ခဲ့သူ တစ်ဦးဖြစ်ပြီး ဆုတံဆိပ်ပေါင်း ၃၀ နီးပါးရရှိထားသူဖြစ်ပါတယ် …. ။

မောင်ကျော်လင်းသန်းရဲ့ အမေ ဖြစ်သူကတော့ ဆေးတက္ကသိုလ်တက်စေချင်ပေမယ့် အထွေထွေ ရောဂါကု ဆရာဝန်ကို ပိုပြီး သဘောကျ တယ်လို့ ပြောပါတယ် …. ။

“သားရဲ့ ရည်မှန်းချက်အတိုင်းပဲ သွားဖို့စဉ်းစားထားတယ်၊ သူစိတ်ဝင်စားတာကိုပဲ ဦးစားပေးမယ်” လို့ မိခင် ဖြစ်သူက ပြောပြပါတယ် …. ။

မောင်ကျော်လင်းသန်းက ငယ်စဉ်ကတည်းက ရင်ကြပ်ရောဂါ ခံစားခဲ့ရပြီး အတန်းကြီးတဲ့ အချိန်ထိ ကျောင်းမှာ နှာခေါင်းရှုဆေးဗှုး အသုံးပြု ခဲ့ရတယ်လို့ သိရပါတယ် …. ။

အထက ၄ အလုံကို ပဥ္စမတန်းမှာ ပြောင်းဝင်လာတာ ဖြစ်ပြီး သူ့ရဲ့ ပညာစတင် သင်ကြားခဲ့တဲ့ နေရာ ကတော့ အမက- ၁ လမ်းမတော် ဖြစ်ပါတယ် …. ။

Author: မေသော်တာမောင်

Credit  \ original

Recent Updates

Recent Posts Widget