အပျိုဖော်ဝင်ကာစ (၁၈) နှစ်အရွယ်က ချစ်စရာပုံရိပ်လေးတွေ မျှဝေပေးလာခဲ့တဲ့ ဖွေးဖွေး
နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာပဲ အကယ်ဒမီဆုကြီး (၃) ဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဖွေးဖွေးက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာကြောင့် ပရိသတ်တွေနဲ့ လက်လှမ်းမကွာ ရှိနေခဲ့ရတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ဖွေးဖွေးက အပျိုဖော်ဝင်ကာစ အသက် (၁၈) နှစ်အရွယ်မှ ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါတယ်။
သွက်သွက်လက်လက်နဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ ဖွေးဖွေးရဲ့ ငယ်ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေနိုင်ခဲ့တဲ့ ပုံရိပ်လေးတွေပါ။မိုမိုလေး ချစ်ပရိသတ်တွေအတွက် သွက်သွက်လက်လက်နဲ့ အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ဖွေးဖွေးရဲ့ ငယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ဖွေးဖွေးကတော့ ” When I was 18 … 😬🖤 ဖွေးဖွေး ဆယ့်ရှစ်နှစ်တုန်းက (၁၉) နှစ် မှာ အနုပညာ အလုပ်လေးတွေ စကြိုးစားဖြစ်ခဲ့ပါတယ်…” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်ပေ့စ်ကနေတစ်ဆင့် မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။အသက် (၁၉) နှစ် အရွယ်မှာကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဖွေးဖွေးကတော့ အနုပညာသက် (၁၁) နှစ်ကျော် ကြာသည့်တိုင်အောင် အောင်မြင်မှုကို ဆွတ်ခူးရရှိထားမြဲပဲ ဖြစ်ပါတယ်။ပရိသတ်တွေလဲ ဖွေးဖွေးရဲ့ အပျိုဖော်ဝင်ကာစမှ ငယ်ပုံရိပ်လေးတွေကို သဘောကျ နှစ်ခြိုက်ကြမယ်ထင်ပါတယ်။
အနုပညာလောကထဲကို မဝင်ခင်အချိန်မှ ချစ်စရာငယ်ပုံရိပ်လေးတွေကို ထုတ်ပြပေးလာခဲ့တဲ့ ဖွေးဖွေးကို ချစ်ရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ချစ်ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။Kay Kay
Ref : Phway Phway’s Facebook
Credit \\ original







