အႏုပညာနဲ႕ အလုပ္လုပ္ျပီး ေဖာ္ရခၽြတ္ရတာ မရွက္ပါဘူးဆိုတဲ့ သင္ဇာဝင့္္ေက်ာ္
သရုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္းမွာ ဆက္စီ ဘက္ကို ပိုအသားေပး ရိုက္ကူးလာတာ ျဖစ္ပါတယ္။ အႏုပညာနဲ႕ လုပ္ကိုင္စားေသာက္ရတာ ျဖစ္တဲ့အတြက္ ဒီလိုမ်ိဳး ရိုက္ဖို႕ ကမ္းလွမ္းလာတဲ့အခါ လက္ခံလိုက္ရတယ္လို႕ ဆိုပါတယ္။ ဒါေတြကို မၾကိဳက္တဲ့အတြက္ ခ်စ္သူက သတိေပးေနရင္းတန္းလန္းနဲ႕ ႏွစ္ဦးသား အေၾကာင္းမတိုက္ဆိုင္မႈေတြ ရွိလာခ်ိန္မွာေတာ့ လမ္းခြဲျပီး single ျဖစ္သြားျပန္တာ ျဖစ္ပါတယ္။ေဖ့စ္ဘြတ္ေပၚက အဆိုးျမင္ေဝဖန္မႈေတြအေပၚ သင္ဇာ့ရဲ႕ ခံယူခ်က္ကို Myanmar Platform မီဒီယာနဲ႕ အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။
“ ဘယ္လိုမွ ဖီလင္ မျဖစ္ေတာ့ပါဘူး။ အေရထူသြားျပီလို႔ပဲ ေျပာရမယ္။ ေကာင္းတဲ့ ေဝဖန္မႈကိုေတာ့ လက္ခံပါတယ္။ ဆိုးတဲ့ ေဝဖန္မႈက်ေတာ့ ကိုယ္သာ သူတို႕ေနရာမွာသာ ဆိုရင္ေပါ့ေနာ္။ ဥပမာ ကိုယ္နဲ႕ အေၾကာင္း မသိတဲ့သူကို သူ႕အေၾကာင္းလည္း ကိုယ္မသိဘူးဆိုေတာ့ ဘာမွ ေဝဖန္မိမွာ မဟုတ္ဘူး။ ဘာလို႕ဆိုေတာ့ ကိုယ္ေျပာလိုက္လို႕ မွားသြားရင္ ရွက္စရာၾကီးေလ။ ကိုယ္လည္း သူမ်ားအေၾကာင္း မသိဘဲနဲ႕ သူမ်ား ပို႕စ္ေအာက္မွာ ဝင္ျပီး မိုက္မိုက္ရိုင္းရိုင္း comment ေရးတယ္ ဆိုကတည္းက ကိုယ့္အဆင့္အတန္းကိုယ္ ေဖာ္ျပေနတာဆိုေတာ့ ခံစားမေနေတာ့ဘူး။ အက်ိဳးလည္း မရွိဘူးေလ။ အဲ့ဒါေၾကာင့္ page ေတြေအာက္မွာ မိုက္မိုက္ရိုင္းရိုင္း ေဝဖန္ၾကတဲ့ comment ေတြကို ဘယ္ေတာ့မွ မဖတ္ဘူး။ အက်ိဳးမရွိတာေတြနဲ႕ သင့္ဇာ အခ်ိန္အကုန္မခံပါဘူး။” လို႕ ဆိုပါတယ္။
အေပၚပိုင္းေပၚေအာင္ ဝတ္တယ္လို႕ ေျပာေနၾကတဲ့ အေပၚ သင္ဇာရဲဲ႕ တံု႕ျပန္မႈက “ ဒူးေနရာဒူး ေတာ္ေနရာေတာ္ေလ။ ဘုရားသြားေက်ာင္းတက္ ျမန္မာဝတ္စံု ဝတ္ရမယ္ဆိုတဲ့ အသိစိတ္က မိဘေတြ ငယ္ငယ္တည္းက သင္ေပးထားတာ။ လူၾကီးေတြနဲ႕ သြားေတြ႕မယ္ဆိုလည္း ျမန္မာဝတ္စံု ဝတ္ရမယ္။ beach သြားရင္ေတာ့ ဘယ္သူမွ ျမန္မာဝတ္စံု မဝတ္ခ်င္ဘူးေလ။ တစ္ကယ္လို႕ ႏိုင္ငံ့ဂုဏ္ေဆာင္ အျခားႏိုင္ငံကို သြားရမယ္ဆိုရင္ေတာ့ ျမန္မာဝတ္စံုဝတ္ရမွာေပါ့။ ကိုယ့္ဟာကိုယ္ အလည္အပတ္သြားတယ္ဆိုရင္ေတာ့ Relax လုပ္ေနတာဆိုေတာ့ ဒူးေနရာဒူး ေတာ္ေနရာေတာ္ ဝတ္တာေပါ့။ အဲ့လိုမ်ိဳးေတြကအစ လိုက္ေျပာေနမယ္ဆိုရင္လည္း။
