မကြာခင္ ထုိးထားတဲ့ထီကေပါက္လုိ႔ ေဒၚလာသန္း(၄၀)ကို ဇနီးေဟာင္းကိုခြဲေပးရမယ့္ ခင္ပြန္း





အေမရိကန္ႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ ထီဆုမွာ ေဒၚလာသန္း(၈၀) ဆြတ္ခူးႏုိင္ခဲ့ၿပီး သန္းၾကြယ္သူေဌးဘဝကို ေန႔ခ်င္းညခ်င္း ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ သူေပါက္တဲ့ထီဟာ ဇနီးျဖစ္သူနဲ႔ ကြာရွင္းဖုိ႔လုပ္ေနဆဲ၊ တရားဝင္ မကြာရွင္းရေသးခင္မွာ ထုိးခဲ့တဲ့ထီျဖစ္လုိ႔-

ဇနီးေဟာင္းက သူပါ ထီဆုကို ရသင့္ရထုိက္ေၾကာင္း တရား႐ုံကို ဦးတုိက္ေလွ်ာက္ထားခဲ့ပါတယ္။ တရား႐ုံးကလည္း အမႈကို ၾကားနာခဲ့ၿပီး၊ လက္ထပ္ထိမ္းျမားစဥ္က တရားဝင္ကတိျပဳခဲ့တဲ့ မဂၤလာကတိအရေသာ္လည္းေကာင္း၊ အေမရိကန္မွာ တရားဝင္ျပ႒ာန္းထားတဲ့ လက္ထပ္ထိမ္းျမားျခင္းဆုိင္ရာ ဥပေဒအရေသာ္လည္းေကာင္း-



ထီဆုနဲ႔ပတ္သက္တဲ့ ဆုေၾကးေတြဟာ ဇနီးေဟာင္းျဖစ္သူနဲ႔လည္း သင့္ျမတ္သက္ဆုိင္ေနတယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ခင္ပြန္ေဟာင္းဟာ ၎ရရွိထားတဲ့ ဆုေၾကးေငြတစ္ဝက္ကုိ ဇနီးကို ခြဲေဝေပးရေတာ့မွာပါ။ အဆုိပါ အမ်ိဳးသားရဲ႕အမည္ကေတာ့ Anthony Zelasko ျဖစ္ၿပီး အသက္(၅၀)ႏွစ္ပါ။

Anthony ဟာ ဇနီးေဟာင္းျဖစ္တဲ့ Mary Elizabeth (၄၈)ႏွစ္နဲ႔ ကြာရွင္းထားတာ သိပ္မၾကာေသးခင္၊ ထီက ေပါက္ခဲ့တာပါ။ ဒါေၾကာင့္ တရား႐ုံးကလည္း ဥပေဒနဲ႔အညီ Marital estate (လက္ထပ္ပြားစည္းပြားဥစၥာအျဖစ္) ထီဆုကို သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

Anthony တုိ႔ မိသားစုဟာ Pontiac, Michigan မွာ ေနထုိင္ခဲ့ၾကၿပီး (၂၀၀၄)ခုႏွစ္မွာ လက္ထပ္ခဲ့တာပါ။ (၂၀၁၁)ခုႏွစ္မွာ ဇနီး Mary က ကြာရွင္းခြင့္ေတာင္းခံခဲ့ေပမယ့္ အေၾကာင္းျပခ်က္ ခုိင္လုံျခင္းမရွိလုိ႔ တရား႐ုံးက ပယ္ခ်ခဲ့ပါတယ္။ (၂၀၁၃)ခုႏွစ္မွာ တရား႐ုံးက ကြာရွင္းခြင့္ကို အတည္ျပဳခဲ့ပါတယ္။

