“ကေလးေတြကို ဗန္းျပၿပီး …အလႉခံတယ္ဆိုတဲ့ ကိစၥကို… ေျဖရွင္းလိုက္တဲ့ ခိုင္ႏွင္းေဝ။”
ကေလးေတြကို ဗန္းျပၿပီး အလႉခံတယ္ဆိုတဲ့ ကိစၥကို ေျဖရွင္းလိုက္တဲ့ ခိုင္ႏွင္းေဝ
အႏုပညာလုပ္ငန္းေတြ လႈပ္ရွားမႈေတြကို ရပ္ၿပီး ပရဟိတဖက္ကိုပဲ အားသြန္ခြန္စိုက္ လုပ္ကိုင္ေနတဲ့ ပရဟိတမင္းသမီး
ခိုင္ႏွင္းေဝကိုေတာ့ ပရိသတ္ေတြ ေလးစားသလို ရင္းလည္း ရင္းႏွီးၿပီးသား ျဖစ္မယ္ ထင္ပါတယ္။ ခိုင္ႏွင္းေဝကေတာ့
အခက္ခဲျဖစ္ ေနတဲ့သူေတြ မရွိတဲ့သူေတြကို အၿမဲတမ္းလိုလို တက္ႏိုင္သေလာက္ ကိုယ္တိုင္အားတက္ သေရာအၿမဲတမ္း
လႉဒါန္းေပးေနတဲ့သူ ျဖစ္ပါတယ္။ ထို႔ေနာက္ ခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ကေလးေတြနဲ႔ ဒုကၡေရာက္ေနတဲ့
ကေလးေတာ္ေတာ္မ်ားမ်ားကိုလည္း ကူညီေပးထားတဲ့ သူ တေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ကိုတိုက္ခိုက္ခ်င္တဲ့
လူေတာ္ေတာမ်ားမ်ားကေတာ့သူဒီလိုကေလးေတြကို ေမြးထားတာကေတာ့ ကေလးေတြကို ဗန္းျပၿပီး အလႉခံေနတယ္လို႔
ေျပာေနၾကတာ ျဖစ္ပါတယ္။ ဒီစကားအေပၚမွာေတာ့ ခိုင္ႏွင္းေဝက ေျဖရွင္းလိုက္တာ ျဖစ္ပါတယ္။
ခိုင္ႏွင္းေဝကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာေတာ့ “တခ်ိဳ႕က ကေလးေတြ ေမြးလာတဲ့အေပၚမွာ ဘာေတြေျပာလာၾကလဲဆိုေတာ့
အမကိုကေလးဗန္းျပၿပီး အလႉခံတယ္ေပါ့။ စိတ္မေကာင္းဘူး။ ဘာလို႔အဲ့လိုေျပာတာလဲ။ အလႉရွင္ေတြက အၿမဲတမ္းဖုန္းဆက္ၿပီး
ဘာလိုအပ္လည္း ေမးရင္း ကေလးေတြလိုအပ္တဲ့အရာေတြကိုပဲ အၿမဲေျဖေနရေတာ့ အလႉရွင္ေတြအားလုံးနဲ႔
ဖုန္းေသခ်ာမေျပာျဖစ္ဘူး။ အဲ့ေတာ့ ေဖ့ဘုတ္ေပၚကေန ကေလးေတြအတြက္ ဒီလိုပစၥည္းေလးေတြ လိုအပ္ပါတယ္ေပါ့။
သားေလး သမီးေလးေတြကို ေမြးလိုက္တာနဲ႔ ဝမ္းသာပီတိျဖစ္လို႔ ေဖ့ဘုတ္ေပၚ တင္ျဖစ္တယ္။ အဲ့လိုေတြ ေျပာတဲ့အတြက္
ရင္ထဲမွာ ေအာင့္သြားတာပဲ။ ငါဒီေလာက္ ပင္ပင္ပန္းပန္းနဲ႔ လုပ္ေနတာေတာင္ ငါ့ကို ေျပာရက္တယ္ ဆိုၿပီးေတာ့ေလ။
ေတာ္ၿပီမလုပ္ခ်င္ေတာ့ဘူးဆိုၿပီး ျဖစ္တယ္။ အဲ့လိုခ်ိန္မွာဆိုရင္လည္း မရဲ႕ သားေတြ သမီးေတြရဲ႕ ငိုသံေလးေတြ ၾကားလိုက္ရရင္
