အီရန္ကုိ ..အေမရိကန္က… စစ္ေၾကညာဖို႔ …စဥ္းစားထားၿပီ
အီ ရန္ အေပၚ သည္းသည္းမဲမဲ ၿခိမ္းေျခာက္ေနတဲ့ ထရမ့္အစိုးရရဲ႕ လမ္းေၾကာင္းကို ဆက္ထြင္ရင္း ႏုိင္ငံျခားေရး ၀န္္ႀကီး ပြန္ပဲယိုက အီရန္ကို တုံ႔ျပန္ဖို႔ လမ္းေၾကာင္းစုံ စဥ္းစားေနၿပီလို႔ ေျပာလာရာမွာ စစ္ေရးတုံ႔ျပန္မႈေရာ ပါသလားဆိုတဲ့ အေမးကိုလည္း စစ္ေၾကညာတာမ်ဳိးလည္း တုံ႔ျပန္ဖို႔ စဥ္းစားတဲ့အထဲ ပါေၾကာင္း ေျပာလာပါတယ္။
C B S နဲ႔ အင္တာဗ်ဴးမွာ ပြန္ပဲယိုက ခုလို ေျပာဆိုတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၾကာသပေတးက အိုမန္ပင္လယ္မွာ ေရနံတင္သေဘၤာေတြ တိုက္ခုိက္ခံရတာနဲ႔ ပတ္သက္ၿပီး အီရန္အေပၚ အေမရိကန္က စြပ္စြဲထားတာမွာ သက္ေသမရွိဘူးဆိုတာကိုလည္း လက္မခံဘဲ ပယ္ခ်သြားပါတယ္။
အေ မ ရိ ကန္ဗဟုိကြပ္ကဲေရးက ထုတ္ျပန္တဲ့ ဗီဒီယုိမွာ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ေပါင္းစု စက္ေလွဟာ ေရနံတင္သေဘၤာဆီ ခ်ည္းကပ္ၿပီး မေပါက္ကြဲေသးတဲ့ မိုင္းဗုံးကို ျဖဳတ္္ယူသြားာ ျမင္ေတြ႔ရေၾကာင္း ပြန္ပဲယိုက သက္ေသထူပါတယ္။
ေဖာက္ ခြဲ တိုက္ခုိက္္ခံရတဲ့ ဂ်ပန္ေရနံတင္သေဘၤာကို ပိုင္ဆိုင္တဲ့ ကိုကူတာေကာ္ပိုေရးရွင္း ဥကၠဌကေတာ့ ေရနံတင္သေဘၤာဟာ မိုင္းေၾကာင့္ ေပါက္ကြဲတာ မဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ ေျပာပါတယ္။
“သေဘၤာအမႈထမ္းေတြ ေျပာတာေတာ့ ပ်ံသန္းလာတဲ့ အရာတစ္ခုနဲ႔ ထိမွန္ၿပီး ေပါက္ကြဲတာလို႔ သိရတယ္။ သေဘၤာမွာလည္း အေပါက္ႀကီးျဖစ္ေနတာ ေတြ႔ရတယ္။ ဒုတိယေျမာက္ ပစ္ခတ္လာတာကို အမႈထမ္းေတြ မ်က္ျမင္ေတြ႔ရတယ္။”လို႔ ဥကၠဌ ယုကာတာက ေျပာပါတယ္။
ဂ်မန္ႏုိင္ငံျခားေရး၀န္ႀကီး ဟန္ကိုမတ္က အေမရိကန္ ထုတ္ျပန္တဲ့ ဗီီဒီယုိဟာ အီရန္ကို စြပ္စြဲဖို႔ လုံေလာက္တဲ့ သက္ေသမရွိေၾကာင္း ေျပာတယ္လို႔ CBS ရဲ႕ အေမးေထာက္တာကိုလည္း ပြန္ပဲယိုက “ဟန္ကိုမတ္ဟာ ဒီဗီဒီယိုထက္ပိုတ့ဲ သက္ေသကို ျမင္ထားတယ္နဲ႔ တူပါရဲ႕။”ဆိုၿပီး အေငါ့တူး ေျဖဆိုါတယ္။
ခုလို လုံေလာက္တဲ့ သက္ေသမျဖစ္ဘူးဆိုတာ ဂ်ာမနီတစ္ႏို္င္ငံတည္း မဟုတ္ဘဲ ဂ်ပန္အစိုးရဟာလည္း ေနာက္ထပ္ သက္ေသလိုအပ္ေၾကာင္း ေမတၱာရပ္ခံ ေျပာဆိုပါတယ္။
“အေမရိကန္ရဲ႕ ထုတ္ျပန္တဲ့ ဗီဒီယုိဟာ ထင္ေၾကးနဲ႔ ေကာက္ခ်က္ခ်ရတာထက္ မပိုဘူး။”လို႔ ဂ်ပန္အႀကီးတန္း တာ၀န္ရွိသူတစ္ဦးကလည္း ဆိုပါတယ္။
အိုမန္ပင္လယ္မွာ ၿပီးခဲ့တဲ့ အပတ္က ေရနံတင္္သေဘၤာႏွစ္စီး တိုက္ခိုက္ခံရတာျဖစ္ၿပီး အေမရိကန္က စြပ္စြဲေပမယ့္ အီရန္ကေတာ့ ျငင္းဆန္ထားပါတယ္။
အေမရိကန္ရဲ႕ စြပ္စြဲခ်က္ဟာ အေျခအျမစ္ မရွိဘဲ အေမရိကန္ဟာ အေရွ႕အလယ္ပိုင္း သံခင္းတမန္ခင္း ပ်က္ျပားေအာင္ လုပ္ေဆာင္ေနတယ္လို႔ တန္ျပန္အျပစ္ဆိုပါတယ္။
သမၼတ ထရမ့္ ရာထူးတက္္လာၿပီးေနာက္ အီရန္ႏ်ဴကလီးယားသေဘာတူညီခ်က္ကေန ႏုတ္ထြက္ကာ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အီရန္အေပၚ ျပန္လည္ျပဌာန္းလာၿပီးေနာက္မွာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈ အရွိန္ျမင့္တက္လ်က္ ရွိေနပါတယ္။
Credit \\ original
Unicode vErsion
