ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဒီဇိုင်းကာလာနဲ့ တွေ့ရတဲ့ ဝတ်မှုံရွှေရည်ရဲ့ အမိုက်စားပုံရိပ်များ




နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်မလေးတစ်ဦးပါ။ သူမ ကချောမောလှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေူသာချစ်စရာကောင်းရုံသာမက အနုပညာပါရမီလဲ ထူးချွန်တာမို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။



ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။



ဒီတစ်ခေါက်မှာတော့ ဝတ်မှုံရွှေရည်က POSH magazine အတွက် ရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးခဲ့ပါတယ်။

ထိုပုံတွေမှာ ဝတ်မှုံရွှေရည်ကို မြင်ဖူးနေကျမဟုတ်တဲ့ ပုံစံနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း ထိုပုံတွေကိုကြည့်ပြီး သူမကိုယ်သူမတောင် ပြန်ကြွေရတယ်လို့ ဆိုထားပါတယ်



Stylist, Designer, Make Up Artist, Photographer အစရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေ စုပေါင်းလိုက်ပြီး ဝတ်မှုံရွှေရည်ရဲ့ အလှတို့ စုပေါင်းလိုက်ရာမှာ ပုံလေးတွေက တော်တော်လေး လှနေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူမထက် ငယ်ရွယ်သူတွေ မယှဉ်နိုင်တဲ့ အလှတွေ ဂုဏ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေအတွက် အသွင်မတူတဲ့ ခံစားမှုတွေကို အမြဲတမ်း ချပြနေသူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ လှပတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb
Photo Credit: POSH magazine

Credit   \\   original


Recent Updates

Recent Posts Widget