ခန္ဒာကိုယ်အလှကို အလှဆုံး ပေါ်လွင်စေတဲ့ ဝတ်စုံလေးနဲ့ ပရိသတ်ကြားမှာ ထင်ပေါ်ခဲ့တဲ့ သင်ဇာဝင့်ကျော်
အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို ရပ်နားထားပြီး ပွဲအခမ်းအနားတွေကိုသာ တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူတူ တောင်ကြီးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က တောင်ကြီးမြို့က Canal+ fans meeting ပွဲ အခမ်းအနားကို မင်းသားချော ပိုင်တံခွန်နဲ့ အတူတူ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ တောင်ကြီးမြို့ရောက် ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်နော်။
သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခြင်း ရပ်နားထားပြီး ကြော်ငြာတွေကိုတော့ မအားမလပ်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော် ဒီတစ်ခေါက် ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦးအသွင်ကို ပေါ်လွင်စေပြီး သူမရဲ့ ခန္ဒာကိုယ်အလှကိုပါ ပေါ်လွင်ထင်ရှားစေတာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်တွေကတော့ အမြဲတမ်းဆန်းသစ်နေပြီး ပရိသတ်တွေ အမြဲစောင့်ကြည့်နေရတာပဲ ဖြစ်ပါတယ်။
canal + fan meeting ပွဲမှာ အတူတူတွေ့ရတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်း ဖက်ရှင်ကျကျ ဝတ်ဆင်တတ်လို့ အားလုံးက အမြဲငေးမောနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ တောင်ကြီးရောက် ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Thin Zar Wint Kyaw’s fb
Credit \\ original







