ရန္ကုန္တိုင္းေဒသႀကီး ေရႀကီးမႈကေန လြတ္ေျမာက္လာပါျပီဟု ၀န္ႀကီးခ်ဳပ္ေျပာ
ရန္ကုန္တိုင္းေဒသႀကီးဟာ ေရႀကီးတဲ့ စာရင္းကေန လြတ္ေျမာက္လာၿပီလို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္္းသိန္းက ေျပာၾကားလိုက္ပါတယ္။
ဒီကေန႔ ဇြန္လ ၁၈ ရက္က ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးအၿပီး မီဒီယာေတြနဲ႔ ေတြ႔ဆံုၿပီး အခုလို ေျပာဆိုခဲ့တာပါ။
ရန္ကုန္တိုင္းေဒသႀကီးမွာ ေရႀကီးေရလွ်ံတဲ့ ျပႆနာအတြက္ လြတ္ခဲ့တဲ့ ၃ ႏွစ္ေလာက္က စၿပီး ေခ်ာင္းေကာ၊ ေျမာင္းေကာ မျဖစ္ေအာင္ထိန္းသိမ္းတာ၊ ျမစ္ကမ္းပါး ထိန္းသိမ္းတာေတြကို ႏွစ္စဥ္ က်ပ္ ဘီလီယံ ၂၀ ေက်ာ္ ၃၀ ေလာက္ အသံုးျပဳၿပီးေဆာင္ရြက္ခဲ့တယ္လို ့ဆိုပါတယ္။
ဆက္လက္ၿပီး ရန္ကုန္ၿမိဳ႕ ေရႀကီးေရလွ်ံတာမျဖစ္ေအာင္လည္း ေခ်ာင္းေတြ ေျမာင္းေတြကို ခ်ဲ႔တာ၊ ေရတံခါးေတြတပ္ၿပီး ပန္႔နဲ႔ စုတ္ထုတ္တာေတြကို ဆက္လုပ္သြားမယ္လုိ႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
Credit – dvb
Unicode ျဖင့္ဖတ္ရန္
ရန်ကုန်တိုင်းဒေသကြီးဟာ ရေကြီးတဲ့ စာရင်းကနေ လွတ်မြောက်လာပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင််းသိန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇွန်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးမှာ ရေကြီးရေလျှံတဲ့ ပြဿနာအတွက် လွတ်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး ချောင်းကော၊ မြောင်းကော မဖြစ်အောင်ထိန်းသိမ်းတာ၊ မြစ်ကမ်းပါး ထိန်းသိမ်းတာတွေကို နှစ်စဉ် ကျပ် ဘီလီယံ ၂၀ ကျော် ၃၀ လောက် အသုံးပြုပြီးဆောင်ရွက်ခဲ့တယ်လို ့ဆိုပါတယ်။
ဆက်လက်ပြီး ရန်ကုန်မြို့ ရေကြီးရေလျှံတာမဖြစ်အောင်လည်း ချောင်းတွေ မြောင်းတွေကို ချဲ့တာ၊ ရေတံခါးတွေတပ်ပြီး ပန့်နဲ့ စုတ်ထုတ်တာတွေကို ဆက်လုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
Credit – dvb


