“ေညာင္ေရအိုးမွာ ..ဒါကိုထိုး၊ …လာဘ္႐ႊင္ ဝင္ေငြတိုး”




ဘာ လုပ္လုပ္၊ ဘာကိုင္ကိုင္ အဆင္မေျပ၊ စီးပြားလာဘ္လာဘ ပိတ္သည္ဆိုလ်က္ တညည္းညည္း တညဴညဴ ျဖစ္ေနၾကကုန္ေသာ လူေတာ္ေတာ္မ်ားမ်ားကို ကြၽႏုပ္ေတြ႕ဖူး၏။ တခ်ိဳ႕က တကယ္ကို ကံမေကာင္း အေၾကာင္းမလွဘဲ ကံမရွိ ဉာဏ္ရွိတိုင္း မြဲေနၾကသူေတြျဖစ္၏။ တခ်ိဳ႕က်ေတာ့ ကံလမ္း ပြင့္ပါလ်က္ ဉာဏ္ကို မသုံး၊ ဝီရိယ မစိုက္ထုတ္သျဖင့္ စီးပြားလာဘ္လာဘ ပိတ္ဆို႔ေနသူမ်ားျဖစ္၏။

လူဆို သည္ မွာ သူ႔အေၾကာင္းတရားႏွင့္သူသာ ျဖစ္ေခ်၏။

စင္စစ္ ေလာက၌ ႀကီးပြားရာႀကီးပြားေၾကာင္းအတြက္ နည္းလမ္းအသြယ္သြယ္ ရွိၾက၏။ ဒါကို သိသူေတြ ေဖာ္စားၾက၏။ မသိသူေတြ ေက်ာ္လႊား ၾက၏။ တခ်ိဳ႕ အခ်ိဳ႕ေသာ ကိစၥရပ္မ်ား၌ မိမိ၏ ေကာင္းမြန္ ျမင့္ျမတ္ေသာ လုပ္ရပ္က မသိသာေသာ္ လည္းေကာင္း၊ သိသိသာသာေသာ္လည္းေကာင္း၊ အက်ိဳးေပးတတ္ပါကုန္၏။ ကြၽႏုပ္၏ မိတ္ေဆြတစ္ေယာက္ျဖစ္ေသာ ကိုၫြန႔္တင္ဆိုလွ်င္ လူခ်င္း မေတြ႕လိုက္ႏွင့္၊ ေတြ႕လိုက္သည္ႏွင့္ ခ်ဴသံပါေအာင္ ညည္းတတ္သူ ျဖစ္သည္။ အဓိက အခ်က္ကေတာ့ စီးပြားလာဘ္လာဘေတြ ပိတ္ဆို႔၍ေနျခင္း ျဖစ္ေပ၏။

“ခင္ဗ်ား အဂၤဝိဇၨာပညာရပ္အေပၚ သက္ဝင္ယုံၾကည္မႈရွိမယ္ဆိုရင္ နည္းကေလးတစ္ခု ေပးလိုက္မယ္။ လုပ္ရမွာကလည္း ေကာင္းမြန္ျမင့္ျမတ္ၿပီး ကုသိုလ္ရတဲ့အလုပ္ပါ”

“ေျပာဗ်ာ လုပ္မယ္။ ဒီအတိုင္း ေငါင္ၿပီးေနရတာ ပ်င္းတယ္”
“ခင္ဗ်ားနာမည္က ေန႔သင့္နံသင့္ မွည့္ထားတာလား”
“ဟုတ္ပါတယ္။ ေန႔သင့္နံသင့္ မွည့္ထားတာ ပါ”

“ဒါဆိုရင္ အဂၤါသားျဖစ္တဲ့ ခင္ဗ်ားအေနနဲ႔ ဆပြတ္နဲ႔ စတုရန္းနံ သစ္ပင္အၫြန႔္ေတြ အင္ကသစ္ၫြန႔္ … အဲဒီ အင္ကသစ္ၫြန႔္ကို အေရွ႕ေျမာက္အရပ္မွာရွိတဲ့ ဘုရားတစ္ဆူဆူကိုသြား၊ ၿပီးေတာ့ အေရွ႕ေျမာက္အရပ္မွာ လႉၿပီး ေညာင္ေရအိုးထဲ ထိုးေပးလိုက္စမ္းပါ။ တစ္ခုခု ထူးျခားမလာလို႔ကေတာ့ ႀကိဳက္သလိုေျပာ”

“ေကာင္းၿပီ။ ဒါဆိုရင္ အမွာစကားရွိတဲ့အတိုင္း ေျမဝယ္မက် နားေထာင္ၿပီး ေသေသခ်ာခ်ာ ပီပီျပင္ျပင္ကို လုပ္မယ္ဗ်ာ”

