ဒီနေ့မှာပဲ သီလရှင်ဝတ်သွားပြီဖြစ်တဲ့ စူးရှထက်




အဆိုတော် အစ္စဏီရဲ့အမှုကိစ္စနဲ့ပတ်သတ်ပြီး တရားလိုတစ်ဦးဖြစ်တဲ့ စူးရှထက်ကတော့ မိန်းမသားတန်မဲ့ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ စိတ်ဓာတ်မာသူလေးပါ၊ ပရိသတ်တွေကို ပျော်ရွှင်စေတဲ့ စူးရှထက်ကတော့ သူမရဲ့အနုပညာနဲ့လည်း ပရိသတ်ကို ဖျော်ဖြေပေးလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စူးရှထက်က သီလရှင်ဝတ်ပြီး ကုသိုလ်ယူနေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် ဒီနေ့မှာပဲ သီလရှင်ဝတ်သွားပြီဖြစ်တဲ့ စူးရှထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ဒီနေ့မှာပဲ သီလရှင်ဝတ်သွားပြီဖြစ်တဲ့ စူးရှထက် စူးရှထက်ကတော့ “ဆရာလေး ဆေကဝတီ🙏🏻🙏🏻🙏🏻😇” ဆိုပြီး သီလရှင်ဝတ်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

စူးရှထက်ကတော့ လတ်တလောမှာ မိန်းမသားပေမယ့် အမှုကိစ္စကို ရဲရဲဝံ့ဝံ့ ဖြေရှင်းနေပြီး စီးပွားရေးအတွက် အနုပညာအလုပ်တွေ အကောင်းဆုံးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သူမရဲ့လုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သီလရှင်ဝတ်ပြီး ကုသိုလ်ယူနေတဲ့ စူးရှထက်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။



Myint Myat
Source: Zar Chi’s Facebook

Credit  \  original

Recent Updates

Recent Posts Widget