အီ ရန် အပေါ် သည်းသည်းမဲမဲ ခြိမ်းခြောက်နေတဲ့ ထရမ့်အစိုးရရဲ့ လမ်းကြောင်းကို ဆက်ထွင်ရင်း နိုင်ငံခြားရေး ဝန်ကြီး ပွန်ပဲယိုက အီရန်ကို တုံ့ပြန်ဖို့ လမ်းကြောင်းစုံ စဉ်းစားနေပြီလို့ ပြောလာရာမှာ စစ်ရေးတုံ့ပြန်မှုရော ပါသလားဆိုတဲ့ အမေးကိုလည်း စစ်ကြေညာတာမျိုးလည်း တုံ့ပြန်ဖို့ စဉ်းစားတဲ့အထဲ ပါကြောင်း ပြောလာပါတယ်။
C B S နဲ့ အင်တာဗျူးမှာ ပွန်ပဲယိုက ခုလို ပြောဆိုတာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးက အိုမန်ပင်လယ်မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အီရန်အပေါ် အမေရိကန်က စွပ်စွဲထားတာမှာ သက်သေမရှိဘူးဆိုတာကိုလည်း လက်မခံဘဲ ပယ်ချသွားပါတယ်။
အေ မ ရိ ကန်ဗဟိုကွပ်ကဲရေးက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အီရန်တော်လှန်ရေးအစောင့်တပ်ပေါင်းစု စက်လှေဟာ ရေနံတင်သင်္ဘောဆီ ချည်းကပ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းဗုံးကို ဖြုတ်ယူသွားာ မြင်တွေ့ရကြောင်း ပွန်ပဲယိုက သက်သေထူပါတယ်။
ဖောက် ခွဲ တိုက်ခိုက်ခံရတဲ့ ဂျပန်ရေနံတင်သင်္ဘောကို ပိုင်ဆိုင်တဲ့ ကိုကူတာကော်ပိုရေးရှင်း ဥက္ကဌကတော့ ရေနံတင်သင်္ဘောဟာ မိုင်းကြောင့် ပေါက်ကွဲတာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောပါတယ်။
“သင်္ဘောအမှုထမ်းတွေ ပြောတာတော့ ပျံသန်းလာတဲ့ အရာတစ်ခုနဲ့ ထိမှန်ပြီး ပေါက်ကွဲတာလို့ သိရတယ်။ သင်္ဘောမှာလည်း အပေါက်ကြီးဖြစ်နေတာ တွေ့ရတယ်။ ဒုတိယမြောက် ပစ်ခတ်လာတာကို အမှုထမ်းတွေ မျက်မြင်တွေ့ရတယ်။”လို့ ဥက္ကဌ ယုကာတာက ပြောပါတယ်။
ဂျမန်နိုင်ငံခြားရေးဝန်ကြီး ဟန်ကိုမတ်က အမေရိကန် ထုတ်ပြန်တဲ့ ဗီဒီယိုဟာ အီရန်ကို စွပ်စွဲဖို့ လုံလောက်တဲ့ သက်သေမရှိကြောင်း ပြောတယ်လို့ CBS ရဲ့ အမေးထောက်တာကိုလည်း ပွန်ပဲယိုက “ဟန်ကိုမတ်ဟာ ဒီဗီဒီယိုထက်ပိုတဲ့ သက်သေကို မြင်ထားတယ်နဲ့ တူပါရဲ့။”ဆိုပြီး အငေါ့တူး ဖြေဆိုါတယ်။
ခုလို လုံလောက်တဲ့ သက်သေမဖြစ်ဘူးဆိုတာ ဂျာမနီတစ်နိုင်ငံတည်း မဟုတ်ဘဲ ဂျပန်အစိုးရဟာလည်း နောက်ထပ် သက်သေလိုအပ်ကြောင်း မေတ္တာရပ်ခံ ပြောဆိုပါတယ်။
“အမေရိကန်ရဲ့ ထုတ်ပြန်တဲ့ ဗီဒီယိုဟာ ထင်ကြေးနဲ့ ကောက်ချက်ချရတာထက် မပိုဘူး။”လို့ ဂျပန်အကြီးတန်း တာဝန်ရှိသူတစ်ဦးကလည်း ဆိုပါတယ်။
အိုမန်ပင်လယ်မှာ ပြီးခဲ့တဲ့ အပတ်က ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရတာဖြစ်ပြီး အမေရိကန်က စွပ်စွဲပေမယ့် အီရန်ကတော့ ငြင်းဆန်ထားပါတယ်။
အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘဲ အမေရိကန်ဟာ အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်း ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ တန်ပြန်အပြစ်ဆိုပါတယ်။
သမ္မတ ထရမ့် ရာထူးတက်လာပြီးနောက် အီရန်နျူကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အီရန်အပေါ် ပြန်လည်ပြဌာန်းလာပြီးနောက်မှာ နှစ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်လျက် ရှိနေပါတယ်။
Credit \\ original