မိတ္ေဆြႀကီး ကိုၫြန႔္တင္က ရွဴးရွဴးဒိုင္းဒိုင္း သမားတစ္ေယာက္ျဖစ္သည္။ တစ္စုံတစ္ခုကို ဆုံးျဖတ္ၿပီးပါက ဆုံးျဖတ္ခ်က္ႏွင့္အညီ ျဖစ္သည္၊ မျဖစ္ သည္အပထား စနစ္တက် ေသခ်ာစြာ လုပ္ကိုင္ေဆာင္႐ြက္တတ္သူျဖစ္၏။ ခုလည္း ကြၽႏုပ္ေျပာသည့္ အဂၤဝိဇၨာနည္းကေလးကို ေသခ်ာက်နစြာ အေကာင္အထည္ေဖာ္ရန္အတြက္ အင္ကသစ္ၫြန႔္ကို မရရေအာင္ရွာကာ အေရွ႕ေျမာက္အရပ္ရွိ ဘုရားတစ္ဆူထံ ထြက္သြားေလေတာ့၏။

သို႔ျဖင့္ တစ္ပတ္ခန႔္ၾကာၿပီးသည့္ေနာက္ မေမွ်ာ္လင့္ဘဲ အေရာင္းခန္းမစင္တာတစ္ခုတြင္ ကိုၫြန႔္တင္ႏွင့္ ဆုံမိၾကေလ၏။ သူသည္ ကြၽႏုပ္အား ေတြ႕လွ်င္ေတြ႕ခ်င္း ဝမ္းသာအယ္လဲျဖစ္ကာ ကြၽႏုပ္ ေလ့လာထားသည့္ ပညာရပ္အား ထုတ္ေဖာ္ခ်ီးက်ဴးေလေတာ့၏။ သည္မွ်ဆိုလွ်င္ျဖင့္ ကြၽႏုပ္ေပးလိုက္ေသာ နည္းလမ္းကေလးတစ္ခုက ၎၏ လိုဘေတာ္ေတာ္မ်ားမ်ားကို ၿပီးေျမာက္ျပည့္စုံသြားေစၿပီဟု ဆိုႏိုင္ေကာင္းပါခ်ိမ့္။

“တကယ္ေကာင္းတဲ့ နည္းပဲဗ်ာ။ အကုန္အက် နည္းနည္းနဲ႔ တကယ္ကို တာသြားတဲ့နည္းပဲ။ ဒီေတာ့ ကြၽန္ေတာ့္လို အခက္အခဲေတြ႕ေနသူေတြ စီးပြားလာဘ္႐ႊင္ဝင္ေငြတိုးေစဖို႔ ေညာင္ေရအိုးထိုးရမယ့္ သစ္ပင္အၫြန႔္ေတြရယ္။ ထိုးရမယ့္အရပ္ေတြကိုလည္း ေက်းဇူးျပဳလိုက္ပါလားဗ်ာ”ထိုသို႔ ဟင္းစားသာမက ကြန္ခ်က္ပါျပေစလိုေသာ ၎၏ေစတနာကို ကန႔္ကြက္စရာ ဘာမွ်မရွိေလရကား ကြၽႏုပ္လည္း စီးပြားလာဘ္႐ႊင္ဝင္ေငြ တိုးေစဖို႔ ေညာင္ေရအိုး၌ ထိုးရမည့္ကိစၥအား ေအာက္ပါအတိုင္း ဇယားေရးခ်လိုက္ပါေတာ့သတည္း။

သုေတသီဆရာၿငိမ္း
Credit – Manawmaya Journal

Unicode Version

ဘာ လုပ်လုပ်၊ ဘာကိုင်ကိုင် အဆင်မပြေ၊ စီးပွားလာဘ်လာဘ ပိတ်သည်ဆိုလျက် တညည်းညည်း တညူညူ ဖြစ်နေကြကုန်သော လူတော်တော်များများကို ကျွနုပ်တွေ့ဖူး၏။ တချို့က တကယ်ကို ကံမကောင်း အကြောင်းမလှဘဲ ကံမရှိ ဉာဏ်ရှိတိုင်း မွဲနေကြသူတွေဖြစ်၏။ တချို့ကျတော့ ကံလမ်း ပွင့်ပါလျက် ဉာဏ်ကို မသုံး၊ ဝီရိယ မစိုက်ထုတ်သဖြင့် စီးပွားလာဘ်လာဘ ပိတ်ဆို့နေသူများဖြစ်၏။

လူဆို သည် မှာ သူ့အကြောင်းတရားနှင့်သူသာ ဖြစ်ချေ၏။

စင်စစ် လောက၌ ကြီးပွားရာကြီးပွားကြောင်းအတွက် နည်းလမ်းအသွယ်သွယ် ရှိကြ၏။ ဒါကို သိသူတွေ ဖော်စားကြ၏။ မသိသူတွေ ကျော်လွှား ကြ၏။ တချို့ အချို့သော ကိစ္စရပ်များ၌ မိမိ၏ ကောင်းမွန် မြင့်မြတ်သော လုပ်ရပ်က မသိသာသော် လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း၊ အကျိုးပေးတတ်ပါကုန်၏။ ကျွနုပ်၏ မိတ်ဆွေတစ်ယောက်ဖြစ်သော ကိုညွန့်တင်ဆိုလျှင် လူချင်း မတွေ့လိုက်နှင့်၊ တွေ့လိုက်သည်နှင့် ချူသံပါအောင် ညည်းတတ်သူ ဖြစ်သည်။ အဓိက အချက်ကတော့ စီးပွားလာဘ်လာဘတွေ ပိတ်ဆို့၍နေခြင်း ဖြစ်ပေ၏။
“ခင်ဗျား အင်္ဂဝိဇ္ဇာပညာရပ်အပေါ် သက်ဝင်ယုံကြည်မှုရှိမယ်ဆိုရင် နည်းကလေးတစ်ခု ပေးလိုက်မယ်။ လုပ်ရမှာကလည်း ကောင်းမွန်မြင့်မြတ်ပြီး ကုသိုလ်ရတဲ့အလုပ်ပါ”

