“ေဆး႐ုံသြားဖို႔ ကားေမာင္းပို႔ေပးတဲ့ သူငယ္ခ်င္းကို ေက်းဇူးတင္ေနတဲ့ ခိုင္ႏွင္းေဝ”
ညဘက္ႀကီး သမီးေလးဖ်ားေနလို႕ ေဆးရံုသြားဖို႕ ကားေမာင္းမယ့္သူ မရွိလို႕ ခိုင္ႏွင္းေဝတစ္ေယာက္ အခက္ေတြ႕ခဲ့ရပါတယ္။ ကားသမားျပန္သြားတဲ့ အခ်ိန္မွာ သမီးေလး အခုလို ျဖစ္တာေၾကာင့္ ကားေမာင္းမယ့္သူ မရွိဘဲ အခက္ေတြ႕ေနခ်ိန္မွာ သူငယ္ခ်င္းျဖစ္သူရဲ႕ ကူညီေပးမႈေၾကာင့္ အဆင္ေျပသြားခဲ့ရတယ္လို႕ သူမက ဆုိပါတယ္။
ခိုင္ႏွင္းေဝတစ္ေယာက္ ညႀကီးမိုးခ်ဳပ္ သမီးေလး အဖ်ားေတြတက္လာလို႕ ေဆးရံုသို႕ ေျပးခဲ့ရပါတယ္။ ကားသမားျပန္သြားတဲ့ အခ်ိန္မွာ သမီးေလး အခုလို ျဖစ္တာေၾကာင့္ ကားေမာင္းမယ့္သူ မရွိဘဲ အခက္ေတြ႕ေနခ်ိန္မွာ သူငယ္ခ်င္းျဖစ္သူရဲ႕ ကူညီေပးမႈေၾကာင့္ အဆင္ေျပသြားခဲ့ရတယ္လို႕ သူမက ဆုိပါတယ္။ သမီးေလး ေနမေကာင္းလို႕ ဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္း လွမ္းေျပာစဥ္ ကားသမား မရွိရင္ လိုက္ပို႕ေပးမယ္ေျပာၿပီး ခ်က္ခ်င္း ေရာက္ခ်လာခဲ့တဲ့ သူငယ္ခ်င္းကိုလည္း ေက်းဇူးတင္စကားဆိုထားပါေသးတယ္။
“ညႀကီးမိုးခ်ဳပ္ သမီးေလးအဖ်ားေတြတက္တာနဲ႔ ကိုယ္လဲေျခမကိုင္မိလက္မကိုင္မိ ေဆးရံုသြားဖို႔ ကားသမားကလဲ ျပန္သြားၿပီဆိုေတာ့ ကားငွားသြားမယ္ေပါ့ သမီးေလးစဖ်ားကတည္းက သူငယ္ခ်င္း ဂ်ိဳးဂ်ိဳး ဆီလွမ္းေမး.ေဆးခန္းသြားဖို႔ ဘိုကင္ေတြယူ ေဆးတိုက္ေပမဲ့ အဖ်ားကက်ၿပီး ျပန္တက္လာေတာ့ လန္႔ၿပီး စိုုးရိမ္စိတ္ေတြမ်ားၿပီး သူငယ္ခ်င္းကိုလွမ္းတိုင္ပင္ေတာ့ ခ်က္ခ်င္း ကားသမားမရွိရင္ လာေခၚမယ္ဆိုၿပီး ဂ်ိဳးေရာ ပိုးေရာ ညီမ ၂ ေယာက္လံုးအိမ္ကိုလာေခၚၿပီး ပါရမီကေလးေဆးရံုကိုေျပးရတာေပါ့..ဟိုေရာက္ေတာ့ တန္းဆီေစာင့္ ည ၁၂:၃၀ ေက်ာ္ ၁ နာရီေလာက္မွအိမ္ျပန္ေရာက္ၾကတယ္” ဆိုၿပီး ဇြန္လ(၁၄) ရက္ေန႕က ညက ခိုင္ႏွင္းေဝရဲ႕ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။
ေဆးခန္းသြားျပရင္း သမီးေလးကို ျမင္တဲ့သူတိုင္းက ခ်စ္ေပးၾကတဲ့အတြက္လည္း အရမ္းကို ပီတိျဖစ္ရတယ္လို႕ သူမက ဆုိပါတယ္။
“ သမီးေလးကို ကိုယ့္လိုပဲမိခင္စိတ္အျပည့္နဲ႔ သူငယ္ခ်င္း နဲ႔ ညီမေလးလိုခ်စ္ရတဲ့ ပိုးကဂ႐ုေတြစိုက္စိတ္ပူၿပီး ဆရာဝန္ကိုလဲတတြတ္တြတ္ေမးၿပီး ေသခ်ာေလးေျပာျပတာၾမင္ရေတာ့ စိတ္ထဲ ဝမ္းသာသလို ငိုလဲငိုခ်င္တယ္.. ဆရာဝန္ေတြကလဲ သမီးေလးကိုခ်စ္ၾက ျမဴၾကနဲ႔ ဆိုေတာ့ ငါ့သမီးေလးကို ငါ့အျပင္ အကုန္လံုးကခ်စ္ၾကတယ္ဆိုတဲ့ ပီတိေလး ကဘယ္လိုေျပာျပရမွန္းေတာင္မသိဘူး..သမီးေလးႀကီးလာရင္ ကံမေကာင္းလို႔မိဘအရင္းနဲ႔မေနခဲ့ရေပမဲ့ ခ်စ္တဲ့သူေတြမ်ားတာ သမီးေလးကံေကာင္းတာေပါ့ဆိုၿပီးေျပာျပရင္ သမီးေလးသိပ္ေပ်ာ္မွာပါ.” ဆိုၿပီး ဆက္ေျပာထားပါေသးတယ္။
