“အရက္မူးလြန္ကာ ေသာ့တြဲကို အျမည္းမွတ္ၿပီး ဘီယာနဲ႔ေမၽွာခ်လိုက္မိသူ…”
တစ္ပတ္လုံး အလုပ္ေတြၾကားမွာ ေခါင္းစိုက္ေနရတဲ့ အမ်ိဳးသားေတြအတြက္ ေသာၾကာေန႔ေရာက္ၿပီဆိုရင္ အေပ်ာ္ဆုံးပါပဲ။
ညေနေစာင္းေလူမွာ ေဘာ္ဒါ အေပါင္းအသင္းေတြနဲ႔ ခ်ိန္းၿပီး ပင္ပန္းႏြမ္းနယ္မွုေတြကို ရစ္ေရႊရည္ေလးနဲ႔ အနားယူတတ္ၾကပါတယ္။
ဒါေပမယ့္ ေရခ်ိန္ေက်ာ္ၿပီး အမူးလြန္သြားၿပီဆိုရင္ေတာ့ ျပသနာ တစ္ခုမဟုတ္ တစ္ခုကေတာ့ တတ္စျမဲပါပဲ
တ႐ုတ္နိုင္ငံ ဂြမ္ေဒါင္းစီရင္စုက အသက္ ၂၆ ႏွစ္အရြယ္လူငယ္ဟာ ဇြန္လ ၇ ရက္ေန႔ ညေနပိုင္းက အေပါင္းအသင္းေတြနဲ႔ ေသာက္စားရင္း အလြန္အကၽြံမူးၿပီးမွ အိမ္ကိုျပန္သြားခဲ့ပါတယ္။
အိမ္ေရာက္တဲ့အခါ တံခါးဖြင့္ဖို႔ ေသာ့ရွာတာ ဘယ္မွာမွ ရွာမရတာနဲ႔ အိမ္သားေတြႏွိုးကာ တံခါးေခါက္ၿပီးမွ အိမ္ထဲဝင္ခဲ့ရပါတယ္
အရမ္းမူးေနတဲ့အတြက္ အိမ္ေရာက္ေရာက္ျခင္းပဲ အိပ္ယာေပၚပစ္လွဲခ်ၿပီး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ ေနာက္တစ္ေန႔ မနက္မွာေတာ့ သူ႔ရဲ့ရင္ဘတ္ထဲကေန စူးၿပီးနာတဲ့ ေဝဒနာနဲ႔အတူ နိုးလာခဲ့ပါတယ္။
မခံမရပ္နိုင္ေအာင္ နာလာတဲ့အတြက္ ေဒါင္ဂြမ္းေဆး႐ုံႀကီးကို အျမန္သြားၿပီး စစ္ေဆးခဲ့ပါတယ္။ ဆရာဝန္ေတြက သူ႔ရဲ့ ရင္ဘတ္ပိုင္းကို ဓါတ္မွန္ရိုက္ၾကည့္တဲ့အခါ သူ႔ရဲ့ရင္ဘတ္ထဲမွာ ေသာ့တြဲတစ္တြဲ ရွိေနတာကို အံ့ၾသစြာေတြ႕ခဲ့ရပါတယ္။ ဒီေသာ့တြဲက ေပ်ာက္ဆုံးေနတဲ့ သူ႔ရဲ့ အိမ္ေသာ့တြဲျဖစ္ပါတယ္
ဒီေသာ့တြဲ သူ႔ခႏၶာကိုယ္ထဲ ဘယ္လိုေရာက္ေနလဲဆိုတာ သူကိုယ္တိုင္ မေန႔ညက အျဖစ္ပ်က္ေတြကို ျပန္စဥ္းစားလို႔ မရေတာ့ပါဘူး။ ျဖစ္နိုင္တာက အမူးလြန္ေနတုန္း ေသာ့တြဲကို အျမည္းထင္ၿပီး မ်ိဳခ်လိုက္မိတာ ျဖစ္နိုင္ပါတယ္။
ဆရာဝန္ေတြက ဒီေသာ့တြဲကို ေဘးကင္းကင္းနဲ႔ ဘယ္လိုျပန္ထုတ္ရမလဲဆိုတဲ့ နည္းလမ္းကို အခ်င္းျခင္း ေဆြးေႏြးတိုင္ပင္ခဲ့ၾကပါတယ္။ သူတို႔က ေသာ့တြဲကို အတင္းျပန္ဆြဲ ထုတ္လိုက္ရင္ ကိုယ္တြင္းအဂၤါေတြ ျပတ္ရွထိခိုက္ကုန္မွာကို စိုးရိမ္တာပါ။
ေနာက္ဆုံးမွာေတာ့ အထူးကၽြမ္းက်င္တဲ့ ဆရာဝန္ေတြက အဏုၾကည့္မွန္ေျပာင္း အသုံးျပဳၿပီး သူ႔ရဲ့ လည္ေခ်ာင္းႁပြန္ထဲကေန တစ္ဆင့္ အခ်ိန္ယူကာ ျဖည္းျဖည္းျခင္း ခက္ခက္ခဲခဲ ျပန္လည္ဆြဲထုတ္ယူနိုင္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ အေျခေနအားလုံး ပုံမွန္ျပန္ျဖစ္ၿပီး သက္သာလာၿပီလို႔ သိရပါတယ္။ ေသခ်ာတာကေတာ့ အခုအျဖစ္ပ်က္ေၾကာင့္ ေနာက္တစ္ခါ ေရခ်ိန္လြန္ေအာင္ ေသာက္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။
Credit \\ original
Unicode