မေနႏိုင္ျပန္ဘူး။ အမ ေသမွပဲ ဒီလိုမ်ိဳးလုပ္တာ ရပ္မယ္ထင္တယ္။ ဘာလို႔လည္းဆို ခ်စ္လို႔ေလ။ မိဘမဲ့ေက်ာင္းက
ကေလးေတြကို ခ်စ္တယ္။ အမေမြးလိုက္ၿပီဆိုရင္ေတာ့ မိဘမဲ့ေတြ မဟုတ္ဘူးေပါ့။ အေဖေမတၱာမရရင္ အေမ ေမတၱာရေအာင္
လုပ္ေပးမွာပါ”
“အခုဆိုရင္ အမသတ္မွတ္လိုက္တာကေတာ့ ကေလးပဲ လက္ခံေတာ့မွာ ဗိုက္သည္ လက္မခံေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့
တခ်ိဳ႕ဆို ခြဲေမြးရတာေတြ ရွိတယ္ေလ။ အဲ့ကုန္က်စားရိတ္ကလည္း အမပဲ ေပးရတာ။ အခုတခ်ိဳ႕ Single Mother ေတြမွာေတာ့
အရမ္းခက္ခဲတဲ့သူေတြအတြက္ေတာ့ အမ ေမြးေပးလိုက္တယ္။ ဒီကေလးေတြႀကီးလာရင္ေတာ့ အစိုးရေက်ာင္းထားမယ္။
အခုကေတာ့ ေနရာ ေျမကြက္ေလးလိုခ်င္ပါတယ္။ ရိပ္သာေလးေဆာင္ၿပီး ေႏြးေႏြးေထြးေထြးေနမယ္ဆိုၿပီးေတာ့
စိတ္ကူးယဥ္တာေပါ့ေနာ္။ အကုန္လုပ္ေပးဖို႔ စိတ္ကူးထားၿပီးသား။ အမတေယာက္ထဲပဲ လုပ္တယ္။ ပုံမွန္ေလးပဲလုပ္တယ္။
ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလည္း လက္ခံလာၾကပါၿပီ အထင္လြဲရင္ေတာင္မွ အျမင္မွန္ဆိုတာ ရလာမွာပါ”
ဟုေျပာၾကားသြား ခဲ့ပါတယ္။
Credit \\ original
Unicode .. Version
ကလေးတွေကို ဗန်းပြပြီး အလှူခံတယ်ဆိုတဲ့ ကိစ္စကို ဖြေရှင်းလိုက်တဲ့ ခိုင်နှင်းဝေ
အနုပညာလုပ်ငန်းတွေ လှုပ်ရှားမှုတွေကို ရပ်ပြီး ပရဟိတဖက်ကိုပဲ အားသွန်ခွန်စိုက် လုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီး
ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေ လေးစားသလို ရင်းလည်း ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ခိုင်နှင်းဝေကတော့
အခက်ခဲဖြစ် နေတဲ့သူတွေ မရှိတဲ့သူတွေကို အမြဲတမ်းလိုလို တက်နိုင်သလောက် ကိုယ်တိုင်အားတက် သရောအမြဲတမ်း
လှူဒါန်းပေးနေတဲ့သူ ဖြစ်ပါတယ်။ ထို့နောက် ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေနဲ့ ဒုက္ခရောက်နေတဲ့
ကလေးတော်တော်များများကိုလည်း ကူညီပေးထားတဲ့ သူ တယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကိုတိုက်ခိုက်ချင်တဲ့
လူတော်တောများများကတော့သူဒီလိုကလေးတွေကို မွေးထားတာကတော့ ကလေးတွေကို ဗန်းပြပြီး အလှူခံနေတယ်လို့
