မိန်းကလေးတယောက် စိတ်ကောက်ပြီး အရမ်းရစ်တယ်ဆိုတာ သူ့ချစ်သူကို တကယ်ချစ်လို့ပါ
အမျိုးသားတွေဟာ စိတ်ကူးယဉ်ကမ္ဘာထဲ မှာပဲ နေထိုင်ကြသူတွေ ပါတဲ့
ဘာကြောင့်လဲ ဆိုတော့ သူတို့ကို ဘယ်တော့မှ ခံမပြောတဲ့ မိန်းကလေးမျိုး၊ ရန်ပြန် မဖြစ်တတ်တဲ့ မိန်းကလေးမျိုး၊ စိတ်မကောက် တတ်တဲ့ မိန်းကလေးမျိုး ကိုပဲ လိုချင်ကြလို့ ပါတဲ့။
ဆိတ်ဆိတ် နေတတ်တဲ့ မိန်းကလေးဟာ အမြဲတမ်း တစုံတခုကို ကြံစည်နေ တတ်တယ် ဆိုတာ မမေ့ပါနဲ့နော်
၁။ တကယ် ချစ်ရင် တကယ် ရစ်တယ်။
ဟုတ်ပါတယ် ။ မိန်းကလေးတွေက တကယ်ချစ်ရင် တကယ်ကို ရစ်တာပါ။ သင်တို့ကို ပြောချင်ရာ ပြောခွင့်ပေးနေပြီ ဆိုရင်တော့ သတိသာ ထားပါတော့။ သူတို့ လှည့်ထွက် သွားဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေလို့ပါ။
၂။ စိတ်မဆိုးတော့ရင် သတိထား။
သင့်ရဲ့ စိတ်ပျက်စရာ အပြုအမူတွေကို စိတ်မဆိုးတော့ရင်၊ စိတ်မကောက်တော့ ရင်လည်း သတိသာထားပါတော့။ သူမက သင်နဲ့ တခန်းရပ်ဖို့ ပြင်ဆင် ထားပြီးသား ဖြစ်နေလောက် ပါပြီ။
၃။ အမြဲတမ်း ပျော်ရတယ် ဆိုတာ မရှိပါဘူး။
ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းက ဘယ်မှာမှ မရှိပါဘူး။ သူမက အမြဲတမ်းပျော်နေ တတ်ပြီး သင့်ကိုလည်း ဘာမှအပြစ်မမြင်ဘူး ဆိုရင် ဒါပုံမှ န်မဟုတ်ပါဘူး။ သင့်ကို တကယ် မချစ်တာ ဖြစ်နိုင် ပါတယ်။
၎။ ကောင်းပြီလေ ဆိုရင် မကောင်းတော့ပါ။
ငြင်းခုန် ရန်ဖြစ်ပြီးတဲ့ အခါ ကောင်းပြီလေ လို့ သူမပြောရင် သတိသာ ထားပါတော့။ လုံးဝ မကောင်းတော့ဘူးလို့ မှတ်ယူလိုက် ပါတယ်။ မိန်းကလေးတွေရဲ့ စကားနဲ့ အမူအရာကို ပြောင်းပြန်ယူရ ပါတယ်။
တကယ်တော့ ကိုယ့်ထမင်းကိုယ် စားပြီး အားအားယားယား သူများကို လိုက်ရစ်တာ သိပ်ပင်ပန်းပါတယ်အဲ့တော့ ရစ်တတ်တဲ့ မိန်းကလေးကို ပိုချစ်ပါ။ရစ်တယ်ဆိုတာ အချစ်လွန်ပြီး ဂရုစိုက်လို့ ဖြစ်တာပါ ။အပျော်တွဲရင် အလေးအနက် မထားရင် ဂရုစိုက်မှာ မဟုတ်သလို ရစ်မှာလဲ မဟုတ်ပါဘူး ။ အဲ့တော့ ရစ်တတ်တဲ့ မိန်းကလေးကို ပိုချစ်ပါ။
လူတွေ အများကြီးထဲမှ တယောက်ထဲ ကိုပဲ ချစ်တာပါ။အာ့ကြောင့်လဲ ရစ်တာပါ။ အဲ့တော့ အရစ်ခံရခြင်းကို ဂုဏ်ယူ လိုက်ပါ။ရစ်တတ်တဲ့ ချစ်သူကို ပိုချစ်လိုက်ပါ ။
Credit:bahututaa


