“ေနျမင့္မွအိပ္ရာထတတ္တဲ့သူေတြသာ နားလည္ႏိုင္မယ့္ အခက္အခဲ (၁၀ ) ခု။”
အိပ္ရာထဲမွာပဲ ဟိုလွိမ့္ဒီလွိမ့္နဲ႔ အိပ္မက္ေတြမက္လို႔ေကာင္းေနတုန္းပါ။ ေနျမင့္မွ အိပ္ရာထတတ္တဲ့သူေတြနဲ႔ပတ္သက္ျပီး
သူတို႔သာနားလည္ႏိုင္တဲ့ အခက္အခဲေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။
(၁) Alarm ေတြကုိ ၅ ခါေလာက္ဆက္တိုက္ေပးတယ္၊ ျမည္လာတိုင္းလည္း ပိတ္ျပီး ျပန္ျပန္အိပ္တတ္တယ္။
(၂) အိပ္ရာဝင္တိုင္းစဥ္းစားမိတဲ့အရာကေတာ့ မနက္ျဖန္ မနက္ေစာေစာထေတာ့မယ္ ဆိုတာပါပဲ။
(၃) လူတိုင္းက သင့္ကို ဘာျဖစ္တာလဲ၊ ေနမေကာင္းဘူးလား ဆိုတဲ့ေမးခြန္းေတြကို မၾကာခဏေမးတတ္ၾကပါတယ္။
(၄) သြားစရာရွိတယ္ဆိုရင္ အခ်ိန္ေနာက္မက်ေအာင္ ေသေသခ်ာခ်ာတြက္ခ်က္ျပီး ရသေလာက္ျပန္အိပ္တတ္တယ္။
(၅) သင့္ရဲ႕ အခန္းေဖာ္၊ မိဘ၊ မိသားစုဝင္ေတြက သင့္ကိုႏိႈးရမွာကို အရမး္ေၾကာက္ၾကပါတယ္။ သူတို႔အတြက္
တကယ္ကိုခက္ခဲတဲ့ အလုပ္တစ္ခုျဖစ္ေနလို႔ပါ။
(၆) ထလိုက္တိုင္းျပန္ျပန္ျပီးအိပ္မိေနတယ္။ ဘယ္လိုမွ မ်က္လံုးဖြင့္လို႔မရသလို အိပ္ရာထဲကေန မထြက္ႏိုင္ၾကပါဘူး။
(၇) ေကာ္ဖီ၊ ေရေႏြးၾကမ္းစတဲ့အရာေတြက သင့္ရဲ႕ အေကာငး္ဆံုး သူငယ္ခ်င္းေတြျဖစ္တယ္။
(၈) ညေနပိုင္းမွာဖြင့္တဲ့ သင္တန္းေတြ၊ ေက်ာင္းေတြ၊ ရံုးေတြ ရွိေစခ်င္တယ္။ ေန႔ခင္းေလာက္မွာ အိပ္ရာထျပီး တစ္ခါေလာက္
ဇိမ္ေျပနေျပေလး သင္တန္းတက္၊ ေက်ာင္းတက္၊ အလုပ္သြားဖူးခ်င္လို႔ပါ။
(၉) မ်က္ကြင္းေတြအျမဲညိဳေနတတ္တယ္။
(၁၀) အျမဲလိုလိုေနာက္က်တတ္လို႔ ကမန္းကတန္းသြားရ လာရလြန္းလို႔ ဟုိက်န္ဒီက်န္နဲ႔ အမ်ားအျမင္မွာ
ရွပ္ပလာျဖစ္ေနတတ္တယ္။
Em Em
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
နေမြင့်မှအိပ်ရာထတတ်တဲ့သူတွေသာ နားလည်နိုင်မယ့် အခက်အခဲ (၁၀ ) ခု
တစ်ချို့လူတွေဟာ မနက်စောစောထ၊ အလုပ်တွေတက်တက်ကြွကြွလုပ်ပြီး လန်းဆန်းနေတဲ့အချိန်မှာ တစ်ချို့တွေကတော့
အိပ်ရာထဲမှာပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မက်တွေမက်လို့ကောင်းနေတုန်းပါ။ နေမြင့်မှ
အိပ်ရာထတတ်တဲ့သူတွေနဲ့ပတ်သက်ပြီး သူတို့သာနားလည်နိုင်တဲ့ အခက်အခဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Alarm တွေကို ၅ ခါလောက်ဆက်တိုက်ပေးတယ်၊ မြည်လာတိုင်းလည်း ပိတ်ပြီး ပြန်ပြန်အိပ်တတ်တယ်။
(၂) အိပ်ရာဝင်တိုင်းစဉ်းစားမိတဲ့အရာကတော့ မနက်ဖြန် မနက်စောစောထတော့မယ် ဆိုတာပါပဲ။
(၃) လူတိုင်းက သင့်ကို ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား ဆိုတဲ့မေးခွန်းတွေကို မကြာခဏမေးတတ်ကြပါတယ်။
(၄) သွားစရာရှိတယ်ဆိုရင် အချိန်နောက်မကျအောင် သေသေချာချာတွက်ချက်ပြီး ရသလောက်ပြန်အိပ်တတ်တယ်။
(၅) သင့်ရဲ့ အခန်းဖော်၊ မိဘ၊ မိသားစုဝင်တွေက သင့်ကိုနှိုးရမှာကို အရမ်းကြောက်ကြပါတယ်။ သူတို့အတွက်
တကယ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်နေလို့ပါ။
(၆) ထလိုက်တိုင်းပြန်ပြန်ပြီးအိပ်မိနေတယ်။ ဘယ်လိုမှ မျက်လုံးဖွင့်လို့မရသလို အိပ်ရာထဲကနေ မထွက်နိုင်ကြပါဘူး။
(၇) ကော်ဖီ၊ ရေနွေးကြမ်းစတဲ့အရာတွေက သင့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်တယ်။
(၈) ညနေပိုင်းမှာဖွင့်တဲ့ သင်တန်းတွေ၊ ကျောင်းတွေ၊ ရုံးတွေ ရှိစေချင်တယ်။ နေ့ခင်းလောက်မှာ အိပ်ရာထပြီး
တစ်ခါလောက် ဇိမ်ပြေနပြေလေး သင်တန်းတက်၊ ကျောင်းတက်၊ အလုပ်သွားဖူးချင်လို့ပါ။
(၉) မျက်ကွင်းတွေအမြဲညိုနေတတ်တယ်။
(၁၀) အမြဲလိုလိုနောက်ကျတတ်လို့ ကမန်းကတန်းသွားရ လာရလွန်းလို့ ဟိုကျန်ဒီကျန်နဲ့ အများအမြင်မှာ
ရှပ်ပလာဖြစ်နေတတ်တယ်။
Em Em
Credit:Aunty May