ပြောနေကြတာ ဖြစ်ပါတယ်။ ဒီစကားအပေါ်မှာတော့ ခိုင်နှင်းဝေက ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ MC နဲ့ အင်တာဗျူးမှာတော့ “တချို့က ကလေးတွေ မွေးလာတဲ့အပေါ်မှာ
ဘာတွေပြောလာကြလဲဆိုတော့ အမကိုကလေးဗန်းပြပြီး အလှူခံတယ်ပေါ့။ စိတ်မကောင်းဘူး။ ဘာလို့အဲ့လိုပြောတာလဲ။
အလှူရှင်တွေက အမြဲတမ်းဖုန်းဆက်ပြီး ဘာလိုအပ်လည်း မေးရင်း ကလေးတွေလိုအပ်တဲ့အရာတွေကိုပဲ
အမြဲဖြေနေရတော့ အလှူရှင်တွေအားလုံးနဲ့ ဖုန်းသေချာမပြောဖြစ်ဘူး။ အဲ့တော့ ဖေ့ဘုတ်ပေါ်ကနေ ကလေးတွေအတွက်
ဒီလိုပစ္စည်းလေးတွေ လိုအပ်ပါတယ်ပေါ့။ သားလေး သမီးလေးတွေကို မွေးလိုက်တာနဲ့ ဝမ်းသာပီတိဖြစ်လို့ ဖေ့ဘုတ်ပေါ်
တင်ဖြစ်တယ်။ အဲ့လိုတွေ ပြောတဲ့အတွက် ရင်ထဲမှာ အောင့်သွားတာပဲ။ ငါဒီလောက် ပင်ပင်ပန်းပန်းနဲ့ လုပ်နေတာတောင်
ငါ့ကို ပြောရက်တယ် ဆိုပြီးတော့လေ။ တော်ပြီမလုပ်ချင်တော့ဘူးဆိုပြီး ဖြစ်တယ်။ အဲ့လိုချိန်မှာဆိုရင်လည်း မရဲ့ သားတွေ
Credit \\ original
သမီးတွေရဲ့ ငိုသံလေးတွေ ကြားလိုက်ရရင် မနေနိုင်ပြန်ဘူး။ အမ သေမှပဲ ဒီလိုမျိုးလုပ်တာ ရပ်မယ်ထင်တယ်။
ဘာလို့လည်းဆို ချစ်လို့လေ။ မိဘမဲ့ကျောင်းက ကလေးတွေကို ချစ်တယ်။ အမမွေးလိုက်ပြီဆိုရင်တော့ မိဘမဲ့တွေ
မဟုတ်ဘူးပေါ့။ အဖေမေတ္တာမရရင် အမေ မေတ္တာရအောင် လုပ်ပေးမှာပါ”
“အခုဆိုရင် အမသတ်မှတ်လိုက်တာကတော့ ကလေးပဲ လက်ခံတော့မှာ ဗိုက်သည် လက်မခံတော့ဘူး။
ဘာလို့လဲဆိုတော့ တချို့ဆို ခွဲမွေးရတာတွေ ရှိတယ်လေ။ အဲ့ကုန်ကျစားရိတ်ကလည်း အမပဲ ပေးရတာ။ အခုတချို့ Single
Mother တွေမှာတော့ အရမ်းခက်ခဲတဲ့သူတွေအတွက်တော့ အမ မွေးပေးလိုက်တယ်။ ဒီကလေးတွေကြီးလာရင်တော့
အစိုးရကျောင်းထားမယ်။ အခုကတော့ နေရာ မြေကွက်လေးလိုချင်ပါတယ်။ ရိပ်သာလေးဆောင်ပြီး
နွေးနွေးထွေးထွေးနေမယ်ဆိုပြီးတော့ စိတ်ကူးယဉ်တာပေါ့နော်။ အကုန်လုပ်ပေးဖို့ စိတ်ကူးထားပြီးသား။ အမတယောက်ထဲပဲ
လုပ်တယ်။ ပုံမှန်လေးပဲလုပ်တယ်။ ပရိသတ်တော်တော်များများကလည်း လက်ခံလာကြပါပြီ အထင်လွဲရင်တောင်မှ
အမြင်မှန်ဆိုတာ ရလာမှာပါ” ဟုပြောကြားသွား ခဲ့ပါတယ်။




