“ေသြးတိုးက်ေစၿပီး ႏွလံုးေရာဂါ သက္သာေစတဲ့ ဘူးသီးရဲ႕ က်န္းမာေရး ေဆးစြမ္းထက္မႈမ်ား”





ျမန္မာလူမ်ိဳးေတြရဲ႕ မီးဖိုေခ်ာင္ ထဲမွာ အေတြ႕ရမ်ားတဲ့ ဘူးသီး ဟာ ေသြးတိုးက်ေစတဲ့ အစြမ္းနဲ႔ ႏွလုံးေရာဂါ သက္သာေစတဲ့ အစြမ္းရွိတယ္လို႔ ဆိုၾကပါတယ္။ ဘူးသီးကို ဟင္းခါး အျဖစ္ က်ိဳခ်က္ ေသာက္သုံးၾကသလို ဘူးသီးကို ျပဳတ္ၿပီး တို႔စားတာ၊ သုပ္စားတာမ်ိဳး လည္း ျပဳလုပ္ၾကပါ တယ္။

အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို ဟန္ခ်က္ညီေစပါတယ္

ဘူးသီးမွာ ျပည့္ဝဆီနဲ႔ ကယ္လိုရီ ပါဝင္မႈ နည္းပါတယ္။ အမွ်င္ဓာတ္၊ ဗီတာ မင္စီ၊ ႐ိုင္ဘိုဖေလဗင္၊ ဇင့္(သြပ္)၊ သိုင္ယာ မင္၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္ တို႔ ပါဝင္မႈ မ်ားပါတယ္။ ဒါေၾကာင့္ အသည္း ကို သန႔္စင္ ေစတာ၊ ျပန္လည္ အားျဖည့္ေပးတာနဲ႔ အယ္လ္ကိုေဟာေၾကာင့္ ထိခိုက္မႈကို ကာ ကြယ္ေပးတာတို႔ လုပ္ေဆာင္ေပးပါတယ္။

ဆံပင္ျဖဴတာကို ေလ်ာ့က်ေစပါတယ္

ဘူး႐ြက္ ကရတဲ့ အရည္ဟာ အသားဝါတာကို သက္သာေစၿပီး ဘူးသီး အရည္ ကေတာ့ ဆံပင္ျဖဴတာကို ေလ်ာ့က်ေစ တယ္လို႔ ဆိုၾကပါတယ္။

ႏုံးခ်ည့္ေညာင္းညာမႈ သက္သာေစပါတယ္

ဘူးသီး ကို စားေပးတာေၾကာင့္ ႏုံး ခ်ည့္ေညာင္းညာမႈ ေလ်ာ့က်ေစၿပီး လန္း ဆန္းေစပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ရက္ေတြမွာ လန္းဆန္းေစပါတယ္။

အစာမေၾကတဲ့ ေဝဒနာကို ေလ်ာ့က်ေစပါတယ္

ဘူးသီးဟာ အယ္လ္ကာလိုင္း ဂုဏ္ သတၱိရွိတာေၾကာင့္ အက္စစ္ဓာတ္လြန္ ကဲမႈ၊ အစာမေၾကတာနဲ႔ အစာအိမ္အနာ တို႔ကို သက္သာေစတယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။

စိတ္စြဲလြန္ေဝဒနာကို သက္သာေစပါတယ္

ဘူးသီး ဟာ နာ့ဗ္ေၾကာေတြကို အား ေကာင္းတဲ့အတြက္ အလုပ္တစ္ခုခုကို ထပ္ခါတလဲလဲ လုပ္တတ္တဲ့ စိတ္စြဲလြန္ ေဝဒနာ (OCD) ကို ေလ်ာ့က်ေစပါတယ္။ ေဆးဝါးေဗဒဂ်ာနယ္ရဲ႕ ေလ့လာမႈအရ ဘူးသီး မွာ စိတ္စြဲလြန္ေဝဒနာကို ေလ်ာ့ က်ေစတဲ့ အစြမ္းရွိတယ္လို႔ သိရပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္

ဘူးသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ဘူးသီး ၁၀ဝ ဂရမ္စား တဲ့အခါ ၁၂ ကယ္လိုရီပဲ ရရွိပါတယ္။ ဒါ ေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစတဲ့ အစားအစာ တစ္မ်ိဳးအျဖစ္ အသိအမွတ္ ျပဳထားပါတယ္။

အေထြေထြက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ဘူးသီးမွာ သိုင္ယာမင္၊ ဗီတာမင္စီ၊ ဇင့္(သြပ္)၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္ တို႔ မ်ား စြာ ပါဝင္တဲ့အတြက္ အေထြေထြ က်န္း မာေရးကို ေကာင္းမြန္ေစပါတယ္။

မ်က္စိ က်န္းမာေရး ကို ေကာင္းမြန္ေစပါတယ္

ဘူးသီး မွာ ဘီတာကယ္႐ိုတင္း ပမာဏ မ်ားစြာ ပါဝင္တဲ့အတြက္ မ်က္စိအ ျမင္အာ႐ုံကို ေကာင္းမြန္ေစပါတယ္။ ဘူး သီးဟာ အစာအိမ္ေဝဒနာ၊ အစာအိမ္အူ လမ္းေၾကာင္း ပိုးဝင္တာနဲ႔ လိပ္ေခါင္းစ တာေတြကိုလည္း သက္သာေစပါတယ္။ ဘူးသီးမွာ ေသြးေတြကို သန႔္စင္ေစတဲ့ အာနိသင္လည္း ရွိတာေၾကာင့္ ေရာဂါအ မ်ားစုကို တြန္းလွန္ေပးႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစပါတယ္

ဘူးသီး မွာ ပါတဲ့ ပပ္တိုက္နဲ႔ အယ္လ္ ကာလြိဳက္ေတြက ေသြးတြင္း သၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစပါတယ္။ ဒါ ေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြ အသင့္အတင့္ စားႏိုင္ပါတယ္။

သတိျပဳရန္ – ဘူးသီးသည္ အပူေပးခ်က္ျပဳတ္ၿပီးမွသာ စားသုံးရသည့္ ဟင္းသီးဟင္း႐ြက္ တစ္မ်ိဳး ျဖစ္ပါသည္။ အစိမ္းစာပါက၊ အစာအိမ္ ႏွင့္ အူမ မ်ားကို အႏၲ ရာယ္ျဖစ္ေစႏိုင္ပါသည္။

Credit : Myawady Health

(Unicode Version)

မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီး ဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်း ကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက် ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီး အရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီး ကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာ တို့ကို သက်သာစေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်
ဘူးသီး ဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီး မှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

မျက်စိ ကျန်းမာရေး ကို ကောင်းမွန်စေပါတယ်

ဘူးသီး မှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီး မှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

သတိပြုရန် – ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက် တစ်မျိုး ဖြစ်ပါသည်။ အစိမ်းစာပါက၊ အစာအိမ် နှင့် အူမ များကို အန္တ ရာယ်ဖြစ်စေနိုင်ပါသည်။

Credit : Myawady Health

Recent Updates

Recent Posts Widget