တစ်ပတ်လုံး အလုပ်တွေကြားမှာ ခေါင်းစိုက်နေရတဲ့ အမျိုးသားတွေအတွက် သောကြာနေ့ရောက်ပြီဆိုရင် အပျော်ဆုံးပါပဲ။
ညနေစောင်းလေူမှာ ဘော်ဒါ အပေါင်းအသင်းတွေနဲ့ ချိန်းပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ရစ်ရွှေရည်လေးနဲ့ အနားယူတတ်ကြပါတယ်။
ဒါပေမယ့် ရေချိန်ကျော်ပြီး အမူးလွန်သွားပြီဆိုရင်တော့ ပြသနာ တစ်ခုမဟုတ်တစ်ခုကတော့ တတ်စမြဲပါပဲ
တရုတ်နိုင်ငံ ဂွမ်ဒေါင်းစီရင်စုက အသက် ၂၆ နှစ်အရွယ်လူငယ်ဟာ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက အပေါင်းအသင်းတွေနဲ့ သောက်စားရင်း အလွန်အကျွံမူးပြီးမှ အိမ်ကိုပြန်သွားခဲ့ပါတယ်။
အိမ်ရောက်တဲ့အခါ တံခါးဖွင့်ဖို့ သော့ရှာတာ ဘယ်မှာမှ ရှာမရတာနဲ့ အိမ်သားတွေနှိုးကာ တံခါးခေါက်ပြီးမှ အိမ်ထဲဝင်ခဲ့ရပါတယ်
အရမ်းမူးနေတဲ့အတွက် အိမ်ရောက်ရောက်ခြင်းပဲ အိပ်ယာပေါ်ပစ်လှဲချပြီး အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ သူ့ရဲ့ရင်ဘတ်ထဲကနေ စူးပြီးနာတဲ့ ဝေဒနာနဲ့အတူ နိုးလာခဲ့ပါတယ်။
မခံမရပ်နိုင်အောင် နာလာတဲ့အတွက် ဒေါင်ဂွမ်းဆေးရုံကြီးကို အမြန်သွားပြီး စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ ရင်ဘတ်ပိုင်းကို ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ သူ့ရဲ့ရင်ဘတ်ထဲမှာ သော့တွဲတစ်တွဲ ရှိနေတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ ဒီသော့တွဲက ပျောက်ဆုံးနေတဲ့ သူ့ရဲ့ အိမ်သော့တွဲဖြစ်ပါတယ်
ဒီသော့တွဲ သူ့ခန္ဓာကိုယ်ထဲ ဘယ်လိုရောက်နေလဲဆိုတာ သူကိုယ်တိုင် မနေ့ညက အဖြစ်ပျက်တွေကို ပြန်စဉ်းစားလို့ မရတော့ပါဘူး။ ဖြစ်နိုင်တာက အမူးလွန်နေတုန်း သော့တွဲကို အမြည်းထင်ပြီး မျိုချလိုက်မိတာ ဖြစ်နိုင်ပါတယ်။
ဆရာဝန်တွေက ဒီသော့တွဲကို ဘေးကင်းကင်းနဲ့ ဘယ်လိုပြန်ထုတ်ရမလဲဆိုတဲ့ နည်းလမ်းကို အချင်းခြင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ သူတို့က သော့တွဲကို အတင်းပြန်ဆွဲ ထုတ်လိုက်ရင် ကိုယ်တွင်းအင်္ဂါတွေ ပြတ်ရှထိခိုက်ကုန်မှာကို စိုးရိမ်တာပါ။
နောက်ဆုံးမှာတော့ အထူးကျွမ်းကျင်တဲ့ ဆရာဝန်တွေက အဏုကြည့်မှန်ပြောင်း အသုံးပြုပြီး သူ့ရဲ့ လည်ချောင်းပြွန်ထဲကနေတစ်ဆင့် အချိန်ယူကာ ဖြည်းဖြည်းခြင်း ခက်ခက်ခဲခဲ ပြန်လည်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အခြေနေအားလုံး ပုံမှန်ပြန်ဖြစ်ပြီး သက်သာလာပြီလို့ သိရပါတယ်။ သေချာတာကတော့ အခုအဖြစ်ပျက်ကြောင့် နောက်တစ်ခါ ရေချိန်လွန်အောင် သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။
Credit \\ original