ယာဉ်မောင်းကျွမ်းကျင်သူများသာမောင်းပါလို့ သတိပေးထားရတဲ့ လမ်းမကြီး ၅ ခု




မြို့ထဲလမ်းပေါ်မှာ လျှောလျှောရှူရှူကားမောင်းတတ်ရုံနဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းတို့မျိုး၊ ချင်းပြည်နယ်သွားတဲ့ လမ်းတို့ကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်ပြီလို့ ထင်ပါသလား။ ကမ္ဘာအနှံ့မှာ အဲဒီလမ်းတွေထက်ပိုပြီး ကျွမ်းကျင်ပါတဲ့လူတွေတောင် ကားမောင်းရခက်ပြီး အန္တရာယ်ရှိတဲ့ လမ်းမတွေအများကြီး ရှိလို့နေပါတယ်။ အဲဒီအထဲကမှ နာမည်ကြီးလမ်းမတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။


Fairy Meadows တောင်ကြားလမ်း

ပါကစ္စတိုင်းမှာတည်ရှိပြီး Nanga Parbat နဲ့ Killer တောင် သို့ သွားရာလမ်းမကြီးဖြစ်ပါတယ်။ ကျဉ်းမြောင်းပြီး လမ်းဆိုးရွားလှတာကြောင့် တော်ရုံမမောင်းချင်ကြပါဘူး။ Fairy Meadows ဆိုတာ အနီးအနားမှာရှိတဲ့ တောင်ကြားလေးရဲ့ နာမည်လှလှလေးဖြစ်ပြီး အဲဒီတောင်ကြားကို အစွဲပြုကာ လမ်းမကြီးကို နာမည်ပေးထားတာပါ။


shutterstock

Atlantic လမ်းမကြီး

နော်ဝေးမှာတည်ရှိတဲ့ အတ္တလန္တိတ်အဝေးပြေးလမ်းမကြီးကတော့ ဥရောပရဲ့သိပ်ကိုလှပလွန်းတဲ့ လမ်းမတွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လှသည့်တိုင်အောင် အကွေ့အကောက်တွေနဲ့ အတက်အဆင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Molde နဲ့ Kristiansund တို့ကို ဆက်သွယ်ပေးထားပြီး ရေပြင်ကြီးကို ဖြတ်ကာဆောက်ထားတဲ့အတွက် တခြားဘာနဲ့မှမတူတဲ့ ခံစားချက်မျိုးကို ပေးနိုင်မှာပါ။


shutterstock
ယွန်ဂတ်စ်မြောက်ပိုင်းတောင်ပတ်လမ်း

The Death Road တစ်ဖြစ်လည်း လူသိများပြီး သူ့ရဲ့တောင်ပတ်လမ်းဖောက်ထားပုံအနေအထားကြောင့် တစ်နှစ်တစ်နှစ်ကို လူပေါင်း ၂၅၀ လောက် ပြုတ်ကျကာအသက်ဆုံးရှုံးတတ်ရပါတယ်။ အန္တရာယ်များတဲ့လမ်းမကြီးဟာ Coroico နဲ့ La Paz ကို ဆက်ထားပေးတဲ့အတွက် ဒေသခံဖို့ မရှိမဖြစ်မို့သာ အသုံးပြုနေရတာဖြစ်ပါတယ်။



shutterstock


shutterstock
Karakoram အဝေးပြေးလမ်း

ဒီလမ်းမကြီးကတော့ ကတ္တရာခင်းထားတဲ့အဝေးပြေးလမ်းမတွေထဲ အမြင့်ဆုံးလို့တင်စားခံထားရပါတယ်။ မြေမြိုတာတွေ၊ မိုးသွးကြွေတာတွေနဲ့ ဆီးနှင်းတွေကတော့ ပတ်ဝန်းကျင်အနေအထားကြောင့် ကျလေ့ရှိပြီး တစ်ခါတစ်ရံ အဲဒီလိုရာသီဥတုမျိုးကြောင့် လမ်းမပေါ်မှာကားသွားလို့မရအောင် ပိတ်နေတတ်တာမျိုးတွေရှိတတ်ပါတယ်။ လမ်းကမြင့်နေတဲ့အတွက် သာမန်ကြည့်ရင် သိပ်မသိသာပေမယ့် တကယ်မောင်းကြည့်တဲ့အခါ စိတ်လှုပ်ရှားဖို့ကောင်းစေမှာပါ။


shutterstock
Pan-American အဝေးပြေးလမ်းမကြီး

ယာဉ်ပေါင်းများစွာသွားလာလှုပ်ရှားနေတဲ့ လမ်းမကြီးတွေထဲ အရှည်ဆုံးလမ်းမကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အလက်စကာနဲ့ တောင်အမေရိကအစွန်းနှစ်ဖက်ကို သွယ်တန်းပေးထားပြီး မိုင်ပေါင်း ၃ သောင်းကျော်လောက် ရှည်လျားပါတယ်။ မိုင် ၃ သောင်းကျော်ရှည်လျားတဲ့အတွက်ကြောင့် လမ်းမကြီးတစ်လျှောက်မှာဆိုရင် သစ်တောတွေ၊ ရေခဲမြစ်တွေ၊ တောင်တွေနဲ့ ကန္တရလေးတွေပါ ဖြတ်သန်းရတာမို့ ကားမောင်းသူအပြင် ခရီးသည်ထိုင်ခုံကလူတွေပါ စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ ခံစားရစေမှာပါ။

Credit  \\   original


Recent Updates

Recent Posts Widget