အစစအရာရာ ဂရုစုိက္ေပးတဲ့ သူငယ္ခ်င္းမ်ိဳးစႏၵီေက်ာ္ကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာထားပါေသးတယ္။ ခိုင္ႏွင္းေဝနဲ႕ မ်ိဳးစႏၵီေက်ာ္ဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈကုိယ္စီ ရရွိထားတဲ့ အႏုပညာရွင္ႏွစ္ဦးပါ။ သူတို႕ႏွစ္ဦးဟာ တစ္ခ်ိန္တုနး္က ဗီဒီယိုေတြ ေၾကာ္ျငာေတြ ရိုက္ကူးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ပရဟိတအလုပ္ေတြ ကိုယ္ပိုင္စီးပြားေရးေတြဘက္ ဦးစားေပးလုပ္ကိုင္ျဖစ္ေနတာ ေတြ႕ရပါတယ္။
မ်ိဳးစႏၵီေက်ာ္က လက္ရွိမွာ Single Mother တစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီး အႏုပညာအလုပ္ေတြလည္း လုပ္ကိုင္ေနသလုို ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကုိုလည္း ဦးစီးၿပီး လုပ္ကိုင္ေနသူပါ။ သမီးေလးနဲ႕အတူ သာယာတဲ့ မိသားစုဘဝေလးကို ထူေထာင္ေနတာ ျဖစ္ပါတယ္။
ပရဟိတအလုပ္ေတြ၊ ကုသုိလ္ေရးေတြမွာ လက္မေႏွးတဲ့ မင္းသမီးေခ်ာေလး ခုိင္ႏွင္းေဝကေတာ့ ဆင္းရဲသားျပည္သူေတြကုိလည္း တစ္ဖက္ တစ္လမ္းက ကူညီေစာင့္ေရွာက္ တတ္သလုိ ဘုရား၊ တရားကုိလည္း မေမ့မေလွ်ာ့ ေဆာင္ရြက္တတ္သူတစ္ဦးပါ။ ဘာသာေရး၊ သာသနာေရး ေတြလည္း အဆက္မျပတ္ေဆာင္ရြက္ေလ့ရွိပါတယ္။ အဲဒီေနာက္ ထုိင္းႏုိင္ငံ ခုိလၿမိဳ႕မွာရွိတဲ့ ခိုင္ႏွင္းေဝ ပရ ဟိတအသင္းသားေတြနဲ႔ အတူတူ ပရဟိတအလုပ္ေတြနဲ႔ အတူတူမၾကာခဏ အလွဴအတန္းေတြ သြားေရာက္လုပ္ကုိင္ ေဆာင္ရြက္ေပးျဖစ္တယ္လုိ႔ သိရပါတယ္။
Credit: Duwun
Unicode Version
ညဘက်ကြီး သမီးလေးဖျားနေလို့ ဆေးရုံသွားဖို့ ကားမောင်းမယ့်သူ မရှိလို့ ခိုင်နှင်းဝေတစ်ယောက် အခက်တွေ့ခဲ့ရပါတယ်။ ကားသမားပြန်သွားတဲ့ အချိန်မှာ သမီးလေး အခုလို ဖြစ်တာကြောင့် ကားမောင်းမယ့်သူ မရှိဘဲ အခက်တွေ့နေချိန်မှာ သူငယ်ချင်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့် အဆင်ပြေသွားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။
ခိုင်နှင်းဝေတစ်ယောက် ညကြီးမိုးချုပ် သမီးလေး အဖျားတွေတက်လာလို့ ဆေးရုံသို့ ပြေးခဲ့ရပါတယ်။ ကားသမားပြန်သွားတဲ့ အချိန်မှာ သမီးလေး အခုလို ဖြစ်တာကြောင့် ကားမောင်းမယ့်သူ မရှိဘဲ အခက်တွေ့နေချိန်မှာ သူငယ်ချင်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့် အဆင်ပြေသွားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ သမီးလေး နေမကောင်းလို့ ဖုန်းဆက်ပြီး အကျိုးအကြောင်း လှမ်းပြောစဉ် ကားသမား မရှိရင် လိုက်ပို့ပေးမယ်ပြောပြီး ချက်ချင်း ရောက်ချလာခဲ့တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။
