မက်ဒရစ်ကနေပြန်လာတဲ့ လီဗာပူးပရိသတ်ရဲ့ ကားအောက်မှာ ခိုးလိုက်လာခဲ့တဲ့ ရွှေ့ပြောင်းဒုက္ခသည်




လီဗာပူးအသင်းဟာ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲမှာ စပါးကို ၀-၂ ဂိုးနဲ့ အနိုင်ယူပြီး (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို လီဗာပူးပရိသတ်များစွာ ဟာ မက်ဒရစ်မြို့ကို လာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးပရိသတ်ကိုယ်စီဟာ သူတို့ရဲ့သက်ဆိုင်ရာနည်းလမ်းတွေနဲ့ ဗြိတိန်ကို ပြန်လာခဲ့ကြပါတယ်။ အဲဒီလိုပြန်လာတဲ့နေရာမှာ လူတစ်ယောက်က ထူးဆန်းတဲ့လုပ်ရပ်နဲ့ ဗြိတိန်အတွင်းကို တရားမ၀င်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့လုပ်ရပ်ဖြစ်ပွားခဲ့ပါတယ်။


အဲဒါကတော့ တရားမ၀င်ရွှေ့ပြောင်းဒုက္ခသည်တစ်ယောက်ဟာ မက်ဒရစ်ကနေ ဗြိတိန်ကိုပြန်လာတဲ့ လီဗာပူးပရိသတ်တစ်စုရဲ့ ခရီးသွားကားအောက်မှာတွဲလျက် ခိုးပြီးလိုက်ပါလာခဲ့တာပဲဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ကို ကားပေါ်မှာပါတဲ့လီဗာပူးပရိသတ်တွေက ပြင်သစ်ကိုအရောက်တစ်နေရာမှာ သတိထားမိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကားပေါ်ကနေဆင်းလာပြီး သူ့ကို ကားအောက်ကနေ အမြန်ဆုံးထွက်ခွာ ဖို့ ကြိမ်းမောင်းပြောဆိုခဲ့ကြပါတယ်။

“သောက်ရူးကောင် မြန်မြန်ထွက်လာစမ်း” “ငါတို့အားလုံး အိမ်ပြန်ချင်နေပြီ ထွက်လာခဲ့”စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ကြိမ်းမောင်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတရားမ၀င်ရွှေ့ပြောင်းဒုက္ခသည်ဟာ မနေနိုင် တော့ဘဲ ကားဘီးနှစ်ဘီးကြားကနေ ထွက်လာခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို ကားပေါ်မှာပါလာတဲ့ လီဗာပူးပရိသတ်တစ်ယောက် မှတ်တမ်းတင်ထားပြီး အွန်လိုင်းပေါ် ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေသူများပြားခဲ့ကာ လူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

လီဗာပူးပရိသတ်ရဲ့ကားအောက်မှာ ခိုးပြီးလိုက်ပါခဲ့တဲ့ ရွှေ့ပြောင်းဒုက္ခသည်

Ref Daily Mail

Oz11(မိုမိုလေး)

Recent Updates

Recent Posts Widget