မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုကို ၂၀၁၉ ခုနှစ် ဇွန်လတွင် လွှတ်တင်တော့မည်ဟုပြောကြား
ယင်းပြင် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန အင်ဂျင်နီယာချုပ်က ၂၀၁၉ ခုနှစ် ဇွန်တွင် Myanmar Sat – 2 ပါဝင်သော ဂြိုလ်တု လွှတ်တင်မည်ဖြစ်ပြီး စက်တင်ဘာတွင် ဂြိုဟ်တုချန်နယ် 864 MHz ကို မြန်မာ နိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှု ပေးနိုင်မည့် အကြောင်းအရာများနှင့် ပတ်သက်သည့် အသေးစိတ်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“၂၀၁၉ ဇွန်လမှာ Myanmar Sat – 2 ပါဝင်တဲ့ ဂြိုလ်တုကို စတင်လွှတ်တင်မှာဖြစ်ပြီး စက်တင်ဘာ လလယ်ခန့်မှာ ဂြိုဟ်တုချန်နယ် 864 MHz ကို မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနဲ့ ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ အင်ဂျင်နီယာချုပ်က ပြောကြားသည်။
ယင်းပြင် မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် တုံ့ပြန်မှု နည်းပညာများကို ပိုမိုသိရှိ နားလည် စေရန် Cyber Leadership Awareness Workshop (2019) အား မတ် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Workshop အား မြန်မာနိုင်ငံတွင် ခေတ်သစ်ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် တုံ့ပြန်မှု နည်းပညာများကို ပိုမိုသိရှိ နားလည်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ST Engineering (Singapore) Ltd တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
Photo : Google
Credit \  original
Unicode Version
၂၀၁၉ ခုနှစ် ဇွန်လတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ Myanmar Sat – 2 ပါဝင်သော ဂြိုဟ်တု လွှတ်တင် မည်ဖြစ်ပြီး စက်တင်ဘာတွင် ဂြိုလ်တုချန်နယ် 864 MHz ကို မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှှတ် (၂) တွင် မတ် ၆ ရက်က Myanmar Sat – 2 Satellite Application အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ Intelsat ၏ Regional Vice President (Asia – Pacific) Terry Bleakley က Myanmar Sat – 2 Satellite Application and Transformation ခေါင်းစဉ်ဖြင့် ဝန်ကြီးဌာနများအတွက် အရည်အသွေး ပိုမိုကောင်းမွန်သော Myanmar Sat – 2ဂြိုဟ်တုချန်နယ်များဖြင့် ပိုမိုကောင်းမွန်သော ဆက်သွယ်မှုကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြင် သတင်းအချက်အလက် နည်းပညာနှှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန အင်ဂျင်နီယာချုပ်က ၂၀၁၉ ခုနှစ် ဇွန်တွင် Myanmar Sat – 2 ပါဝင်သော ဂြိုလ်တု လွှတ်တင်မည်ဖြစ်ပြီး စက်တင်ဘာတွင် ဂြိုဟ်တုချန်နယ် 864 MHz ကို မြန်မာ နိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှု ပေးနိုင်မည့် အကြောင်းအရာများနှင့် ပတ်သက်သည့် အသေးစိတ်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“၂၀၁၉ ဇွန်လမှာ Myanmar Sat – 2 ပါဝင်တဲ့ ဂြိုလ်တုကိို စတင်လွှတ်တင်မှာဖြစ်ပြီး စက်တင်ဘာ လလယ်ခန့်မှာ ဂြိုဟ်တုချန်နယ် 864 MHz ကို မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနဲ့ ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ အင်ဂျင်နီယာချုပ်က ပြောကြားသည်။
ယင်းပြင် မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှှင့် တုံ့ပြန်မှု နည်းပညာများကို ပိုမိုသိရှိ နားလည် စေရန် Cyber Leadership Awareness Workshop (2019) အား မတ် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Workshop အား မြန်မာနိုင်ငံတွွင် ခေတ်သစ်ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် တုံ့ပြန်မှု နည်းပညာများကို ပိုမိုသိရှိ နားလည်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ST Engineering (Singapore) Ltd တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
Credit \  original
Recent Updates
Recent Posts Widget