ဥပမာ – ဆက္စီ pose ရိုက္မယ္ဆိုရင္ ဆက္စီ ဆန္ဆန္ရိုက္ရမွာပဲ။ သူတို႕က ကမ္းလွမ္းလာျပီဆိုေတာ့ ကိုယ္ကဝတ္ေပးရမွာ ကိုယ့္အလုပ္ေလ။ ဒီလိုမ်ိဳး အႏုပညာနဲ႕ အလုပ္လုပ္ျပီး ခၽြတ္ရေဖာ္ရတာကို မရွက္ပါဘူး။ ရိုးသားစြာ လုပ္ကိုင္ရွာေဖြ စားေသာက္ေနတာ။ ဘယ္သူ႕မွလည္း ဒုကၡေပးေနတာ မဟုတ္တဲ့အတြက္ မရွက္ပါဘူး။” လို႕ ဆိုပါတယ္။ခ်စ္သူနဲ႕ လမ္းခြဲျပီး ေနာက္ပိုင္း အခ်စ္သစ္ ထပ္ရွာဦးမလား ဆိုတာကေတာ့ “အခ်စ္ေရးကေတာ့ သူနဲ႕ကိုယ္နဲ႕ ညွိလို႕ အဆင္မေျပေတာ့တဲ့ အေနအထားေလးတစ္ခု ျဖစ္သြားလို႕သာ လမ္းခြဲလိုက္တာပါ။ လူပဲ ခ်စ္တယ္ဆိုတာက ေကာင္းပါတယ္။ ဒါေၾကာင့္ အခ်စ္သစ္ေတာ့ ထပ္ရွာဦးမွာပါ။ အဓိကကေတာ့ ကိုယ့္ကို အျပည့္အဝနားလည္ႏိုင္မွ စိတ္ခ်မ္းသာရမွာေလ။ ဒါေၾကာင့္ နားလည္မႈ ေပးႏိုင္တဲ့သူပဲရွာေတာ့မယ္။” လို႕ ဆိုပါတယ္။သင္ဇာဝင့္ေက်ာ္က လက္ရွိအခ်ိန္မွာ စဥ္းစားရမယ့္လူေတြကေတာ့ တန္းစီေနျပီး ခါခ်ေနရတယ္လို႕ ဆိုပါတယ္။ သင္ဇာဝင့္ေက်ာ္ရဲ႕ ခ်စ္သူျဖစ္ခ်င္သူေတြက သတ္မွတ္ထားတဲ့ စံႏႈန္းေတြနဲ႕ ကိုက္ညီရမွာ ျဖစ္သလို အရွပ္ရွည္ ရုပ္ေခ်ာ ဗလေတာင့္သူေတြကိုေတာ့ ဦးစားေပး ျဖစ္မယ္လို႕ သိရပါတယ္။
Credit \\ original
Unicode
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်းမှာ ဆက္စီဘက်ကို ပိုအသားပေး ရိုက်ကူးလာတာ ဖြစ်ပါတယ်။ အနုပညာနဲ့ လုပ်ကိုင်စားသောက်ရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး ရိုက်ဖို့ ကမ်းလှမ်းလာတဲ့အခါ လက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါတွေကို မကြိုက်တဲ့အတွက် ချစ်သူက သတိပေးနေရင်းတန်းလန်းနဲ့ နှစ်ဦးသား အကြောင်းမတိုက်ဆိုင်မှုတွေ ရှိလာချိန်မှာတော့ လမ်းခွဲပြီး single ဖြစ်သွားပြန်တာ ဖြစ်ပါတယ်။ဖေ့စ်ဘွတ်ပေါ်က အဆိုးမြင်ဝေဖန်မှုတွေအပေါ် သင်ဇာ့ရဲ့ ခံယူချက်ကို Myanmar Platform မီဒီယာနဲ့ အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။
“ ဘယ်လိုမှ ဖီလင် မဖြစ်တော့ပါဘူး။ အရေထူသွားပြီလို့ပဲ ပြောရမယ်။ ကောင်းတဲ့ ဝေဖန်မှုကိုတော့ လက်ခံပါတယ်။ ဆိုးတဲ့ ဝေဖန်မှုကျတော့ ကိုယ်သာ သူတို့နေရာမှာသာ ဆိုရင်ပေါ့နော်။ ဥပမာ ကိုယ်နဲ့ အကြောင်း မသိတဲ့သူကို သူ့အကြောင်းလည်း ကိုယ်မသိဘူးဆိုတော့ ဘာမှ ဝေဖန်မိမှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ကိုယ်ပြောလိုက်လို့ မှားသွားရင် ရှက်စရာကြီးလေ။ ကိုယ်လည်း သူများအကြောင်း မသိဘဲနဲ့ သူများ ပို့စ်အောက်မှာ ဝင်ပြီး မိုက်မိုက်ရိုင်းရိုင်း comment ရေးတယ် ဆိုကတည်းက ကိုယ့်အဆင့်အတန်းကိုယ် ဖော်ပြနေတာဆိုတော့ ခံစားမနေတော့ဘူး။ အကျိုးလည်း မရှိဘူးလေ။ အဲ့ဒါကြောင့် page တွေအောက်မှာ မိုက်မိုက်ရိုင်းရိုင်း ဝေဖန်ကြတဲ့ comment တွေကို ဘယ်တော့မှ မဖတ်ဘူး။ အကျိုးမရှိတာတွေနဲ့ သင့်ဇာ အချိန်အကုန်မခံပါဘူး။” လို့ ဆိုပါတယ်။
အပေါ်ပိုင်းပေါ်အောင် ဝတ်တယ်လို့ ပြောနေကြတဲ့ အပေါ် သင်ဇာရဲ့ တုံ့ပြန်မှုက “ ဒူးနေရာဒူး တော်နေရာတော်လေ။ ဘုရားသွားကျောင်းတက် မြန်မာဝတ်စုံ ဝတ်ရမယ်ဆိုတဲ့ အသိစိတ်က မိဘတွေ ငယ်ငယ်တည်းက သင်ပေးထားတာ။ လူကြီးတွေနဲ့ သွားတွေ့မယ်ဆိုလည်း မြန်မာဝတ်စုံ ဝတ်ရမယ်။ beach သွားရင်တော့ ဘယ်သူမှ မြန်မာဝတ်စုံ မဝတ်ချင်ဘူးလေ။ တစ်ကယ်လို့ နိုင်ငံ့ဂုဏ်ဆောင် အခြားနိုင်ငံကို သွားရမယ်ဆိုရင်တော့ မြန်မာဝတ်စုံဝတ်ရမှာပေါ့။ ကိုယ့်ဟာကိုယ် အလည်အပတ်သွားတယ်ဆိုရင်တော့ Relax လုပ်နေတာဆိုတော့ ဒူးနေရာဒူး တော်နေရာတော် ဝတ်တာပေါ့။ အဲ့လိုမျိုးတွေကအစ လိုက်ပြောနေမယ်ဆိုရင်လည်း။
ဥပမာ – ဆက္စီ pose ရိုက်မယ်ဆိုရင် ဆက္စီy ဆန်ဆန်ရိုက်ရမှာပဲ။ သူတို့က ကမ်းလှမ်းလာပြီဆိုတော့ ကိုယ်ကဝတ်ပေးရမှာ ကိုယ့်အလုပ်လေ။ ဒီလိုမျိုး အနုပညာနဲ့ အလုပ်လုပ်ပြီး ချွတ်ရဖော်ရတာကို မရှက်ပါဘူး။ ရိုးသားစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေတာ။ ဘယ်သူ့မှလည်း ဒုက္ခပေးနေတာ မဟုတ်တဲ့အတွက် မရှက်ပါဘူး။” လို့ ဆိုပါတယ်။ချစ်သူနဲ့ လမ်းခွဲပြီး နောက်ပိုင်း အချစ်သစ် ထပ်ရှာဦးမလား ဆိုတာကတော့ “အချစ်ရေးကတော့ သူနဲ့ကိုယ်နဲ့ ညှိလို့ အဆင်မပြေတော့တဲ့ အနေအထားလေးတစ်ခု ဖြစ်သွားလို့သာ လမ်းခွဲလိုက်တာပါ။ လူပဲ ချစ်တယ်ဆိုတာက ကောင်းပါတယ်။ ဒါကြောင့် အချစ်သစ်တော့ ထပ်ရှာဦးမှာပါ။ အဓိကကတော့ ကိုယ့်ကို အပြည့်အဝနားလည်နိုင်မှ စိတ်ချမ်းသာရမှာလေ။ ဒါကြောင့် နားလည်မှု ပေးနိုင်တဲ့သူပဲရှာတော့မယ်။” လို့ ဆိုပါတယ်။သင်ဇာဝင့်ကျော်က လက်ရှိအချိန်မှာ စဉ်းစားရမယ့်လူတွေကတော့ တန်းစီနေပြီး ခါချနေရတယ်လို့ ဆိုပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ ချစ်သူဖြစ်ချင်သူတွေက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရမှာ ဖြစ်သလို အရှပ်ရှည် ရုပ်ချော ဗလတောင့်သူတွေကိုတော့ ဦးစားပေး ဖြစ်မယ်လို့ သိရပါတယ်။
Credit \\ original