ခ်စ္လြန္းလို႔..ခင္လြန္းလို႔ ေျပာပါရေစ…
နံပါတ္ျပားေနရာက ပရဟိတအသင္းအမည္
********************************
ခ်စ္လြန္းလို႔ေျပာပါရေစ
ခင္လြန္းလို႔ေျပာပါရေစ
တန္ဖိုးထားအားကိုးၾကရသည့္ ထူးျမတ္ေသာအရာမို႔ ေျပာျပပါရေစ
ကိုယ့္ေသြး ကိုယ့္သား ကိုယ့္ေဆြမ်ိဳး ညီိရင္းအကိုမ်ားလိုသေဘာထားတာမို႔ ေျပာပါရေစ။
ယာဥ္နံပါတ္ျပားေနရာမွာ ပရဟိတအသင္းအမည္တပ္ၿပီး ယာဥ္ကိုအသံုးျပဳတာအဆင္မေျပပါဘူး
ဘယ္သူမွမေမးရပါဘဲ ကြ်န္ေတာ္တို႔ကားဟာ
W ပါလို႔ေျပာျပေနသလိုျဖစ္သလို တစ္စံုတစ္ခု အၾကာင္းအရာတမ်ိဳးမ်ိဳး အေျခအေနတရပ္ရပ္နဲ႔ ရင္ဆိုင္ႀကံဳေတြ႔လာတဲ႔အခါ ဘာမွျပဳလုပ္လို႔မရတဲ႔အၾကပ္အတည္းတစ္ခုအတြင္း လံုးလံုးက်ေရာက္သြားႏိုင္ပါတယ္။
အမ်ိဳးမ်ိဳးေသာ အေျခအေနေတြၾကားမွာမွ
ပရဟိတဆိုတဲ႔ စကားလံုး တိုးမဝင္ႏိုင္ေတာ့တဲ႔အေျခအေနေတြလဲ ရွိေကာင္းရွိလာႏိုင္ပါတယ္
ဒါေၾကာင့္ အသင္းအမည္ကိုနံပါတ္ျပားေနရာတပ္ၿပီး အသံုးျပဳတာ အဆင္မေျပႏိုင္ပါဘူး။
ဘာေၾကာင့္ကြ်န္ေတာ္ဒီလိုရသလဲဆိုရင္
ပရဟိတလုပ္ေနတဲ႔ အသင္းအဖြဲ႔အားလံုးဟာ
ကြ်န္ေတာ့္ညီအကိုေမာင္ႏွမေတြျဖစ္ၾကၿပီး
ခ်စ္လြန္း ခင္လြန္း
တန္ဖိုးထားအားကိုးၾကရသည္မို႔
ေျပာျပျခင္းသာျဖစ္ပါတယ္။
ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ
22.6.2019
Credit ကိုေနမ်ိဳးသူရ
Unicode Version
နံပါတ်ပြားနေရာက ပရဟိတအသင်းအမည်
********************************
ချစ်လွန်းလို့ပြောပါရစေ
ခင်လွန်းလို့ပြောပါရစေ
တန်ဖိုးထားအားကိုးကြရသည့် ထူးမြတ်သောအရာမို့ ပြောပြပါရစေ
ကိုယ့်သွေး ကိုယ့်သား ကိုယ့်ဆွေမျိုး ညီရင်းအကိုများလိုသဘောထားတာမို့ ပြောပါရစေ။
ယာဉ်နံပါတ်ပြားနေရာမှာ ပရဟိတအသင်းအမည်တပ်ပြီး ယာဉ်ကိုအသုံးပြုတာအဆင်မပြေပါဘူး
ဘယ်သူမှမမေးရပါဘဲ ကျွန်တော်တို့ကားဟာ
W ပါလို့ပြောပြနေသလိုဖြစ်သလို တစ်စုံတစ်ခု အကြာင်းအရာတမျိုးမျိုး အခြေအနေတရပ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ ဘာမှပြုလုပ်လို့မရတဲ့အကြပ်အတည်းတစ်ခုအတွင်း လုံးလုံးကျရောက်သွားနိုင်ပါတယ်။
အမျိုးမျိုးသော အခြေအနေတွေကြားမှာမှ
ပရဟိတဆိုတဲ့ စကားလုံး တိုးမဝင်နိုင်တော့တဲ့အခြေအနေတွေလဲ ရှိကောင်းရှိလာနိုင်ပါတယ်
ဒါကြောင့် အသင်းအမည်ကိုနံပါတ်ပြားနေရာတပ်ပြီး အသုံးပြုတာ အဆင်မပြေနိုင်ပါဘူး။
ဘာကြောင့်ကျွန်တော်ဒီလိုရသလဲဆိုရင်
ပရဟိတလုပ်နေတဲ့ အသင်းအဖွဲ့အားလုံးဟာ
ကျွန်တော့်ညီအကိုမောင်နှမတွေဖြစ်ကြပြီး
ချစ်လွန်း ခင်လွန်း
တန်ဖိုးထားအားကိုးကြရသည်မို့
ပြောပြခြင်းသာဖြစ်ပါတယ်။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
22.6.2019
Credit ကိုနေမျိုးသူရ


