ကမၻာ့အျမင့္မားဆုံး ဗုဒၶ႐ုပ္ပြားေတာ္ႀကီး
တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္မွာ တည္ထားတဲ့ ရပ္ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ ႀကီးက ကမၻာေပၚမွာ အျမင့္မားဆုံးဗုဒၶ႐ုပ္ ပြားေတာ္ႀကီးလည္း ျဖစ္ပါတယ္။ ဉာဏ္ ေတာ္အျမင့္က ေပ ၄၂၀ ရွိၿပီး ဧရာမ ေၾကး နီအတုံးေပါင္း ၁၁၀၀ နဲ႔ တည္ထားတဲ့ ဗုဒၶ ႐ုပ္ပြားေတာ္ႀကီးလည္းျဖစ္ပါတယ္။
၆၅ ေပရွိတဲ့ ၾကာပလႅင္ေပၚမွာ တည္ထားတာ ျဖစ္ၿပီး အနီးအနားမွာတည္ရွိတဲ့ ေရပူစမ္း တစ္ခုကို အစြဲျပဳကာ စမ္းေရေက်ာင္း ေတာ္ဗုဒၶ႐ုပ္ပြားေတာ္ (Spring Temple Buddha)လို႔ ေခၚဆိုၾကတယ္လို႔လည္း သိရပါတယ္။ ႐ုပ္ပြားေတာ္တစ္ခုလုံးမွာ ေၾကးနီနဲ႔စတီးလ္ေတြကို အမ်ား ဆုံးအသုံး ျပဳထားၿပီး ေ႐ႊလည္းပါရွိတယ္ လို႔သိရပါ တယ္။ အာဖဂနစၥတန္ႏိုင္ငံမွာ ဘာမီယန္ ဗုဒၶ႐ုပ္ပြားေတာ္ေတြကို တာလီဘန္အ ၾကမ္းဖက္အဖြဲ႕က ၿဖိဳဖ်က္ပစ္ခဲ့တာကို တုံ႔ ျပန္တဲ့အေနနဲ႔ ဒီရပ္ေတာ္မူ ႐ုပ္ပြားေတာ္ ႀကီးကို တည္ထားခဲ့တာလို႔လည္း သိရပါ တယ္။
ေတာင္တန္းေတြမ်ားျပားတဲ့ ေျမ ျမင့္ေဒသျဖစ္တဲ့ ဟီနန္ျပည္နယ္မွာ တည္ ထားခဲ့ၿပီး ၂၀၀၈ ခုႏွစ္မွာ တည္ထားမႈအလုံးစုံၿပီးစီးခဲ့တယ္လို႔ သိရပါတယ္။ ကမၻာ့ အျမင့္မားဆုံး႐ုပ္တုအျဖစ္လည္း စံခ်ိန္ တင္ထားခဲ့ဖူးၿပီး ယခုႏွစ္မွာ တည္ေဆာက္ ၿပီးစီးခဲ့တဲ့ အိႏၵိယက Vallabhbhai Patel ပုံစံ Statue of Unity က အျမင့္ေပ ၅၉၇ ေပရွိလာခဲ့တာေၾကာင့္ ကမၻာ့အျမင့္မား ဆုံး႐ုပ္တုစံခ်ိန္ကို လက္လႊတ္ခဲ့ရေပမယ့္ ကမၻာမွာ ယေန႔ထိတိုင္ တည္ထားခဲ့သမၽွ ဗုဒၶ႐ုပ္ပြားေတာ္ေတြထဲမွာေတာ့ အျမင့္မား ဆုံးျဖစ္ေနဆဲလို႔သိရပါတယ္။
ဒုတိယအ ျမင့္မားဆုံးဗုဒၶ႐ုပ္ပြားေတာ္ကေတာ့ ျမန္ မာႏိုင္ငံ၊ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕က ဉာဏ္ ေတာ္အျမင့္ေပ ၃၈၁ ေပရွိတဲ့ေလးကၽြန္း စၾကာဗုဒၶ႐ုပ္ပြားေတာ္ႀကီးျဖစ္ပါတယ္။
(WK, 23.11.18) သံသာ
Credit-www.xyznews.
Unicode ျဖင့္ဖတ္ရန္
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ တည်ထားတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကြီးက ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဗုဒ္ဓရုပ် ပွားတော်ကြီးလည်း ဖြစ်ပါတယ်။ ဉာဏ် တော်အမြင့်က ပေ ၄၂၀ ရှိပြီး ဧရာမ ကြေး နီအတုံးပေါင်း ၁၁၀၀ နဲ့ တည်ထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော်ကြီးလည်းဖြစ်ပါတယ်။
၆၅ ပေရှိတဲ့ ကြာပလ္လင်ပေါ်မှာ တည်ထားတာ ဖြစ်ပြီး အနီးအနားမှာတည်ရှိတဲ့ ရေပူစမ်း တစ်ခုကို အစွဲပြုကာ စမ်းရေကျောင်း တော်ဗုဒ္ဓရုပ်ပွားတော် (Spring Temple Buddha)လို့ ခေါ်ဆိုကြတယ်လို့လည်း သိရပါတယ်။ ရုပ်ပွားတော်တစ်ခုလုံးမှာ ကြေးနီနဲ့စတီးလ်တွေကို အများ ဆုံးအသုံး ပြုထားပြီး ရွှေလည်းပါရှိတယ် လို့သိရပါ တယ်။ အာဖဂနစ္စတန်နိုင်ငံမှာ ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်တွေကို တာလီဘန်အ ကြမ်းဖက်အဖွဲ့က ဖြိုဖျက်ပစ်ခဲ့တာကို တုံ့ ပြန်တဲ့အနေနဲ့ ဒီရပ်တော်မူ ရုပ်ပွားတော် ကြီးကို တည်ထားခဲ့တာလို့လည်း သိရပါ တယ်။
တောင်တန်းတွေများပြားတဲ့ မြေ မြင့်ဒေသဖြစ်တဲ့ ဟီနန်ပြည်နယ်မှာ တည် ထားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ တည်ထားမှုအလုံးစုံပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ အမြင့်မားဆုံးရုပ်တုအဖြစ်လည်း စံချိန် တင်ထားခဲ့ဖူးပြီး ယခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့တဲ့ အိန္ဒိယက Vallabhbhai Patel ပုံစံ Statue of Unity က အမြင့်ပေ ၅၉၇ ပေရှိလာခဲ့တာကြောင့် ကမ္ဘာ့အမြင့်မား ဆုံးရုပ်တုစံချိန်ကို လက်လွှတ်ခဲ့ရပေမယ့် ကမ္ဘာမှာ ယနေ့ထိတိုင် တည်ထားခဲ့သမျှ ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာတော့ အမြင့်မား ဆုံးဖြစ်နေဆဲလို့သိရပါတယ်။
ဒုတိယအ မြင့်မားဆုံးဗုဒ္ဓရုပ်ပွားတော်ကတော့ မြန် မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဉာဏ် တော်အမြင့်ပေ ၃၈၁ ပေရှိတဲ့လေးကျွန်း စကြာဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။
(WK, 23.11.18) သံသာ