“ပြောဗျာ လုပ်မယ်။ ဒီအတိုင်း ငေါင်ပြီးနေရတာ ပျင်းတယ်”
“ခင်ဗျားနာမည်က နေ့သင့်နံသင့် မှည့်ထားတာလား”
“ဟုတ်ပါတယ်။ နေ့သင့်နံသင့် မှည့်ထားတာ ပါ”

“ဒါဆိုရင် အင်္ဂါသားဖြစ်တဲ့ ခင်ဗျားအနေနဲ့ ဆပွတ်နဲ့ စတုရန်းနံ သစ်ပင်အညွန့်တွေ အင်ကသစ်ညွန့် … အဲဒီ အင်ကသစ်ညွန့်ကို အရှေ့မြောက်အရပ်မှာရှိတဲ့ ဘုရားတစ်ဆူဆူကိုသွား၊ ပြီးတော့ အရှေ့မြောက်အရပ်မှာ လှူပြီး ညောင်ရေအိုးထဲ ထိုးပေးလိုက်စမ်းပါ။ တစ်ခုခု ထူးခြားမလာလို့ကတော့ ကြိုက်သလိုပြော”

“ကောင်းပြီ။ ဒါဆိုရင် အမှာစကားရှိတဲ့အတိုင်း မြေဝယ်မကျ နားထောင်ပြီး သေသေချာချာ ပီပီပြင်ပြင်ကို လုပ်မယ်ဗျာ”

မိတ်ဆွေကြီး ကိုညွန့်တင်က ရှူးရှူးဒိုင်းဒိုင်း သမားတစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်သည်၊ မဖြစ် သည်အပထား စနစ်တကျ သေချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်သူဖြစ်၏။ ခုလည်း ကျွနုပ်ပြောသည့် အင်္ဂဝိဇ္ဇာနည်းကလေးကို သေချာကျနစွာ အကောင်အထည်ဖော်ရန်အတွက် အင်ကသစ်ညွန့်ကို မရရအောင်ရှာကာ အရှေ့မြောက်အရပ်ရှိ ဘုရားတစ်ဆူထံ ထွက်သွားလေတော့၏။
သို့ဖြင့် တစ်ပတ်ခန့်ကြာပြီးသည့်နောက် မမျှော်လင့်ဘဲ အရောင်းခန်းမစင်တာတစ်ခုတွင် ကိုညွန့်တင်နှင့် ဆုံမိကြလေ၏။ သူသည် ကျွနုပ်အား တွေ့လျှင်တွေ့ချင်း ဝမ်းသာအယ်လဲဖြစ်ကာ ကျွနုပ် လေ့လာထားသည့် ပညာရပ်အား ထုတ်ဖော်ချီးကျူးလေတော့၏။ သည်မျှဆိုလျှင်ဖြင့် ကျွနုပ်ပေးလိုက်သော နည်းလမ်းကလေးတစ်ခုက ၎င်း၏ လိုဘတော်တော်များများကို ပြီးမြောက်ပြည့်စုံသွားစေပြီဟု ဆိုနိုင်ကောင်းပါချိမ့်။

“တကယ်ကောင်းတဲ့ နည်းပဲဗျာ။ အကုန်အကျ နည်းနည်းနဲ့ တကယ်ကို တာသွားတဲ့နည်းပဲ။ ဒီတော့ ကျွန်တော့်လို အခက်အခဲတွေ့နေသူတွေ စီးပွားလာဘ်ရွှင်ဝင်ငွေတိုးစေဖို့ ညောင်ရေအိုးထိုးရမယ့် သစ်ပင်အညွန့်တွေရယ်။ ထိုးရမယ့်အရပ်တွေကိုလည်း ကျေးဇူးပြုလိုက်ပါလားဗျာ”ထိုသို့ ဟင်းစားသာမက ကွန်ချက်ပါပြစေလိုသော ၎င်း၏စေတနာကို ကန့်ကွက်စရာ ဘာမျှမရှိလေရကား ကျွနုပ်လည်း စီးပွားလာဘ်ရွှင်ဝင်ငွေ တိုးစေဖို့ ညောင်ရေအိုး၌ ထိုးရမည့်ကိစ္စအား အောက်ပါအတိုင်း ဇယားရေးချလိုက်ပါတော့သတည်း။

သုတေသီဆရာငြိမ်း
Credit – Manawmaya Journal

Recent Updates

Recent Posts Widget