“ညကြီးမိုးချုပ် သမီးလေးအဖျားတွေတက်တာနဲ့ ကိုယ်လဲခြေမကိုင်မိလက်မကိုင်မိ ဆေးရုံသွားဖို့ ကားသမားကလဲ ပြန်သွားပြီဆိုတော့ ကားငှားသွားမယ်ပေါ့ သမီးလေးစဖျားကတည်းက သူငယ်ချင်း ဂျိုးဂျိုး ဆီလှမ်းမေး.ဆေးခန်းသွားဖို့ ဘိုကင်တွေယူ ဆေးတိုက်ပေမဲ့ အဖျားကကျပြီး ပြန်တက်လာတော့ လန့်ပြီး စိုးရိမ်စိတ်တွေများပြီး သူငယ်ချင်းကိုလှမ်းတိုင်ပင်တော့ ချက်ချင်း ကားသမားမရှိရင် လာခေါ်မယ်ဆိုပြီး ဂျိုးရော ပိုးရော ညီမ ၂ ယောက်လုံးအိမ်ကိုလာခေါ်ပြီး ပါရမီကလေးဆေးရုံကိုပြေးရတာပေါ့..ဟိုရောက်တော့ တန်းဆီစောင့် ည ၁၂:၃၀ ကျော် ၁ နာရီလောက်မှအိမ်ပြန်ရောက်ကြတယ်” ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က ညက ခိုင်နှင်းဝေရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဆေးခန်းသွားပြရင်း သမီးလေးကို မြင်တဲ့သူတိုင်းက ချစ်ပေးကြတဲ့အတွက်လည်း အရမ်းကို ပီတိဖြစ်ရတယ်လို့ သူမက ဆိုပါတယ်။
“ သမီးလေးကို ကိုယ့်လိုပဲမိခင်စိတ်အပြည့်နဲ့ သူငယ်ချင်း နဲ့ ညီမလေးလိုချစ်ရတဲ့ ပိုးကဂရုတွေစိုက်စိတ်ပူပြီး ဆရာဝန်ကိုလဲတတွတ်တွတ်မေးပြီး သေချာလေးပြောပြတာမြင်ရတော့ စိတ်ထဲ ဝမ်းသာသလို ငိုလဲငိုချင်တယ်.. ဆရာဝန်တွေကလဲ သမီးလေးကိုချစ်ကြ မြူကြနဲ့ ဆိုတော့ ငါ့သမီးလေးကို ငါ့အပြင် အကုန်လုံးကချစ်ကြတယ်ဆိုတဲ့ ပီတိလေး ကဘယ်လိုပြောပြရမှန်းတောင်မသိဘူး..သမီးလေးကြီးလာရင် ကံမကောင်းလို့မိဘအရင်းနဲ့မနေခဲ့ရပေမဲ့ ချစ်တဲ့သူတွေများတာ သမီးလေးကံကောင်းတာပေါ့ဆိုပြီးပြောပြရင် သမီးလေးသိပ်ပျော်မှာပါ.” ဆိုပြီး ဆက်ပြောထားပါသေးတယ်။
အစစအရာရာ ဂရုစိုက်ပေးတဲ့ သူငယ်ချင်းမျိုးစန္ဒီကျော်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။ ခိုင်နှင်းဝေနဲ့ မျိုးစန္ဒီကျော်ဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တစ်ချိန်တုန်းက ဗီဒီယိုတွေ ကြော်ငြာတွေ ရိုက်ကူးခဲ့ပေမယ့် လက်ရှိမှာတော့ ပရဟိတအလုပ်တွေ ကိုယ်ပိုင်စီးပွားရေးတွေဘက် ဦးစားပေးလုပ်ကိုင်ဖြစ်နေတာ တွေ့ရပါတယ်။
မျိုးစန္ဒီကျော်က လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီးပြီး လုပ်ကိုင်နေသူပါ။ သမီးလေးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာ ဖြစ်ပါတယ်။
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။
Credit: Duwun