တရားဝင္ ကြာရွင္းျခင္း မျပဳႏုိင္ေသးခင္မွာ Anthony က ထီေပါက္ခဲ့ရာ အခုလုိ ေနာက္ဆက္တြဲျပႆနာေတြ ဆက္ၿပီး ျဖစ္ေပၚခဲ့တာပါ။ အခုအခါမွာေတာ့ တရား႐ုံးအမိန္႔အရ Anthony ဟာ Mary ကုိ မျဖစ္မေန ဆုေငြေတြ ခြဲေပးရေတာ့မွာ ျဖစ္ပါတယ္။ သူ႕အေနနဲ႔ ဆန္႕က်င္ရင္လည္း ျပစ္မႈေၾကာင္းအရ အေရးယူခံရမွာပါ။

Credit  \\  original

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ထီဆုမှာ ဒေါ်လာသန်း(၈၀) ဆွတ်ခူးနိုင်ခဲ့ပြီး သန်းကြွယ်သူဌေးဘဝကို နေ့ချင်းညချင်း ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူပေါက်တဲ့ထီဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းဖို့လုပ်နေဆဲ၊ တရားဝင် မကွာရှင်းရသေးခင်မှာ ထိုးခဲ့တဲ့ထီဖြစ်လို့-

ဇနီးဟောင်းက သူပါ ထီဆုကို ရသင့်ရထိုက်ကြောင်း တရားရုံကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တရားရုံးကလည်း အမှုကို ကြားနာခဲ့ပြီး၊ လက်ထပ်ထိမ်းမြားစဉ်က တရားဝင်ကတိပြုခဲ့တဲ့ မင်္ဂလာကတိအရသော်လည်းကောင်း၊ အမေရိကန်မှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း-

ထီဆုနဲ့ပတ်သက်တဲ့ ဆုကြေးတွေဟာ ဇနီးဟောင်းဖြစ်သူနဲ့လည်း သင့်မြတ်သက်ဆိုင်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ခင်ပွန်ဟောင်းဟာ ၎င်းရရှိထားတဲ့ ဆုကြေးငွေတစ်ဝက်ကို ဇနီးကို ခွဲဝေပေးရတော့မှာပါ။ အဆိုပါ အမျိုးသားရဲ့အမည်ကတော့ Anthony Zelasko ဖြစ်ပြီး အသက်(၅၀)နှစ်ပါ။

Anthony ဟာ ဇနီးဟောင်းဖြစ်တဲ့ Mary Elizabeth (၄၈)နှစ်နဲ့ ကွာရှင်းထားတာ သိပ်မကြာသေးခင်၊ ထီက ပေါက်ခဲ့တာပါ။ ဒါကြောင့် တရားရုံးကလည်း ဥပဒေနဲ့အညီ Marital estate (လက်ထပ်ပွားစည်းပွားဥစ္စာအဖြစ်) ထီဆုကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Anthony တို့ မိသားစုဟာ Pontiac, Michigan မှာ နေထိုင်ခဲ့ကြပြီး (၂၀၀၄)ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ (၂၀၁၁)ခုနှစ်မှာ ဇနီး Mary က ကွာရှင်းခွင့်တောင်းခံခဲ့ပေမယ့် အကြောင်းပြချက် ခိုင်လုံခြင်းမရှိလို့ တရားရုံးက ပယ်ချခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာ တရားရုံးက ကွာရှင်းခွင့်ကို အတည်ပြုခဲ့ပါတယ်။

တရားဝင် ကွာရှင်းခြင်း မပြုနိုင်သေးခင်မှာ Anthony က ထီပေါက်ခဲ့ရာ အခုလို နောက်ဆက်တွဲပြဿနာတွေ ဆက်ပြီး ဖြစ်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ တရားရုံးအမိန့်အရ Anthony ဟာ Mary ကို မဖြစ်မနေ ဆုငွေတွေ ခွဲပေးရတော့မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဆန့်ကျင်ရင်လည်း ပြစ်မှုကြောင်းအရ အရေးယူခံရမှာပါ။


Credit  \\  original


Recent Updates

Recent Posts Widget