“ခိုင်သင်းကြည် အနုပညာအလုပ်မလုပ်တော့မယ့်အချိန်ကိုပြောပြတဲ့ စံထိပ်ထားဦး။”





ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ သမီးဖြစ်သူ

စံထိပ်ထားဦးကို အားလုံး သိကြမယ်ထင်ပါတယ်။ အမေကို ချစ်ကြသလိုမျိုး သမီးလးကိုလည်း ပရိသတ်တွေက


ချစ်နေကြတာကို မြင်တွေ့နေရပါတယ်။ စံထိပ်ထားဦးကတော့ Myanmar Cele 7 နဲ့ အင်တာဗျူးတစ်ခုမှာ

နိုင်ငံခြားမှာကျောင်းသွားတက်ရင် အမေဖြစ်သူ ခိုင်သင်းကြည်က အနုပညာအလုပ်တွေကို နားပြီး နိုင်ငံခြားကို လိုက်လာမှာ




သေချာတယ်လို့ ပြောသွားခဲ့ပါတယ်။

စံထိပ်ထားဦးက “ကျောင်းကကျတော့ မြန်မာနိုင်ငံမှာ တက်မလား နိုင်ငံခြားမှာ သွားရမလား တိုင်ပင်နေတယ်ပေါ့နော်။



ရှေ့ဆက်ကတော့ စာလုပ်ရမယ်ပေါ့နော် အဲ့တာကတော့ အဓိကထားပြီး လုပ်ရမယ်တဲ့ တခြားဟာတွေကျရင်တော့

အားရင်လုပ်ပါမယ်။”လို့ ပြောသွားခဲ့ပြီး မိဘတွေက ဘယ်လိုမိဘ ပုံစံထဲမှာပါလဲလို့ မေးမြန်းရာ “ဘယ်လို မိဘထဲမှာ

ပါလဲဆိုတော့ သူတို့က အရမ်း Supporting ဖြစ်တယ် နည်းနည်းလေး Stick ဖြစ်တဲ့ အထဲမှာတော့ ပါတယ်ပေါ့နော် ဒါပေမဲ့

ထိပ်ထိပ်ကတော့ Ok ပါတယ်။

အမှတ်တရကတော့ မိဘနဲ့ သားသမီးဆိုတာ ဒီလိုပဲ မိဘကလည်း သားသမီးကို အရမ်းချစ်တယ်လေနော်

တစ်ယောက်တည်းပဲဆိုတော့ အရမ်း Overprotective ဖြစ်တယ် အရမ်း စိတ်ပူတယ် တစ်ခုခုဖြစ်သွားမှာလေ လုံးဝ

အထိမခံနိုင်ဘူး သူတို့ သမီးလေးကို။ မေမေ့တုန်းကလောက်အထိတော့ မကြပ်ဘူးပေါ့နော် Advise တွေပေးတယ် ပြီးတော့

သမီးဒါကဒီလိုပေါ့ ဆိုပြီး ပြောပြတယ်ပေါ့နော်။ မေမေကကျတော့ ကိုယ့်ရဲ့ Best Friend တစ်ယောက်လိုပါပဲ။ ဖေဖေကတော့

အလုပ်သွားတယ် မနက်ကျရင် အလုပ်အစောကြီးသွား ညဘက်ကျရင်လည်း နောက်ကျမှ ပြန်လာတာဆိုတော့ သိပ်တော့

မတွေ့ဖြစ်ဘူးပေါ့နော်။ မေမေက ရှူတင်နားတဲ့ အချိန်ဆို အိမ်မှာပဲ နေတာလေ အခုရှုတင်ရှိနေတဲ့အချိန်ဆိုရင်တော့

နယ်တွေဘာတွေ ထွက်တာပေါ့နော်။

ကျောင်းကတော့ မသေချာသေးပါဘူး Abroad ကတော့ မေမေကတော့ လိုက်မှာ သေချာတယ်။ မေမေက

သမီးနောက်လိုက်ခဲ့မယ်တဲ့ အနုပညာအလုပ်တော့ အဲ့အချိန်ကျရင် မလုပ်တော့ဘူးထင်တယ် မေမေကတော့

နောက်သုံးလေးနှစ်လောက်ပေါ့ မသိသေးဘူး သိပ်တော့မသေချာသေးပါဘူး။ အကောင်းဘက်က စဉ်းစားကြည့်ရင်

ကိုယ်လိုချင်တာရှိရင် မေမေကိုဝယ်ခိုင်း ဟိုဟာဝယ်ပေးဒီဟာဝယ်ပေးဆိုတော့ ကိုယ့်ဘာသာ ပိုက်ဆံ စုစရာမလိုတော့ဘူး

တခြားသူတွေဆို ပိုက်ဆံတွေဘာတွေစုပြီး ခြွေတာသုံးရသေးတယ် မေမေပါတော့ ခြွေတာသုံးစရာမလိုဘူး ပြီးတော့

ဖေဖေကလည်း ရန်ကုန်ကနေ ပိုက်ဆံပို့ပေးမယ်ဆိုတော့ ကိစ္စမရှိဘူးပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

Share From nanmalgyi

Credit  \\  original

Recent Updates

Recent Posts Widget